5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၀ ၊ ၂၀၁၅
M-Media

bangsamoro
ပြည်တွင်း ဟလာလ် လုပ်ငန်းစဉ်အား ဘန်ဆာမိုရို စီးပွားရေး၏မဏ္ဍိုင်များ အနက် အပါအ၀င် ဖြစ်လာရန် မျှော်လင့်ထားသည်ကြောင်း၊ ဘန်ကာဆာမိုရိုဒေသသည် မင်ဒါနောဒေသ၊ ဖိလစ်ပိုင်၏ ဟလာလ်လုပ်ငန်းစဉ်နှင့် အသိအမှတ်ပြုခြင်း၏ အခရာကျသည့် ဘူမိနက်သန်ဖြစ်လာနိုင်ကြောင်း ဟု အမျိုးသား စီးပွားရေးနှင့်ဖွံ့ဖြိုးရေးဋ္ဌာန – Neda က ဆိုသည်။

မင်ဒါနောတွင် ယင်းလုပ်ငန်းစဉ်ကျယ်ပြန့်ရေးအတွက် အားအကောင်းဆုံးစေ့ဆော်ချက် ရှိနေပြီး၊ ယဉ်ကျေးမှုအရလည်း မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း ဒရုစ္စလာမ်နှင့် အခြားအစ္စလာမ်နိုင်ငံတို့၏ ဟလာလ်နည်းစဉ်အခြေခံ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လျက် ရှိနေသည်။

သို့ဖြစ်၍ အရေးပါသော ဤကုန်သွယ်ရေး ချိတ်ဆက်မှုများအရ လက်ရှိဆိပ်ကမ်းများမှာ မြှင့်တင်ရေးနှင့် အရည်အသွေး တိုးမြှင့်ရေးလိုအပ်နေသဖြင့် ကုန်းလမ်း၊လေကြောင်း၊ ကုန်သွယ်လမ်းကြောင်းများကို ဖွင့်လှစ်ဖို့ လိုအပ်မည်ဖြစ်သည်။
သို့အားဖြင့် ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ဘန်ကာဆာမိုရို၏ စိုက်ပျိုးရေးကဏ္ဍစီမံချက်၌ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ အထောက်အကူပြုသွားနိုင်သည်ဟု Neda မှ မျှော်လင့်ထားသည်။

Halal products from Mindanao being displayed during the Philippine Halal Assembly held at the Marriott Hotel in Pasay City from June 3-5, 2015. Various halal stakeholders from all over the world joined the event. MindaNews photo by Ferdinandh Cabrera
ဟလာလ်လုပ်ငန်းစဉ်သည် အတိုး၊ တရားမ၀င်ရောင်းဝယ်မှု၊ ၀က်သား – အရက် -လောင်းကစား စသည့် ဟရာမ်အရာများကို တားမြစ်ထားသော အစ္စလာမ့်ဘဏ်လုပ်ငန်းနှင့်ငွေကြေးစနစ်အား ချိတ်ဆက်နိုင်ခြင်းလည်း ဒေသတွင်းတိုးတက်မှုအလားအလာအတွက် အကြောင်းတစ်ရပ်ဖြစ်နေသည်ဟု ရှင်းပြထားသည်။

Neda ၏ အထွေထွေအုပ်ချုပ်မှုဒါရိုက်တာနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သူ ရစ်ချဒ်ဘို့လ် က ဖိလစ်ပိုင်စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကမောင်းနှင်အားမှာ မနီလာထက် မင်ဒါနောပြည်နယ်က ပိုမိုလျင်မြန်စွာ ဖြစ်ထွန်နိုင်ကြောင်း၊ ၎င်း၏တောင်ပိုင်း ဘန်ဆာမိုရိုဒေသသည် အစ္စလာမ်ကမ္ဘာမှ ရင်းနှီးမြုပ်နှံမှုများကို ဖိလစ်ပိုင်အတွက် အလွယ်တကူ ဆွဲဆောင်နိုင်ကြောင်း၊ ယင်းအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ပါက အာဆီယံအရှေ့ခြမ်းဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးအမြတ်အား ဖိလစ်ပိုင်နိုင်ငံမှ
အပြည့်အ၀ရရှိခံစားသွားနိုင်မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

images1

ref: Business Mirror

Leave a Reply