6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၅ ၊ ၂၀၁၅
M-Media
mandalay-court-case-3-sithu-lwin
ဘာသာပေါင်းစုံ ချစ်ကြည်ရေး အုပ်စု တစ်ခုဖြစ်သော သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့နှစ်ဦးသည် ၂၀၁၃ ခုနှစ် ဇွန်လတွင် လိုင်ဇာသို့သွားရောက်သောခရီးစဉ်အား အကြောင်းပြု၍ ပြီးခဲ့သည့် ဇူလိုင်လအတွင်း မတရားအသင်းဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုတို့ဖြင့် ဖမ်းဆီးခံခဲ့ရသည်။

အမှုကြားနားပြီးသောအခါ ဂဠုန်နီဆရာတော် ဦးကာဝိယက ဤလှုပ်ရှားတက်ကြွသူ မွတ်စ်လင်မ် လူငယ်နှစ်ဦးသည် လိုင်ဇာသို့ ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ်သွားရောက်ခဲ့သော ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအုပ်စုကြီး၏ အဖွဲ့ဝင်သာဖြစ်ကြောင်း ချမ်းအေးသာစံ တရားရုံးသို့ ထွက်ဆိုချက်ပေးပြီး၊ ထိုခရီးစဉ်ကာလက သူတို့နှင့်နီးစပ်မှုမရှိခဲ့သော်လည်း ၂၀၁၄ ဇူလိုင်လ မန္တလေးပဋိပက္ခပြီးနောက် ဘာသာပေါင်းစုံချစ်ကြည်ရေးလှုပ်ရှားမှု၌ သိကျွမ်းခဲ့ခြင်းဖြစ်ကြောင်း The Myanmar Times သို့ မိန့်ကြားသည်။

‘‘အစိုးရနဲ့ လက်နက်ကိုင်အုပ်စုတွေအကြား ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆရာတော်တို့ လိုင်ဇာကို သွားခဲ့ကြတယ်။ ဆရာတော်တို့အုပ်စုထဲမှာ လူ ၂၀ ကျော်ပါဝင်ပါတယ်။ ဗုဒ္ဓဘာသာဝင်ရော မွတ်စ်လင်မ်အပေါ်မှာရော ဘက်လိုက်မှု မရှိဘဲ တရားရုံးမှာ အမှန်အတိုင်းသာ ထွက်ဆိုခဲ့ပါတယ်။ အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်စလုံးကို အကြောင်းကြားပြီးနောက်မှာမှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနဲ့ ခရစ်ယာန်လက်ဝါးကပ်တိုင်တစ်ခု ပေးဖို့ အဲ့ဒီနေရာကို သွားရောက်ခဲ့ကြတာပါ’’ ဟု ဦးကာဝိယမှ ဆိုသည်။

၂၀၁၃ ဇွန်လ လိုင်ဇာ၌ရှိနေစဉ် ကိုဇော်ဇော်လတ်နှင့်မပွင့်ဖြူလတ်တို့သည် ကေအိုင်အိုအရာရှိများနှင့် ဆုံတွေ့ပြီး ကေအိုင်အေ တပ်သားအချို့နှင့် အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြသည်။ ၎င်းဖြစ်စဉ် ၂ နှစ်ကျော် ကြာပြီးနောက်မှာမှ ချမ်းအေးသာစံမြို့နယ်ကော်ဖီဆိုင် တစ်ခုအတွင်း၌ ကိုဇော်ဇော်လတ်အား  ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

လိုင်ဇာခရီးစဉ် ကေအိုင်အေအဖွဲ့ဝင်များနှင့်တွေ့စဉ်က သူသည် ရိုင်ဖယ်သေနတ်ကိုင်ပြီး ရိုက်ထားသည့် ဓာတ်ပုံများကို ဖေ့စ်ဘွတ်ပေါ်တင်ခြင်းကြောင့် အဖမ်းခံရသည်ဟုယူဆကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ဇူလိုင်လ ၁၇ ရက်တွင် မပွင့်ဖြူလတ်အား စစ်ဆေးမေးမြန်းရန် ရဲစခန်းသို့ ခေါ်ယူသည်။ တစ်ညဥ့်လုံး ထိန်းသိမ်းထားပြီး နောက်တစ်နေ့တွင်မှ ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ဇူလိုင် ၁၉ ရက်တွင် သူမထံ ရဲတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာကာ ဖမ်းခေါ်သွားပြန်သည်။ သူမကို မတရားစွပ်စွဲခဲ့ကြောင်း သူမက The Myanmar Times သို့ပြောပြသည်။

‘‘ဗဟိုအစိုးရငြိမ်းချမ်းရေး အကျိုးဆောင် ဦးအောင်မင်း ကိုယ်တိုင်က မတရားအသင်းဆိုင်ရာ ဥပဒေပုဒ် ၁၇(၁)နဲ့ ဘယ်သူ့ကိုမှ အရေးမယူစေရဘူးလို့ အာမခံချက်ပေးခဲ့တာပါ။ တကယ်လို့ တစ်စုံတစ်ယောက်ကို ဒီပုဒ်မနဲ့ ဖမ်းဆီးထိန်းသိမ်းမယ်ဆိုရင် သူလည်း ထောင်ထဲဝင်ပါမယ်လို့ ပြောခဲ့ပါတယ်’’ ။

မိမိတို့ကိုဖမ်းဆီးထားမှုသည် ၂၀၁၃ ဒီဇင်ဘာ ၃၀ ရက်နေ့ သမ္မတရုံး၏ ထုတ်ပြန်ချက်အား ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ၎င်း၌ မတရားသင်းဆက်သွယ်မှုဆိုင်ရာ အမှုများအားလုံးကို ပိတ်သိမ်းရန်နှင့် ထပ်မံ အရေးယူမှုများ မပြုလုပ်တော့ရန် တရားရေးနှင့်ရဲဋ္ဌာနများသို့ အမိန့်ပေးဖော်ပြထားကြောင်း၊ ထို့ကြောင့် ထိုစွဲချက် မခိုင်မာသဖြင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁)ဖြင့် ထပ်မံတိုးချဲ့စွဲဆိုလိုက်ခြင်းဖြစ်ကြောင်း၊ မိမိတို့သည် အိန္ဒိယသို့ တရားမ၀င် ၀င်ရောက်ခဲ့သည်ဆိုသော အထောက်အထားလည်း ရှိမနေကြောင်း၊ မိမိတို့၏ ဘာသာပေါင်းစုံချစ်ကြည်ရေး အုပ်စုမှ နောက်ထပ်လူငါးဦးမှာလည်း အဆိုပါပုဒ်မဖြင့် စွဲဆိုခံထားရကြောင်း၊ ၎င်းတို့အနက်တစ်ဦးကို ဖမ်းဆီးထားပြီး ကျန်လေးဦးမှာ ရဲတပ်ဖွဲ့မှရှာဖွေလျက်ရှိကြောင်း ကိုဇော်ဇော်လတ်မှ ပြောကြား၏။

လာမည့် အောက်တိုဘာ ၂ ရက်တွင် ဆက်လက်ကြားနာစစ်ဆေးသွားမည်ဟု သတင်းရရှိသည်။

Ref : The Myanmar Times

ဓါတ်ပုံအညွှန်း-၂၃.၉.၂၀၁၅ ရက်နေ့ သက်သေထွက်ဆိုပေးအပြီး မန္တလေးမြို့ ချမ်းအေးသာစံတရားရုံးမှ ထွက်လာသော ဂဠုန်နီဆရာတော် ဦးကာဝိယအား တွေ့ရစဉ်။ (ဓာတ်ပုံ – စည်သူလွင်၊ The Myanmar Times)

ဆက်စပ်သတင်းများ ဖတ်ရန်။

http://www.m-mediagroup.com/news/tag/zzl

Leave a Reply