6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၇ ၊ ၂၀၁၅
M-Media
သတင်း-သူရိန်
70b111131300f63d5b318ab77bc637968b1ffd9ed94b3ae987a70fd975baa823
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် အတွင်းရှိ ကျေးရွာ အချို့တွင် နွေရာသီကာလ အတွင်း ရေပြတ် လတ်မှုများ ဖြစ်ပေါ်လျက်ရှိရာ ပဲခူးမြို့ရှိ ဘာသာပေါင်းစုံပါဝင်သော ပရဟိတ အဖွဲ့များ စုပေါင်းကာ ရေ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မေလ ၆ရက်နေ့က ပြုလုပ်ခဲ့သော ရေလှူဒါန်းမှုနှင့် ပတ်သက်၍ ကိုယ်တိုင်သွားရောက် လှူဒါန်း၍ လုပ်အားဒါနပြုခဲ့သည့် ပဲခူးမြို့ မြန်မာမွတ်စလင်မ် ပညာရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ လူငယ်တစ်ဦး က ၄င်း၏ ရေလှူဒါန်းမှု အပြုံးပီတိ စကားသံကို ယခုလိုပြောပြခဲ့ပါတယ်။

“ကျွန်တော်အရမ်းပဲပျော်တဲ့အပ်ြင်ပီတ်ီလဲဖြစ်မိပါတယ်။ဘာလို့လဲဆိုတော့သက်ကြီးဘိုးဘွားတွေကိုကျွန်တေိာုတို့လူငယ်တွေကိုယ်တိုင်ထမ်းပို့ပေးတယ်။ ပြီးတော့ပရဟိတအသင်း သုံးလေးသင်းလောက်နဲ့ပေါင်းသွားကလို့ ခါတိုင်း၁ထမ်းပဲရတဲ့ ရွာသူရွာသားတွေက ဒီနေ့မှာအကန့်သတ်မရှိရကြပါတယ်။” ဟု M-Media သို့ရှင်းပြပါတယ်။

ရေပြတ်လတ်ရာဒေသများသို့ သွားရောက် ရေဒါန ပြုခဲ့သည့် အဖွဲ့များမှာ ပဲခူးမြို့ မြန်မာမွတ်စလင်မ် ပညာရေးနှင့် ငြိမ်းချမ်းရေးကော်မတီ၊ IYCAP ပဲခူးအဖွဲ့၊ ထေရဝါဒကြယ်တံခွန် သာသနဝေယျာဝစ္စနှင့် ပရဟိတအသင်း၊ မြတ်ဒါန ပရဟိတအသင်း စသည့် ဘာသာပေါင်းစုံအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များ ပါဝင်ကြသည်။

ef8246a427102999c0cef15cac71c1eefce0bc4fab7e91216473269a386f8bcd

မြန်မာမွတ်စလင်မ်ပညာရေးနှင့်ငြိမ်းချမ်းရေးကော်မတီအနေဖြင့် ရေကား၂စီး၊ YCAP ပဲခူးမှရေ၂စီး၊ ထေရဝါဒကြယ် တံခွန် အပါအဝင် ဇာတ်မင်းသား ချစ်စွမ်းသာ စသော စေတနာရှင် အလှူရှင်တို့မှ မီးသတ်ကား၅စီး စုစုပေါင်း ရေသယ်ယာဉ် ၉စီး ပါဝင်သည်ဟုသိရသည်။

မေလ ၆ရက်နေ့တွင် ရေပြတ်လတ်ရာ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် အောင်ဘုံကြီးကျေးရွာသို့  အဆိုပါ အဖွဲ့များက သွားရောက်လှူဒါန်းခြင်းဖြစ်သလို ယမန်နေ့ကလည်း သနပ်ပင်မြို့နယ် အောင်ချမ်းသာရွာ သို့ ပဲခူးမြို့ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လူငယ်အဖွဲ့မှလည်း ရေများလှူဒါန်းဒါနပြုခဲ့ကြောင်းသိရသည်။

နှစ်စဉ် နွေရာသီရောက်သည့် အခါပူပြင်းခြောက်သွေ့သည့် မြန်မာနိုင်ငံဒေသအချို့တွင် သောက်သုံးရေနှင့် သုံးရေများ ရှားပါးမှုနှင့် ပြတ်လတ်မှု အခက်အခဲများ ကြုံတွေ့နေရပြီး စေတနာရှင်အလှူရှင်များ၏ ရေလှူဒါန်းပြုမှုများ လိုအပ်လျက်ရှိကြောင်းနှင့် ရေရှည်တွင် နိုင်ငံတော်အစိုးရမှ ဗျုဟာများချမှတ်ပြီး အဆိုပါ အခက်အခဲများကို စဉ်ဆက်မပြတ် ဖြေရှင်းပေးသင့်ကြောင်း အဆိုပါ ဒေသခံပြည်သူများမှ M-Media ကို ပြောကြားခဲ့ပါသည်။

ဓါတ်ပုံများ ကြည့်ရန်


Leave a Reply