5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

၂-၈-၂၀၁၅
နေ့လည် (၂း၀၉)နာရီ။
ayeyarwady_division
ရေတွေ..ရေတွေ…ပြိုကုန်ပြီ။

အထူးသတိထားပြီးကြိုတင်ဆောင်ရွက်သင့်တာတွေဆောင်ရွက်ကြပါ.

မုံရွာမှာ ယခင် အမြင့်ဆုံးရေအမှတ် ၁၀၉၉ စင်တီမီတာကိုကျော်လွန်ပြီး မနက်က (၁၁၂၀) စင်တီမီတာကိုရောက်နေပြီ။ အမြင့်ဆုံးရေအမြင့် စံချိန်သစ်တင်သွားပြီ။ စိုးရိမ်ရေအမှတ်ရဲ့အထက်(၁)ပေခွဲလောက်ကျော်နေပြီ။ အချိန်ပိုင်းလေး အတွင်းမှာပဲ (၅) စင်တီမီတာ တက်သွားပြန်ပြီ။ တာရိုးတွေ စိတ်မချရတော့လို့ အနိမ့်ပိုင်းက အိမ်တွေပြောင်းကြဖို့ လိုက်အော်နေပြီး သတိပေးနေပြီလို့သိတယ်။
.
ခက်တာက လာမယ့်တစ်ပတ်အတွင်း မုံရွာမှာရော အထက်ဖက်က ကလေးဝမှာရော မိုးတွေရွာဖို့ရှိနေသေးလေတော့ စိုးရိမ်ရေ အမှတ်ရဲ့ အထက်ရောက်နေတဲ့ ရေအမြင့်ဟာ အနည်းဆုံးနောက်ထပ် (၃)ရက်လောက်ကြာဦးမယ်လို့မိုး/ဇလက ခန့်မှန်းထားတယ်။
အရေးကြီးဆုံးအချိန်ရောက်နေပါပြီ။
.
ဟင်္သာတရဲ့ဧရာဝတီမြစ်ရေကလည်း ရုတ်တရက်ရေတွေဝင်လာလို့ရေတွေတက်လာတာ စိုးရိမ်ရေအမှတ်တရဲ့အထက် (၅)ပေကျော်လောက်ရောက်နေပြီ။ တစ်ဖက်ကမ်းက သာရဝေါ ဘူတာလည်း ရေမြုပ်နေပြီ။
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်က ရေမြုပ်မယ့် ဘေးအန္တရာယ်က မြင့်မားနေပါပြီ။
.
ဒေါက်တာထွန်းလွင်
https://www.facebook.com/tunlwin48/posts/1116924664988771

Leave a Reply