3 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
3 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
3 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
4 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
4 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
4 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
4 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
4 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
4 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
4 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၁ ၊ ၂၀၁၅
M-Media
နှင်းဆီခင်ရေးသည်။
dont-rely-on-someone-you-cant-talk-to
တချို့ရှိတယ်။ အချင်းချင်းတွေ့လိုက်ရင်စကားလက်ဆုံကျလို့ ပြောတဲ့အခါ ရာခိုင်နှုန်းတော်တော်များများက ကိုယ့်အကြောင်း၊ ပြီးတော့ မကောင်းမြင် အတွေးတွေ အပြည့်နှင့်ပေါ့။ ဆိုပါစို့ တစ်ယောက်နှင့် တစ်ယောက်တွေ့လို့ မေးရိုးမေးစဉ်မေးနေကျအတိုင်း “နေကောင်းလား” ဆိုတာနှင့် ဖြေပြပါလိမ့်မယ် တသီကြီး။ ခေါင်းကိုက်၊ ဗိုက်နာ၊ မတ်တပ်နာက အစ ကြီးကြီးမားမား ဝေဒနာအဆုံး ရိုက်မစစ်ရဘဲ အသေးစိတ်ပြောပြပါလိမ့်မယ်။

“ကောင်းတယ်လို့ မပြောနိုင်ပါဘူး” အစချီပြီး အသက်အရွယ် ရလာတာနဲ့ အမျှ ဘာမှမကောင်းချင်တော့ဘူး။ နှလုံးသွေးတိုး၊ ဆီးချိုအပြင် ကိုယ်တွင်းကလီစာတွေ ဘာတစ်ခုမှ မကောင်းတော့တဲ့ အကြောင်း ဖွဲ့နွဲ့ပြောတတ်ကြတယ်။

ပြီးတော့ရှိသေးတယ်။ ဘယ်ရောဂါ အတွက် ဘယ်အထူးကု ဆရာဝန်ကြီး ဆရာဝန်မကြီးတွေနှင့် ပြနေရတယ်ဆိုတာရယ် ဘယ်ပုဂ္ဂလိက အထူးကုဆေးရုံတွေမှာ ဘယ်လိုသွားလာ ကုသနေရသလဲဆိုတာကိ အားပါးတရပြောပြတာမျိုးလည်း ရှိတယ်။ လူတိုင်းတော့ မဟုတ်ပါဘူး။ မလွှဲမရှောင်သာ ကုသနေရသူတွေရှိပါတယ်။ ဒါပေမယ့် တချို့ကတော့ အကဲပိုလို့ ဇာချဲ့နေတတ်တဲ့သဘော။ ဒါကသက်ကြီးပိုင်းတွေပြောလေ့ရှိတဲ့ နှုတ်ဆက် စကားဆိုပါစို့။ ဒါကလည်းအိုလာလို့ နာရတဲ့အကြောင်းတွေလို့ သဘောထားချင်သား။ ဒါပေမယ့် တချို့ လူငယ် လူလတ် လူရွယ်တွေကျပြန်တော့လည်း သူတို့ရဲ အခက်အခဲ၊ ဒုက္ခတွေကို (တစ်ခါတစ်ရံမှာဝေဒနာ) အကြောင်း ခိုညည်း ညည်းသလိုပြောတတ် ဆိုတတ်ကြသေးတယ်။ ကိုယ့်ကို လက်ခံစကားပြောနေသူ နားထောင်ချင်မှန်း၊ စိတ်ဝင်စားမှန်းမသိ စိတ်ထဲရှိသမျှ အိတ်သွန်လို့ ဖာမှောက်ပြီး ပြောချကြရော။

ကောင်းပြီ။ ကိုယ့်ရဲ့အခက်အခဲနှင့် မပြေလည်မှုတွေကို ဖွင့်ပြောသင့်ပြောထိုက်တဲ့သူ။ ကူညီဖြေရှင်းပေးနိုင်မဲ့သူ ဆိုရင်တော့ အဟုတ်သားပေါ့။ အဲဒီင်္လို မဟုတ်ခဲ့ရင်တော့ စဉ်းစားဆင်ခြင်ဖို့ လိုနေပြီလေ။

ကိုယ်ပြောသမျှ နားထောင်ပေးတဲ့လူတိုင်းလိုလိုက ကိုယ့်ကိုကိုယ် သနားစိတ်ဝင်နေသလို တစ်ထပ်တည်း ခံစားနေကြမှာပဲလို့တော့ လုံးဝမထင်နှင့်နော်။ အားနာပါးနာနှင့် နားထောင်ပေးပြီး ဝမ်းနည်းသယောင် စိတ်မကောင်းသယောင် ခဏတဖြုတ်ဖြစ်ပြီးရင်တော့ ထွက်သွားကြမှာ။ ကျန်တဲ့အပိုင်းကတော့ ကိုယ့်ဘာသာဆက်ပြီး ခံစားနေပေတော့။

ကိုယ့်ခံစားရတဲ့ အခက်အခဲ၊ သောကနှင့် ဝေဒနာစတာတွေဟာ ဘယ်သူ့မှာမှ မခံစားရဘဲ ကိုယ်ချည်း ခံစားနေရပါလားဆိုတဲ့ အတွေးမျိုးတော့မရှိသင့်ဘူး။ ဒါ့အပြင် ကိုယ့်သောတွေက သူများတကာတွေထက် ပိုဆိုးနေတယ်ဆိုတဲ့အမြင်မျိုးကို ဖယ်ရှားရမှာပါ။ တကယ်တမ်းပြောရရင် လောကကြီး တစ်ခုလုံးမှာရှိတဲ့လူတွေဟာ မိနစ်တိုင်း စက္ကန့်တိုင်းမှာ ကိုယ့်အခက်အခဲနှင့် ကိုယ်ရှိနေကြစစမြဲပါ။ ကိုယ်တစ်ယောက်တည်း ခံစားရလေခြင်းလို့တော့ မထင်ပါနှင့်။ ဝမ်းနည်းမှု၊ ဆုံးရှုံးမှုနှင့် အခက်အခဲတွေ အဆင်မပြေမှုတွေဆိုတာ လူသားတွေနှင့် ချိတ်ဆက်ထားတဲ့ အရာတွေပါလားဆိုတယကို သဘောပေါက်ထားဖို့ လိုပါတယ်။

ကိုယ်က အားတက်သရောပြောပြတာတွေကို တဖက်သားက အရေးမစိုက်သလိုလို အရေးမကြီးသလိုလို လုပ်တိုင်း အပြစ်မမြင်ပါနှင့်။ သူတို့အားလုံးမှာလည်း ကိုယ့်ကိစ္စနှင့် ကိုယ်ချည်းရှိနေကြတာမို့ စာနာစိတ်မရှိဘူးလို့ မစွပ်စွဲသင့်ပါဘူး။ အကြင်နာ၊ ဂရုဏထားတာက တစ်ပိုင်း သူတို့ရဲ့ကိုယ်ရေးကိုယ်တာ ခံစားနေရတာတွေက တစ်ပိုင်းဆိုတာ မမေ့သင့်ဘူး။

ကိုယ့်ကိုကိုယ် သနားစိတ်ပိုလွန်းသူဟာ တစ်ဦးဦးကို အားကိုးအားထားပြုချင်လာတယ်။ ဘဝမှာ ကိုယ့်ကိုဖေးမမဲ့သူ မရှိရင် မဖြစ်ဘူးလို့တွေးလာမိတဲ့ အထိ ကိုယ့်အခက်အခဲတွေချည်း ဖွင့်ပြောနေပြီး သူများတကာကို အမှီသဟဲပြုနေတာထက် သူ့အခက်အခဲတွေကို အလေးထား နားထောင်ပြီး ကူညီပေးနိုင်အောင် စဉ်းစားတာက ကိုယ့်သောကကိုပါ လျော့ပါးစေတတ်ပါတယ်။ အသေးအဖွဲ့က အစ ခပ်ကြီးကြီးအထိ သူများချည်းအားကိုးနေတာ စိတ်ပင်ပန်းလှပါတယ်။

အခက်အခဲဆိုတာ လူတစ်ယောက်ရဲ့အရည်အသွေးကို စမ်းသပ်ပြီးအမြင့်ကိုတွန်းတင်ပေးနိုင်တဲ့ တွန်းအားလို့ အမြင်ပြောင်းကြည့်လိုက်မယ်ဆိုရင်ပေါ့။ ကိုယ့်ရဲ့အခက်အခဲနှင့်ပြသာနာ စတာတွေကို ငိုင်မှိုင်တွေဝေပြီး စိတ်ညစ်နေမဲ့အစား ထွက်ပေါက်ရှာကြိုးပမ်းတာဟာ လကတွေ့ဆန်တယ်။ ကိုယ်ရောသူများ အတွက်ပါ အချိန်ပေးပြီး ထည့်စဉ်းစယးသူအတွက် သောကဖွေနေစရာ အချိန်ပိုမရှိတာကို သိလာရင်တော့ သိပ်ကိုပျော်မိမှာသေချာတယ်။

“ငါ့နှယ် ပညာတွေသင်ရတာ အလုပ်လုပ်ရတာ ပင်ပန်းလိုက်တာ နေထွက်ကနေဝင်အားချိန်ကို မရှိပါဘူး။” ဆိုတဲ့အတွေးနှင့် ကိုယ့်ကိုကိုယ် သနားစိတ်ဝင်နေသူတွေဟာ မနည်းမနောပါ။ အဲဒီလိုအချိန်ပြည့် လှုပ်ရှားသွားလာ ရုန်းကန်ခွင့်ရတာ၊ ကိုယ့်အတွက်ရော သူများအတွက်ပါ ကောင်းကျိုး တစ်ခုခုပြုနိုင်တာဟာ သဘာဝကပေးတဲ့ ကံကောင်းခြင်းလက်ဆောင်တွေလေ။ အခြေအနေ တစ်ခုခုကြောင့် အိပ်ရာထဲလဲပြီး ဘာတစ်ခုမှ လှုပ်ရှားမရနိုင်တဲ့ ဘဝကိုစာနာမိရင်ပေါ့။

ဒါကြောင့် နေလာသမျှအခက်အခဲတွေ၊ အဆင်မပြေမှုတွေကို တွေးတွေးပြီး ကိုယ့်ကိုကိုယ် သနားစိတ်ဝင်တတ်တဲ့ အကျင့်လေးရှိရင် ဖျောက်ပစ်နိုင်အောင်ကြိုးစားသင့်တယ်။ ဘဝရဲ့စိန်ခေါ်မှုတွေဟာ ကိုယ့်အတွက် လှပတဲ့အနာဂတ်တစ်ခုကို ဖန်တီးပေးနိုင်တဲ့ အရာတွေလို့ အမြင်ပြောင်းကြည့်ရအောင်။ ကဲ ဒါဆိုရင် ဘယ်တော့များမှ ပြောင်းလဲကြည့်မယ်လို့ စိတ်ကူးသံလဲ မနက်ဖြန်ဆိုတာဝေးပါသေးတယ်။ “အခု” လို့ဆိုရင် စာဖတ်သူ ဘယ်လိုသဘောရသလဲ။

နှင်းဆီခင်

Tags:

Leave a Reply