5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၅၊ ၂၀၁၅
M-Media

tevez

– ယနေ့ညတွင် ကစားမည့် ရီးယဲလ်မက်ဒရစ်နှင့် ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်ပွဲမှာ ခက်ခဲမည်ဖြစ်ပြီး အမှားအနည်းဆုံးအသင်းက ဗိုလ်လုပွဲသို့ တက်ရောက်သွားမည်ဟု ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး ကားလို့စ် တီဗက်ဇ်က ပြောကြားလိုက်သည်။

တီဗက်ဇ်မှာ ဂျူဗင်တပ်စ်အသင်းနှင့်အတူ ယခုရာသီတွင် အကောင်းဆုံးခြေစွမ်းပြနေပြီး စီးရီးအေတွင် ဂိုး ၂၀ သွင်းပေးထားကာ ချန်ပီယံလိဂ်တွင် ၆ ဂိုး သွင်းယူပေးထားသည်။

ပူပူနွေးနွေး စီးရီးအေချန်ပီယံဖြစ်ထားသည့် ဂျူဗင်တပ်စ်မှာ ဆီမီးဖိုင်နယ် ပထမအကျော့ဖြစ်သည့် ယနေ့ညပွဲကို အိမ်ကွင်းတွင် ဧည့်ခံကစားရမည်ဖြစ်ပြီး တီဗက်ဇ်ကမူ ၎င်းတို့အသင်း ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်နေသည်။

“ဒီပွဲဟာ ခက်ခဲမယ်၊ ပွင့်လင်းမယ်၊ ပြီးတော့ ခပ်ပြင်းပြင်းကစားရမယ့် ဆီမီးဖိုင်နယ်ပါပဲ။ ရေပန်းစားတဲ့အသင်း မရှိပါဘူး။ အမှားအနည်းဆုံးအသင်းက နိုင်သွားမှာပါ။ ကျွန်တော်ကတော့ နည်းပြနဲ့ အသင်းဖော်တွေကို ယုံကြည်ပါတယ်။ သူတို့က အရေးကြီးတယ်လို့ ကျွန်တော့်ကို ခံစားရစေပါတယ်။ ဂျူဗင်တပ်စ်အသင်းနောက်ကွယ်က ကြီးမားတဲ့ လျှို့ဝှက်ချက်က အသင်းလိုက်
စိတ်ဓာတ်ပါ။ အဲဒီစိတ်ဓာတ်ကပဲ ကျွန်တော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုကို ဆောင်ကျဉ်းပေးခဲ့တာပါ” ဟု တီဗက်ဇ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဂျူဗပ်တပ်စ်မှာ ကိုပါအီတာလီယာ ဖိုင်နယ်သို့လည်း ရောက်ရှိထားပြီး အသင်း၏ အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သူ လော်ရန်တေးက မိမိတို့အသင်းမှာ ဖလားသုံးလုံး ရရှိနိုင်သည်ဟု ဆိုသည်။

“ရမယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့ မရ ရမှာလဲ။ ဒါကို ထည့်မတွက်လို့ ဘယ်ရမလဲ။ ကျွန်တော်တို့ ရီးယဲလ်ကို ဖြုတ်ပြီး ဘာလင်မှာကစားမယ့် ဖိုင်နယ်ကို ရောက်ချင်ပါတယ်။ ကျွန်တော်တို့အတွက် သူတို့က အကြီးဆုံး စိန်ခေါ်မှု ဖြစ်မှာပါ။ စကူဒက်တို (စီးရီးအေဖလား)ကို ရခဲ့တာက သိပ်ကို လှပပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အချိန်အများကြီး အောင်ပွဲခံသွားမှာ မဟုတ်ပါဘူး” ဟု
လော်ရန်တေးက ပြောကြားခဲ့သည်။

Ref: Goal

Leave a Reply