5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၂ ရက်၊ ၂၀၁၂
source: http://www.kansascity.com/2012/07/12/3702082/un-refugee-chief-rejects-call.html

ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးက မြန်မာသမ္မတ ဦးသိန်းစိန် အကြံပြုတင်ပြသော အရှေ့တောင်အာရှနိုင်ငံများတွင် အခြေစိုက်သည့် ရိုဟင်ဂျာများကို တတိယနိုင်ငံများတွင် နေရာချထားရေး နှင့် အခြားစောင့်ရှောက်ကူညီမှုများ ပြုလုပ်ရန်ဆိုသည့်အချက်ကို ငြင်းဆန်ပယ်ချလိုက်ကြောင်း အေပီသတင်းက ဖော်ပြသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်က သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ Antonio Guterres နှင့် တွေ့ဆုံဆွေးနွေးနေစဉ်။
Photo: Myanmar President Office website

ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက ရိုဟင်ဂျာများ ပြန်လည်နေရာချထားရေး အစီအစဉ်မှာ မိမိတို့အေဂျင်စီ၏ ကိစ္စမဟုတ်ကြောင်း သတင်းထောက်များကို ပြောကြားသည်။  ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ အနောက်ပိုင်းတွင် နေထိုင်သူများဖြစ်ကြပြီး မြန်မာနိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရသူများဖြစ်ကြသည်။

သမ္မတဦးသိန်းစိန်က ရိုဟင်ဂျာပြဿနာအတွက် အဖြေမှာ ၄င်းတို့ကို အခြားနိုင်ငံတစ်နိုင်ငံသို့ ပို့ဆောင်ပစ်လိုက်ရန် သို့မဟုတ် UNHCR မှ ကူညီစောက်ရှောင့်ရန်ဖြစ်ကြောင်း ၄င်း၏ကိုယ်ပိုင် ၀က်ဘ်ဆိုဒ်တွင် ဗုဒ္ဓဟူးနေ့က မစ္စတာ အန်တိုနီယို ဂူတာရက်စ်နှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်လအတွင်း ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဘာသာဝင်ရခိုင်များနှင့် မွတ်စလင်မ်ရိုဟင်ဂျာတို့အကြား ပဋိပက္ခကြောင့် လူပေါင်းအနည်းဆုံး ၇၈ ဦးသေဆုံးရပြီး လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ရခိုင်များက ရိုဟင်ဂျာများကို နယ်စပ်ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င်ကျူးကျော်လာသူများဟု သတ်မှတ်ကြသည်။

သမ္မတဦးသိန်းစိန်ကမူ ထိုသည့်ပဋိပက္ခများအား ရည်ညွှန်း၍ မိမိတို့အစိုးရ၏ ဆယ်စုနှစ်ပေါင်းများစွာသော စစ်အုပ်ချူပ်ရေးအပြီး လုပ်ဆောင်နေသည့် ဒီမိုကရေစီနှင့် စီးပွားရေးအသွင်ပြောင်းမှုများ ကို ခြိမ်းခြောက်မှုများပင်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“UNHCR က လုပ်ပေးတဲ့ ပြန်လည်အခြေချနေထိုင်နိုင်ရေး အစီအစဉ်ဆိုတာမျိုးက တနိုင်ငံကနေ အခြားတနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက်ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးအတွက်ပဲ ကျွန်တော်တို့ ဆောင်ရွက်ပေးတာပါ။ (ဒီမြန်မာပြည်က ရိုဟင်ဂျာကိစ္စကတော့) ဒါမျိုးအခြေနဲ့ ဆက်နွယ်နေတာမဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ။” ဟု အန်တိုနီယို ဂူတာရက်စ် က ပြောကြားသည်။

ဦးသိန်းစိန်၏ အန်တိုနီယို ဂူတာရက်စ်ကို အကြံပြုရာ၌ သူ့အနေဖြင့် ရိုဟင်ဂျာဒုက္ခသည် မည်မျှရှိကြောင်း စိတ်ထဲ (မမှတ်မိ၍) ရှင်းရှင်းလင်းလင်းမသိကြောင်း ပြောဆိုခဲ့သည်။ ကုလသမဂ္ဂကမူ မြန်မာပြည်တွင် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၈ သိန်းခန့်ရှိကြောင်း ခန့်မှန်းသည်။ ထိုသည့်တွက်ချက်မှုတွင် လွန်ခဲ့သည် ရာစုနှစ်များအလျင်ကတည်းက အခြေချနေထိုင်နေသည့် ဘင်္ဂါလီအနွယ်များပါ ပါဝင်သည်။ ထို့အတူ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာပြည်သို့ ၀င်ရောက်လာခဲ့သူများကိုလည်း ထည့်သွင်းတွက်ချက်ထားသည်။

၁၉ ရာစုအတွင်းက အခြေချနေထိုင်လာခဲ့ကြသည့် ဘင်္ဂါလီများကိုပင် မြန်မာလူထုအများစုကြီးက တရားဝင်အခြေချနေထိုင်သူများအဖြစ် အသိအမှတ်မပြုကြချေ။ ထို ၁၉ ရာစုအတွင်း က မြန်မာပြည်မှာ ဗြိတိသျှတို့၏လက်အောက် ရောက်ရှိနေစဉ်ကာလဖြစ်သည်။

ဦးသိန်းစိန်က မြန်မာဥပဒေအရ၊ ၁၉၄၈ မြန်မာပြည်လွတ်လပ်ရေးမတိုင်မီ အခြေချနေထိုင်လာခဲ့သည့် ဘင်္ဂါလီများနှင့် ၄င်းတို့၏သားသမီးများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုကြောင်း အန်တိုနီယို ဂူတာရက်စ်အား ပြောကြားခဲ့သည်။ သို့သော် လွတ်လပ်ရအပြီးမှ ၀င်ရောက်လာခဲ့သူများကိုမူ တရားမ၀င်အခြေချနေထိုင်သူများအဖြစ် ဥပဒေက သတ်မှတ်ကြောင်းနှင့် နိုင်ငံတော်၏ တည်ငြိမ်မှုကိုပါး ပျက်ပြားစေဖို့ ခြိမ်းခြောက်နေသူများအဖြစ် စဉ်းစားကြောင်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။

လက်တွေ့တွင်မူ ဘင်္ဂါလီ အဆက်အနွယ်ဖြစ်သူများအနေဖြင့် မြန်မာပြည်၌ နိုင်ငံသားဖြစ်ဖို့ ခဲယဉ်းသည်။ သူတို့အား ဥပဒေပြဌာန်း၍ လှုပ်ရှားမှုများအား ထိန်းချုပ်ခြင်း၊ လက်ထပ်ခွင့်နှင့် သားသမီးယူခွင့်များကို ထိန်းချုပ်ခြင်းများ ပြုလုပ်ထားသည်။

“မိမိတိုင်းရင်းသား များကို တာဝန်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း၊” ဟု ဦးသိန်းစိန်က အန်တိုနီယို ဂူတာရက်စ်ကို ပြောကြားခဲ့ကြောင်း ဦးသိန်းစိန်၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

Leave a Reply