5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၄ ၊ ၂၀၁၅
M-Media
.11951273_1000485316669952_8896841551549368800_n
– တူရကီကမ်းခြေပေါ်မှာ ၃ နှစ်အရွယ် ကလေးငယ်ရဲ့ အသက်မဲ့ခန္တာကိုယ် ကမ်းပေါ်လာတင်နေတဲ့ နှလုံးသားကြေကွဲဆို့နင့်စရာ ဓာတ်ပုံက ဥရောပရဲ့ ဒုက္ခသည်ပြဿနာ ကြီးထွားနေတဲ့ အချိန် တုန်လှုပ်ခြောက်ခြားစရာ အခြေအနေကို ဖြစ်စေခဲ့ပါတယ်။
.
တူရကီရဲ့ ကမ္ဘာ့လှည်ခရီးသွား စည်ကားရာ အဓိက အပမ်းဖြေ ကမ်းခြေများထဲက တစ်ခုမှာ လှိုင်းလုံးတွေကြား ကလေးငယ် တစ်ယောက် မှောက်ခုံလဲလျောင်းနေတဲ့ ပုံရိပ်တွေဟာ အသက်တွေ အန္တရာယ်ရှိနေပြီး ဥရောပမှာ ဘ၀သစ်ရှာဖွေဖို့ သဘောထား ရှိနေတဲ့ မျှော်လင့်ချက်ပျက်သုံးသူ ထောင်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေအပေါ် လူသားထွေက ပိုပြီး အာရုံစိုက်ခဲ့ကြပါတယ်။
.
တီရှပ်အနီရောင်၊ ဘောင်းဘီ အပြာရောင်လေးဝတ်ထားပြီး အသက်မဲ့နေတဲ့ အဲဒီကလေးဟာ ဆီးရီးယားက ကာ့ဒ်လူမျိုးအများစုနေ ထိုင်ရာ ကိုဘိန်းမြို့က အသက် ၃ နှစ်အရွယ် အေလန်ကာဒီဆိုသူဖြစ်ပြီး ဂရိကိုရောက်ဖို့ လှေနဲ့ ကူးနေစဉ်မှာ လှေမှောက်လို့ သေဆုံးသွားတဲ့ အနည်းဆုံး ဆီးရီးယားပြည်သူ ၁၂ ဦးထဲက တစ်ဦးဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
.
သူရဲ့အကိုဖြစ်သူ အသက် ၅ နှစ်အရွယ် ဂါလစ်လေးရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကိုတော့ ကမ်းခြေရဲ့ အခြားတစ်ဖက်မှာ တွေ့ခဲ့ရပါတယ်။
.
“ကမ်းခြေမှာ လာတင်နေတဲ့ သေဆုံးသွားတဲ့ ဒီ ဆီးရီးယား ကလေးငယ်ရဲ့ ဆို့နင့်စရာ ဓာတ်ပုံတွေက ဒုက္ခသည်တွေ အပေါ် ဥရောပရဲ့ ဆက်ဆံမှုကို မပြောင်းလဲစေဘူးဆိုရင်၊ ဘာက ပြောင်းလဲစေမှာလဲ?” လို့ ဗြိတိန်ရဲ့ နာမည်ကြီး Independent သတင်းစာက ရေးသားဖော်ပြခဲ့ပြီးတဲ့နောက် ဥရောပတစ်လွှားက သတင်းစာတွေထဲမှာလည်း ဒီသတင်းဟာ ပလူပျံခဲ့ပါတယ်။
.
တူရကီ ကမ်းခြေစောင့် တပ်ဖွဲ့ကတော့ နိုင်ငံအတွင်းက ဘော့ဒ်ရမ် ကျွန်းဆွယ်ကနေ ဂရိက အေဂီယာကျွန်းကို သီးခြားစီ ထွက်ခွာသွားတဲ့ ဒုက္ခသည် လှေနှစ်စင်းဟာ ဗုဒ္ဓဟူးနေ့မနက် စောစောပိုင်းမှာ နစ်မြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
.
သေဆုံးသွားသူတွေထဲမှာ ကလေးငယ်လေးဦးနဲ့ အမျိုးသမီး တစ်ဦးတို့ ပါဝင်ပြီး ၁၅ ဦးကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
. SyriaSlide11-630x472
ဆောင်ရွက်ဖို့တောင်းဆို
————————-
အေလန်ကာဒီလေးရဲ့ ဒီဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ကြပြီး ပြင်းထန်တဲ့ တုန့်ပြန်မှုတွေလည်း ရှိခဲ့ပါတယ်။
.
တစ်ချို့တွေက ဒုက္ခသည်တွေကို ကူညီရေး ချက်ခြင်းဆောင်ရွက်ကြဖို့ အစိုးရတွေကို တောင်းဆိုခဲ့ကြပြီး အချို့ကတော့ ဒီပုံတွေကို လွှင့်တင်ခြင်းဟာ အခြားလူတွေကို စိတ်အနှောက်အယှက်ဖြစ်စေပြီး၊ ခံစားရစေတယ်လို့ ပြင်တင်မှုတွေလည်း ရှိခဲ့ပါတယ်။
.
Huffington Post ရဲ့ ဥရောပထုတ်မှာ “တစ်ခုခုလုပ်ပါ ဒေးဗစ်” ဆိုပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို တိုက်ရိုက် ရည်ညွှန်း ရေးသားခဲ့ပါတယ်။ ကင်မရွန်းဟာ အခြားသော ဥရောပနိုင်ငံတွေက လက်ခံတဲ့ ဒုက္ခသည် အရေအတွက်ထက် နည်းပြီး လက်ခံမယ်လို့ ပြောခဲ့သူပါ။

syrian-migrant-boy-turkey
.
ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးဆုံး ဒုက္ခသည်ရွှေ့ပြောင်းလာမှုက လူသားတန်ဖိုးအတွက် ဥရောပက အပြေးအလွှားဖြစ်နေချိန်မှာ ပြင်သစ်၊ အီတလီနဲ့ ဂျာမနီတို့က ထိပ်တန်း သံတမန်တွေဟာ ဥရောပ ၂၈ နိုင်ငံစလုံး ဒုက္ခသည်တွေကို အညီအမျှလက်ခံဖို့ သတ်မှတ်ထားတဲ့ ဥရောပသမဂ္ဂရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်စဉ်းစားဖို့ တိုက်တွန်းနေကြပါတယ်။
.
အဲဒီလို တိုက်တွန်းမှုဟာ ဂရိနိုင်ငံရဲ့ ကျွန်းမကြီးကို ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေ ထပ်မံရောက်ရှိလာချိန်မှာ ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ၀င်ရောက်လာမှုကြီးကို ဥရောပနိုင်ငံတွေက ဘယ်လို ကိုင်တွယ်မလဲဆိုတာနဲ့ ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်လာနေချိန်မှာ ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ ဂရိနိုင်ငံဟာ ဒုက္ခသည် ၁၆၀၀၀၀ လောက်ကို လက်ခံထားပါတယ်။
.
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ဒုက္ခသည် အရေအတွက်ဟာ သိသိသာသာကို တက်လာခဲ့ပြီး အဓိကအားဖြင့် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ အာဖရိကတို့ကဖြစ်ကာ ဥရောပမှာ ဘ၀သစ်တွေ စတင်ဖို့အတွက် တူရကီကနေ ဂရိကို ရေလမ်းကြောင်းကနေ ထွက်ခွာဖို့ ကြိုးစားကြသူတွေဖြစ်ပါတယ်။
.
Ref: Aljazeera
လေးမောင် တင်ဆက်သည်။

Leave a Reply