5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၀၊ ၂၀၁၅
M-Media

climate

– သဘာဝပတ်ဝန်းကျင်အား ထိခိုက်ပျက်ဆီးနေနိုင်သော ရုပ်ကြွင်းလောင်စာများ သုံးစွဲခြင်းကို ချမ်းသာသောမွတ်စလင်နိုင်ငံများအနေဖြင့် ရပ်တန့်ရန်နှင့် ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ရေး ဘာသာရေးတာဝန်တစ်ရပ်အနေဖြင့် လုပ်ဆောင်ရန် တိုက်တွန်းထားသည့် နိုင်ငံတကာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြေငြာချက်တစ်ခုကို အစ္စလာမ့် ဓမ္မပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
လှုပ်ရှားသူများက ထုတ်ပြန်လိုက်သည်ဟု သိရသည်။

တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်တွင် အင်္ဂါနေ့က ပြုလုပ်ခဲ့သော နိုင်ငံတကာ အစ္စလာမ့်မစ် ရာသီဥတုပြောင်းလဲရေးညီလာခံတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ၁.၆ ဘီလီယံရှိသော အစ္စလာမ်ဘာသာဝင်များအနေဖြင့် ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်တွန်းလှန်ရန်မှာ ဘာသာရေး တာဝန်တစ်ခုဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

“ကမ္ဘာမြေကြီးကို စောင့်ရှောက်သူတွေအဖြစ် ကျွန်တော်တို့ကို အလ္လာဟ်အရှင်မြတ်က ရွေးချယ်ထားပေမယ့်လည်း ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာပေါ်မှာ ဒီလိုပျက်ဆီးမှုတွေရဲ့ အကြောင်းအရင်း ဖြစ်နေပါတယ်။ ကမ္ဘာကြီးပေါ်က ရုပ်ကြွင်းလောင်စာတွေကို
အလွန်အကျွံ အသုံးပြုခြင်းက အလ္လာဟ်အရှင်မြတ်က ရာသီဥတုမျှတမှု၊ သန့်ရှင်းသောလေ ရှူရှိုက်ခွင့်ရမှုနဲ့ အသက်ဝင်နေတဲ့ သမုဒ္ဒရာကြီးတွေလို ကျွန်တော်တို့ကိုပေးအပ်ထားတဲ့ လက်ဆောင်တွေကို ပျက်ဆီးစေဖို့ ခြိမ်းခြောက်မှုဖြစ်နေပါတယ်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်းမရှိသည့် ချမ်းသာသောနိုင်ငံများနှင့် အင်အားကြီးနိုင်ငံများကို ပြင်းပြင်းထန်ထန်ဝေဖန်ထားပြီး၊ ထိုနိုင်ငံများအနေဖြင့် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို လျော့ချရေး ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ တာဝန်အဖြစ် အသိမှတ်ပြုရန်လည်း တိုက်တွန်းထားသည်။

သို့မှသာ ဆင်းရဲသည့်နိုင်ငံများအနေဖြင့် ကမ္ဘာပေါ်တွင် ကျန်ရှိနေသည့် အဆိုပါလောင်စာဆီများမှ အကျိုးကျေးဇူးများ ရရှိမည်ဟုလည်း ဖော်ပြထားသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့်ပတ်သက်၍လည်း ထိုကြေညာချက်တွင် ထည့်သွင်းဖော်ပြထားပြီး အဆိုပါစွမ်းအင်ကို ရာနှုန်းပြည့် အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန်လည်း လူသားအားလုံး၊ နိုင်ငံရေးသမားများ၊ ခေါင်းဆောင်များနှင့် စီးပွားရေးသမားများအားလုံးကို တိုက်တွန်းထားသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုအား တွန်းလှန်ရန် ချို့တဲ့သည့် လူ့အဖွဲ့အစည်းများကို ဘဏ္ဍာရေးထောက်ပံ့မှုများ ပေးအပ်ရန်လည်း တိုက်တွန်းခဲ့သည်။

အဆိုပါ နိုင်ငံတကာ အစ္စလာမ့်မစ် ရာသီဥတုပြောင်းလဲရေးညီလာခံသို့ ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ့်အဖွဲ့အစည်များနှင့် မွပ်သီကြီးများလည်း တက်ရောက်ခဲ့ကြသည်။

Ref: Onislam

Leave a Reply