5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဘာလင်။  ။ ဂျာမန် လူမျိုး မွတ်ဆလင် ကွန်ပြူတာပညာရှင်တစ်ဦးက ဟဂ်ျခရီးစဉ်အတွင်း၌ မက္ကာမြို့တော်သို့လာရောက်ကြသော ဟဂ်ျနှင့် အွန်မ္မရာ ခရီးသည်များ လွယ်ကူစွာ လမ်းရှာဖွေနိုင်မည့် မိုဘိုင်းစမတ်ဖုန်း Application တစ်ခုကိုတီထွင်ခဲ့ပါတယ်။

ဟဂ်ျခရီးစဉ်အတွင်း လမ်းပျောက်ရှာဖွေနိုင်မည် Smart Phone Application (AMIR)

“ကျွန်တော်အစက တွေးမိတယ် အကယ်၍များ ဟဂ်ျအတွင်းမှာ လမ်းပျောက်သွားရင် အသုံးပြုလို့ရမဲ့ လမ်းပြကိရိယာမျိုးရှိရင် ကောင်းမှာပဲ” လို့ စတူးဂတ် တက္ကသိုလ်(Stuttgart University) သိပံ္ပ္ပနှင့်နည်းပညာဌာနမှ ဘွဲ့ရခဲ့သူ ဟာဘိဘူရာမန် ဒတ်စ္စတာဂရီ(Habiburrahman Dastageeri)မှ GlobalPost သတင်းဌာနကို မေလ ၂၇ ရက်နေ့ ကပြောကြားသွားပါတယ်။

မစ္စတာ ဒတ်စ္စတာဂရီဟာ ဒီလိုတီထွင်ဖို့စိတ်ကူးကို ၂၀၀၆ခုနှစ်၌ သူ၏မိသားစုနှင့်အတူ အွန်မ္မရာ ခရီးစဉ်အတွင်းမှာ စိတ်ကူးရခဲ့တာဖြစ်ပါတယ်။

သူဟာသူ၏ အွန်မ္မရာခရီးစဉ်အတွင်း၌ လမ်းပျောက်သွားခဲ့တာကြောင့် သူ၏ လူစုနှင့်ပြန်တွေ့ဖို့အတော်အခက်အခဲကြုံခဲ့ရပါတယ်။ အကယ်၍ ဟာဂျီခရီးစဉ်ဆိုလျှင် ထိုထက်ပို၍ ရှုပ်ထွေးများပြားသော အစီအစဉ်များကို လုပ်ဆောင်ရလေ့ရှိပါတယ်။
မစ္စတာ ဒတ်စ္စတာဂရီက ဆက်လက်၍ “မက္ကာမြို့မှ မီနာမြို့သို့အသွားမှာ ဟိုတယ်တွေဟာ လိုတာထက်ပိုအောင် တစ်လုံးနဲ့တစ်လုံးဆင်တူဖြစ်အောင် ဆောက်ထားတာကြောင့် တချို့ခရီးသည်တွေဆို သူတို့လူစုနဲ့ကွဲသွားပြီး သုံးရက်လောက်ကြာအောင် လမ်းပျောက်နေတတ် ကြပါတယ်။” လို့ဆိုပါတယ်။

မစ္စတာ ဒတ်စ္စတာဂရီကို မင့်ဇ(Mainz)မြို့မှာမွေးဖွားပြီး သူရဲ့မိဘများနဲ့အတူ အာဖကန်နစ္စတန်မှ ဂျာမနီသို့ ရွှေ့ပြောင်းနေထိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၂ရှိပြီဖြစ်တဲ့ မစ္စတာ ဒတ်စ္စတာဂရီဟာ မက္ကာမြို့ရောက် မွတ်ဆလင်များ လွယ်ကူအဆင်ပြေစေရန်အတွက် ဒီApplicationကိုတီထွင်ခဲ့တာဖြစ်ပါတယ်။ “အမှန်တော့ဒါဟာ ကျွန်တော် ထင်ထားသလောက်တော့ မလွယ်လှဘူးဗျ။” သူကဆက်လက်ပြီး “ကျွန်တော်တို့ မိသားစုက သေသေချာချာပြင်ဆင် ပြီးမှခရီးထွက်ကြတာပါ။ ဒါပေမဲ့ တကယ်တမ်း ဟိုရောက်သွားတော့ ကျွန်တော်တို့မသိတာတွေ မထင်မှတ်ထားတာတွေကအများကြီးပဲ။”

သူဟာသူ့ရဲ့ မဟာဝိဇ္ဇာသင်တန်းမှာ ဒီApplication မှဟဂ်ျခရီးစဉ်အတွက် prototype GPS system ကိုစတင်ရေးဆွဲခဲ့ပါတယ်။ ဒီApplicationကို “Amir”လို့နာမည်ပေးထားပြီး အချိန် (၂)နှစ်လောက်ကြာအောင်ရေးဆွဲ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ “Amir”ဆိုတာဟာ အာရပ်ဘာသာစကားမှာ “လမ်းညွန်” လို့အဓိပ္ပာယ်ရပါတယ်။

ဒီApplication အတွင်းမှာ ဟဂ်ျနဲ့အွန်မ္မရာ ခရီးစဉ်အတွက် ဝတ်ပြုမှုများကို အဆင့်ဆင့် လမ်းညွန်ချက်များ ပါဝင်မှာဖြစ်ပြီး Checklist နဲ့Tutorial များလည်း ပါဝင်မှာဖြစ်ပါတယ်။ မက္ကာမြို့အတွင်းကို ဝင်ရောက်ပြီဆိုသည်နှင့် Application ကစတင်အလုပ်လုပ်မှာဖြစ်ပါတယ်။
ဒီApplication အတွင်းမှာ ခရီးသည်များအတွက် မိမိတို့လူစုနဲ့ စုရပ်ရှိရာနေရာကို ရှာဖွေပေးမှာဖြစ်ပြီး မြို့အတွင်းရှိ ဟိုတယ်နဲ့ရွက်ဖျင် တဲများရှိရာ နေရာအတိအကျကို ညွန်ပြပေးမှာဖြစ်ပါတယ်။

“ဟဂ်ျလုပ်ကြမည့် ခရီးသည်တွေအတွက် အရေးကြီးဆုံးက ဘယ်နေရာမှာ ဘယ်အချိန်မှာ ဘယ်လိုဝတ်ပြုမှုမျိုးတွေ လုပ်ရမယ် ဆိုတာသိဖို့ပါပဲ။ “ခရီးသည်တွေက ဒီဝတ်ပြုမှုတွေဟာ နေ့စဉ်ဝတ်ပြုမှုမျိုးတွေလို မဟုတ်တဲ့အတွက် မသိကြပါဘူး။ ပြီးတော့ အိမ်မှာလည်း လေ့ကျင့်ခဲ့ကြတာမဟုတ်ကြဘူးလေ။”

The app helps pilgrims find the exact pilgrimage sites as well as how to get back to their tent or hotel room, and other meeting points

ဘာသာရေးအရလည်း လိုက်လျှောညီထွေမှုရှိခြင်း ဂျာမနီနိုင်ငံသား မွတ်ဆလင် ပညာရှင်ဖြစ်သူ မစ္စတာ ဒတ်စ္စတာဂရီဟာ ဒီApplication နဲ့ပတ်သက်၍ Australia နိုင်ငံအခြေဆိုက် မွတ်ဆလင် စာသင်ကျောင်းမှ Abu Muneer Ismail Davids နဲ့လည်းတွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။ Abu Muneer ဟာ ဟဂ်ျခရီးစဉ်များနဲ့ပတ်သက်လို့စာအုပ်များစွာ ရေးသားဖူး သူဖြစ်ပါတယ်။
“အရေးကြီးတာက ဘာသာရေးအရကော နည်းပညာပိုင်းအရပါ အမှားအယွင်းအဖြစ်ခံလို့မဖြစ်ပါဘူး။” လို့ မစ္စတာ ဒတ်စ္စတာဂရီကဆိုပါတယ်။ iphone ဖြင့် အသုံးပြု၍ရတဲ့ ဒီApplication ဟာ တူရကီ၊ အင်္ဂလန်၊ အာရပ် နဲ့ ဂျာမနီနိုင်ငံများမှာ တွင်ကျယ်စွာ ရောင်းချနေပြီဖြစ်ကာ အခြားဘာသာစကားများ သို့လည်း ဘာသာပြန်နိုင်ဖို့စီစဉ်နေပြီဖြစ်ပါတယ်။ထို့အပြင် Android version ဖုန်းများနှင့်လည်း အသုံးပြု၍ရတယ်လို့ဆိုပါတယ်။

ဒီဂျာမနီလူမျိုး လူငယ်ပညာရှင်ဟာ ဆော်ဒီနိုင်ငံသို့လည်းသွားရောက်ခဲ့ပြီး Baden-Württember ပြည်နယ်ရှိ ဘဏ္ဍာရေးဝန်ကြီးကိုယ်စားလည်နှင့်တွေ့ ဆုံကာ ဒီApplicatioinကို ဟဂ်ျအကျိုးဆောင် အဖွဲ့အစည်းများအနေနဲ့ ထိရောက်စွာအသုံးချနိုင်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ မစ္စတာ ဒတ်စ္စတာဂရီအနေဖြင့် မိမိတတ်သိထားသော ပညာရပ်ကို ဘာသာရေးအတွက် အကျိုးရှိစွာ အသုံးချနိုင်ခြင်းဟာ သူ့အတွက် တွန်းအားတရပ် ဖြစ်တယ်လို့ဆိုပါတယ်။ “သိပ္ပံပညာရှင် တစ်ယောက်အနေနဲ့ ပြသနာတစ်ခုကြုံလာရင် အဖြေရှာဖို့ကြိုးစားကြည့်တာပါ။ အမှန်တော့ ဒီဟဂ်ျလုပ်တယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ကျော် ကတည်းကရှိခဲ့တာပါ။”

“ဒီလိုအခွင့်အလမ်း အသစ်တွေရှိလာခြင်းဟာ ဟဂ်ျခရီးစဉ်အတွက် ပိုမိုလွယ်ကူစေမှာပါ။ လူတွေအတွက်လည်း အခက်အခဲတွေကို ကူညီရာရောက်ပါတယ်။ ဒီ အကြောင်းအရင်းတွေကြောင့်ပဲ ကျွန်တော်ဒီအလုပ်ကို စလုပ်ဖြစ်တာပါ။”

ကမ္ဘာအရပ်ရပ်မှမွတ်ဆလင်များဟာ နှစ်စဉ်နှစ်တိုင်း ဟဂ်ျပြုရန်အတွက် မက္ကာတော်သို့လာရောက်ကြပါတယ်။

ဟဂ်ျခရီးစဉ်အတွင်းမှာ ပြုလုပ်ရတဲ့ဝတ်ပြု ဆုတောင်းမှုများဟာ အစ္စလာမ်ရဲ့ အဓိကအယူအဆနဲ့သစ္စာတရားများကို ကိုယ်စားပြုထားခြင်းဖြစ်ကာ တမန်တော် အေဘရာဟမ်နဲ့ သူ၏မိသားစုကို အထိမ်းအမှတ်အဖြစ် သတိရစေတဲ့ ဝတ်ပြုဆုတောင်းခြင်းများလည်းပါဝင်ပါတယ်။

ပိုက်ဆံငွေကျေးတတ်နိုင်သော မွတ်ဆလင်တိုင်းဟာ တစ်သက်တာတွင် တစ်ကြိမ်ဖြင့် ဟဂ်ျခရီးစဉ်သွားရောက်ကာ ဝတ်ပြုဆုတောင်းရလေ့ရှိပါတယ်။

Source: OnIslam

ဘာသာပြန်- မြသက်မွန်

 

ဟဂ်ျလမ်းပြ Application IPhone အတွက် ဝယ်ယူနိုင်သည့် WebSite

Leave a Reply