4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
4 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
4 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
4 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
4 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောင်တိုဘာ ၂၁ ၊ ၂၀၁၅
M-Media
နှင်းဆီခင်ရေးသည်။
teamwork-success2
လူဆိုတာလောကအလယ်မှာ ထီးတည်းနေလို့ရတာမျိုး မဟုတ်လို့ အပေါင်းအသင်း မိတ်ဆွေဆိုတာ ရှိစမြဲပါပဲ။ ကိုယ်နှင့်သဟဇာတမျှပြီး ဆက်ဆံရေး အဆင်ပြေလွယ်ကူသူတွေရှိသလို မေးခွန်းတစ်ခွန်းဖြေတစ်ခွန်း၊ မျက်နှာမှုန်ကုပ်ကုပ်နှင့် ဆက်ဆံရေး ခက်သူတွေလည်း ရှိပြန်တယ်။ အရာခပ်သိမ်း ကိုယ့်သဘောဆန္ဒနှင့် ကိုက်ညီသူတွေချည်း ကြုံဆုံရဖို့ကတော့ အခက်သားလား။ တစ်ခါတစ်ရံမှာတော့ ကိုယ့်မိသားစုဝင်တွေကို အပထား။ ကိုယ့်စိတ်နှင့်ကိုယ့်ကိုယ်တောင်သိပ်ပြီး အဆင်မပြေချင်လှဘူး။ သူစိမ်းတစ်ရံဆိုလို့ကတော့ ဝေးလာဝေးပေါ့။

ပထမအရွယ်ငယ်တုန်းကတော့ ပညာပြီး ပညာအရယူ ရှာဖွေကြရတဲ့အခါ ကိုယ်နှင့်အဆင်မချောတဲ့အတန်းဖော်တွေကို ကြုံရတတ်တယ်။ ပုံသေတော့ မဟုတ်ပေမယ့် ယေဘုယျ အနေနှင့်ကတော့ အကျိုးလိုတဲ့အခါ တစ်ရင်းတစ်နှီး ခင်မင်ချင်ဟန်ပြပြီး လိုဘပြည့်တဲ့အခါမှာတော့ လှည့်ကြည့်ဖော်မရတဲ့ လူစားမျိုးတွေ့ကြုံရတတ်တယ်။ခက်တာက ကိုယ့်ဘာသာ တစ်ယောက်တည်း လေ့လာသင်ယူလို့ချည်း မရနိုင်ပါဘူး။ အတန်းဖော်တွေနဲ့ရောထွေး ဆက်ဆံပြီး စုပေါင်းဆောင်ရွက်ရတာမျိုးတွေက ရှောင်လွဲလို့မရအောင် ရှိနေတတ်တာကိုး။ အဲဒီအခါ မနာလိုဝန်တိုစိတ်အားကြီးသူ၊ ကိုယ့်ကို မနာလိုဝန်တိုဖြစ်နေသူဆိုသလို ရှိနေနိုင်ပါတယ်။ အတူပူးပေါင်းဆောင်ရွက်ရတဲ့ ကျောင်းတွင်းကျောင်းပြင်တာဝန်တွေ ကိစ္စရပ်တွေမှာ ကိုယ်နှင့်စရိုက်တူတာ မတူတာ အမထားဆက်ဆံရသည်ပဲပေါ့။

ကောင်းပြီ။ ပညာသင်ယူရတဲ့ကျောင်းသူကျောင်းသား ဘဝက လွတ်မြောက်လာလို့ လုပ်ငန်းခွင်ဝင်ရတဲ့အခါကျပြန်တော့လည်း ဒီလိုပါပဲ။ လူအမျိုးမျိုး စိတ်ထားအမျိုးမျိုးရှိသူတွေနှင့်ဆက်ံရပြန်ရော။ လုပ်ငန်းသဘာဝအရ ဆက်စပ်နေတာဆိုတော့ စုပေါင်းပြီးအုပ်စုဖွဲ့ဆောင်ရွက်ရတဲ့အခါ အခက်အခဲတွေ အနည်းနှင့်အများကြုံရတဲ့သဘော။ အစစအဆင်ပြေပြီးလုပ်ငန်းခွင်မှာ လုပ်ငန်းခွင်မှာပျော်မွေ့နေသူ မရှိမဟုတ် ရှိတယ်။ ဒါပေမယ့် ရှားတော့ရှားတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ စုပေါင်းဆောင်ရွက်ရတဲ့အခါ မလွှဲမရှောင်သာကြုံဆုံရတာတွေအတွက် ထွက်ပေါက်ရှာနည်းလမ်းတွေ အသုံးပြုဖို့တော့ လိုပါလိမ့်မယ်။

လူ့သဘာဝအရစရိုက်တွေရှိကြပါတယ်။ အဲဒီအထဲမှ ဖော်ရွေခင်မင်တတ်သူတွေလည်း မနည်းမနောရှိနေတတ်တယ်။ အဲဒီသူတွေမှာ မိတ်ဆွေအပေါင်းအသင်းကတော့ များမှများပေါ့။ ဒါပေမယ့် တချို့ကျပြန်တော့ ပင်ကိုယ်သဘာအရ အေးဆေးတယ်။ တစ်ယောက်တည်းအထီးကျန်နေတတ်တယ်။ အဲဒီလိုလူစားမျိုးတွေအတွက် စုပေါင်းဆောင်ရွက်တတ်ဖို့ဆိုတာ တော်တော်ခဲယဉ်းတဲ့ အလုပ်မျိုးပါ။ စုပေါင်းဆောင်ရွက်ကြရတဲ့အခါ ကိုယ့်တာဝန်ကို ပိုင်ပိုင်နိုင်နိုင် မထမ်းဆောင်ရင် ပိုဆိုးတယ်။ တကယ်တော့ မလွှဲသာမရှောင်သာ စုပေါင်းဆောင်ရွက်ရတော့မယ်ဆိုရင် တာဝန်ယူတတ်တဲ့စိတ်ထားမျိုးကို မဖြစ်မနေမွေးမြူရမှာပါ။ ဒါဟာမရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်လို့ပါပဲ။

အုပ်စုဖွဲ့ဆောင်ရွက်တယ်ဆိုတာ သူများတကာတွေရဲ့ အပြုသဘော အပျက်သဘောဆောင်တဲ့ စရိုက်တွေကို ကျင့်သားရအောင် လုပ်ယူရတာပါပဲပေါ့။ သူတို့တစ်ဦးချင်စီရဲ့ စရိုက်သဘာ၊ အကျင့်စာရိတ္တကအစ နားလည်နိုင်အောင် ကြိုးစားရတော့မှာဖြစ်တယ်။ အဲဒီအခါ ကိုယ်က ဦးဆောင်ရတော့မယ်ဆိုရင်လည်း အကောင်းဆုံးဦးဆောင်မှုပေးနိုင်အောင် ကြိုးစားရလိမ့်မယ်။

နေ့စဉ်ဘဝမှာလည်း လူတွေနှင့် ဆက်ဆံမှုကနေ ရှောင်ပြေးချင်လို့လည်း မလွတ်တာပဲနော့။ ဒီတော့ ဘာလုပ်မလဲ။ အခက်အခဲတွေ အဆင်မပြေမှုတွေ ဖြစ်လာလေ မလားလို့တွေးပြီး စိုးရိမ်နေတာထက် အကောင်းဆုံးဦးဆောင်မှုပေးနိုင်အောင် ကြိုးစားရတော့မှာဖြစ်တယ်။ အဲဒီအခါ အရာရာမှာ ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ အရည်အသွေးတွေ တိုးတက် ဖွံ့ဖြိုးလာမှာတော့ သေချာတယ်။ ကောင်းပြီ။ အုပ်စုဖွဲ့ဆောင်ရွက် ရတော့မယ်ဆိုရင် ဦးတည်ချက်ကဘာလဲဆိုတာ သိအောင်ဦးဆုံး လုပ်သင့်တယ်။ အဲဒီဦးတည်ချက်ကို ကိုယ့်ရဲ့အုပ်စုဝင်တွေသိအောင် ချပြပေးရမယ်။ ဘယ်သူ့မှာ ဘယ်လိုစရိုက်သဘာဝရှိတယ်၊ ဘယ်လိုအရည်အချင်းရှိတယ်ဆိုတာ ကိုယ်က ခွဲခြားသိမြင်ပြီး သင့်တော်သလို စီမံခန့်ခွဲရင်း တာဝန်ခွဲဝေပေးနိုင်ရမယ်။ ဒါဟာ အရေးကြီးဆုံးနှင့် အခြေခံအကျဆုံးဆောင်ရွက်မှုပါပဲ။ အုပ်စုဝင်တိုင်းဟာ လုပ်ငန်းပြီးမြောက်ဖို့ တာဝန်ရှိတယ်ဆိုတာရယ်၊ လူတိုင်းဟာ အရေးပါအရာရောက်တယ်ဆိုတာကို သူတို့အားလုံးသိပါစေ။ အလုပ်တစ်ခုကိုဆောင်ရွက်တဲ့အခါ ကိုယ်ကခေါင်းဆောင် သူတို့အားလုံးကငယ်သားဆိုတဲ့ သဘောမျိုး မပြောမဆိုမိဖို့နှင့် ခိုင်းစေတဲ့သဘောမျိုး မသက်ရောက်အောင်တော့ သတိပြုရမှာပါ။ စုပေါင်းဆောင်ရွက်ပြီး ရည်မှန်းချက်ပြည့်အောင် လုပ်ဆောင်နေတာပါဆိုတဲ့အသိကို မဖြစ်မနေအသိပေးရမယ်။

နားမလည်တာတွေ မရှင်းတာတွေ သူများ မကျွမ်းကျင်တာတွေကို ကိုယ်တိုင်ကူညီစဉ်းစားဖြေရှင်းပေးရင်း ရဲဘော်ရဲဘက် စိတ်ထားလို့ကတော့ သေချာတယ်။ အလုပ်အောင်မြင်မှာပါပဲ။ ကိုယ်တစ်ယောက်တည်း ဦးနှောက်ပူအောင် စဉ်းစားပြီး အဖြေရှာနေတာထက် အားလုံးစုပြီး ဆွေးနွေးမှု အကြိမ်ကြိမ်လုပ်တာ၊ အကြံဥာဏ်တွေ တင်ပြပြီး ဖလှယ်ယူကြတာ၊ မျှတတဲ့ ဝန်ဆောင်မှုတွေ လုပ်ကြတာဟာ စုပေါင်းဆောင်ရွက်ခြင်းအတွက် အောင်မြင်မှုရဖို့ ရာခိုင်နှုန်းတော်တော်များများ သေချာနေပါပြီ။ လူတိုင်းကိုသူတို့ရဲ့ကိုယ်ပိုင်အရည်အသွေးတွေ ထုတ်ဖော်ခွင့်ပေးတဲ့အခါ ပြောရဲဆိုရဲ ရှိလာကြမယ်။ ရင်းနှီးဖော်ရွေမှုရမယ်။ နောက်ပြီး အထီးကျန်နေတတ်တာမျိုးလည်း ရှိနိုင်မှာ မဟုတ်တော့ဘူး။

လူတိုင်းတာဝန်ကိုယ်စီယူတတ်လာတာနှင့်အမျှ သတ်မှတ်ကာလမှာ အလုပ်ပြီးမြောက်ဖို့ သေချာနေပါပြီး ဦးဆောင်ရသူမှာလည်း ဝန်ပိုပိနေတာမျိုး မရှိနိုင်တော့တာမို့ စိတ်ဖိစီးတင်းကျပ်မှုတွေလျော့ပါးသွားမှာ သေချာတယ်။ တစ်ဦးနှင့်တစ်ဦးအဆင်ပြေပြေဆက်ဆံပြီး လုပ်ငန်းအဆင်ချောဖို့ဆိုတာ နည်းနိဿယတွေ၊ စာအုပ်ကြီးအတိုင်းကူးချပြီး ဆောင်ရွက်ရတာမျိုး မဟုတ်ဘူးလေ။ ဒီတော့ ကိုယ်နှင့် ဆက်နွယ်နေသူတွေရဲ့ အရည်အသွေးကောင်းလေးတွေကိုချည်း ရွေးမြင်တတ်တဲ့အကျင့်ရှိမယ်ဆိုရင်ပေါ့။ သူစိမ်းတစ်ရံဆံနှင့်အတူ လက်တွဲပြီး ပျော်ပျော်ကြီး ဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့အကြောင်း။

နှင်းဆီခင်

Tags:

Leave a Reply