3 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
3 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
3 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
4 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၈ ၊ ၂၀၁၅
M-Media
နှင်းဆီခင် ရေးသည်။
5e162eec72506d010557b1278511d776
နှလုံးသားချင်းနီးစပ်လို့ပဲဖြစ်ဖြစ်၊ နှစ်ဖက်မိဘက စပ်ဟပ်လို့ပဲဆိုဆို တစ်မိုးအောက်မှာ အိမ်ထောင်တစ်ခုကို ထူထောင်ဖြစ်ကြသည်ပေါ့။ အမေတို့အဘွားတို့ခေတ်ကတော့ မိန်းမအများစုက အိမ်ထောင်ရက်သားကျတယ်ဆိုရင် အိမ်တွင်းမှုလုပ် သိမ်းထုတ်သေချာရင်း၊ စီးလာတဲ့ရေကို ဆည်တဲ့ကန်သင်းဖြစ်အောင် အစွမ်းကုန် တာဝန်ကျေကြရတယ်။ သနပ်ခါးခြေဆုံး ခေါင်းဆုံးလိမ်းပြီး ပွားစည်းလာသမျှ သားသမီးတွေကို ရင်အုပ်မကွာ ပြုစုစောင့်ရှောက်ကြတယ်။ ယောင်္ကျားနည်းတူ အိမ်ပြင်ထွက်ပြီး စီးပွားရှာတာ ရာထူးဌာနတွေ ပိုင်ဆိုင် ခွင့်ရပြီး ကြိုးပမ်းဆောင်ရွက်တာ မျိုးတွေ မရှိ မဟုတ်ရှိပါတယ်။ ဒါပေမယ့် အရေအတွက်က နည်းပါးတယ်လေ။

ယေဘူယျအနေနှင့်ကတော့ အမေတို့အိမ်မှာ ဗိုင်းကောင်းကျောက်ဖိနေခဲ့ကြတဲ့ မိန်းမတွေဟာ အိမ်ထောင်ကျတဲ့အခါမှာတော့ အထူးပြောဖွယ်ရာ မရှိအောင် မိန်းမပီသစွာ အချက်အပြုတ် အချုပ်အလုပ်စတာတွေကို လက်စွမ်းပြကြတယ်။ သားတစ်ဖျာ မြေးတစ်ရာရတဲ့ အထိ အိမ်ထောင့် သက်တမ်း အရှည်ကြီးကိုလျှောက်ရင်း ဘဝတစ်ခုကို ကုန်ဆုံးခဲ့ကြတယ်။ မှတ်တမ်းတင်ဖို့ စာရင်းဇယားတွေကောက်ယူတဲ့ အခါ လွယ်လွယ်ကူကူပဲဖြေလိုက်တယ် “မှီခို”။

ဟုတ်တယ်လေ။ ကိုယ်တင်မက သားသမီးတွေအားလုံး အမေအဖေနှင့် ယောက္ခမပါ မကျန်ရှာဖွေ ကျွေးမွေးတာက အိမ်ဦးနတ်ပဲဆိုတော့ သူ့ကိုမှီတွယ် ခိုကိုးပြီးနေတာမို့ မှီခိုဆိုတာ အသင့်လျော်ဆုံး ဝေါဟာရတစ်ခုပဲပေါ့။ အိမ်ထောင် ဦးစီးရှာဖွေလာသမျှကို ခွဲခြမ်းစိတ်ဖြာပြီး ဝင်ငွေနှင့်ထွက်ငွေကို သင့်တင့်မျှတအောင် စိစစ်သုံးစွဲတာက အိမ်ထောင်ရှင်မိန်းမသားတွေရဲ့တာဝန်။ အိမ်မှာလိုအပ်သမျှတွေကို ယောင်္ကျား အသိပေးရုံပဲ။ လိုငွေအတွက်တော့ သူကပိုပြီးရှာပေါ့။

ဒီကနေ့ခေတ်သမယမှာလည်း ယောင်္ကျားရှာဖွေလာသမျှကို အိမ်ရိပ်မှာနေရင်း စီမံခန့်ခွဲရုံ သက်သက်သာသာတာဝန်ရှိတဲ့ မိန်းမသားတွေ ရှိကြပါတယ်။ ဒါပေမယ့် မိန်းမအများစုကတော့ မောင်တစ်ထမ်းနှင့် လိုက်ဖက်အောင် ရွက်ရုံသာမက လက်ကပါဆွဲလို့ ရုန်းကန်နေကြရပါတယ်။ ရုန်းကန်ဆိုရှိတဲ့ သားသမီးတွေနှင့် မိသားစု အသုံးစရိတ်ကို ကာမိဖို့က ယောင်္ကျားတစ်ယောက်တည်းကိုချည်း တာဝန်ပုံပေးပြီး အားကိုးနေလို့ မဖြစ်သေးဘူးလေ။ ဒီတော့လည်း အားနွဲ့နွဲ့မိန်းမသားတွေဟာ ယုန်တစ်ကောင်လို နူးညံ့တဲ့ပင်ကို သဘာဝကို မိသားစု တွန်းအားဇောနှင့် ခြင်္သေ့လိုမာန်ဟစ်ပြီး ရုန်းကန်တာ မဆန်းပါဘူးနော်။

အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေ ဆုံဖြစ်ကြတုန်းကပေါ့။ မတွေ့တာကြာပြီဖြစ်ကြတော့ တစ်ယောက်အကြောင်း တစ်ယောက် အလုအယက်ပြောဖြစ်ကြတယ်။

အဆီအသားတိုးလို့ ဝဝဖြိုးဖြိုးရှိတဲ့ ဌေးဌေးကပြောလုတယ်။ “ငါကတော့ ဘာအလုပ်မှမလုပ်ဘူး။ မှီခိုပေါ့။ အေးဟဲ့ မှီခိုဆိုတာ နာမည်သာဆိုးတာ လူကတော့ ဘာသက်သာသလဲ မမေးနဲ့ မောင်ရေဆန်ကုန်နေပြီ၊ ဆီမရှိတော့ဘူးလို့ ပါးစပ်က ဟလိုက်ရုံနှင့် အလုပ်သမားတွေနဲ့ ပို့ခိုင်းလိုက်တဲ့ ဆန်အိတ်နဲ့ ဆီပုံးတွေ အလျှံအပယ်လေ။ တစ်နေ့တစ်နေ့စဉ်းစားနေတာက ဘယ်သွားမလဲ ဘားစားမလဲဆိုတာတွေပါပဲ။ သားနှင့်သမီးကလည်း လိုသလောက်ပံ့ပိုးပေးရုံဆိုတော့ တို့မှာတာဝန်ရယ်လို့ မယ်မယ်ရရမရှိဘူး။ ဘီဒိုထဲကပိုက်ဆံဆွဲယူပြီး ရှော့ပင်ထွက်တာက အဓိကအလုပ်ပဲဆိုပါတော့။ အင်းခုတလော နည်းနည်းဝလာလို့ ကိုယ်ကာယ အလှသင်တန်းတက်နေရတယ်။ အလှပြင်ဆိုင်ကတော့ မသွားမဖြစ်မို့ အပတ်စဉ်သွားတယ်”။ “ဒါနဲ့နင်တို့ရော ဘာတွေလုပ်နေကြလဲ ပြောပြကြပါဦး” ကုမ္မဏီတစ်ခုမှာ စာရင်းလုပ်နေတဲ့ အေးနွယ်ကပြောတယ်။ “ငါကတော့ တစ်နေ့တစ်နေ့စာရင်းဇယားတွေနဲ့ချည်း နပန်းလုံးနေရတယ်။ ဂဏန်းလေးတစ်လုံးလွဲသွားလို့ မဖြစ်ဘူး။ ဒီတော့ ကွန်ပျူတာရယ်၊ ငွေစာရင်းတွေရယ်နဲ့ မျက်စိပြူးနေတယ်လုပ်ရတာ အိမ်မက်ထဲမှာတောင် တစ်ခါ”တစ်ခါဆိုအလုပ်တွေမပြီးဘူးဖြစ်နေတယ်”။

“အေးနွယ်ရယ် နင့်အကြောင်းကြားရတာ ငါစိတ်ပင်ပန်းလိုက်တာဟယ်။ ငါကတော့လေ ငါ့ယောင်္ကျားရဲ့ စာရင်းဇယားတွေ တစ်ခုမှ မသိဘူး။ သိအောင်လည်း မလုပ်ဘူး။ ခေါင်းရှုပ်မခံချင်ဘူးဟာ”။

“ငါကတော့ တပည့်တွေရဲ့ ပညာရေးတင်မကဘူး။ သူတို့ရဲ့ လူမှုရေးကိစ္စတွေပါ ပါဝင်လုပ်ရတယ်။ နယ်မြို့လေးဆိုတော့ဟာ တပည့်တွေရော သူတို့မိဘတွေကပါ အရမ်းကိုအားကိုးကြတာ။ ငါကိုယ်တိုင်က ကူညီပေးချင်တာလည်း ပါတာပေါ့လေ။ အဲဒါကြောင့် ပင်စင်ယူတဲ့အထိ ဘယ်မှပြောင်းခွင့်မတင်တော့ဘဲ နေနေလိုက်တာ။ အင်း နှစ်တွေကြာလာတော့လည်း မြို့လေးကို သံယောဇဉ်ဖြစ်နေပြီလေ။ ငွေအနေနဲ့ မချမ်းသာပေမယ့် စိတ်ကတော့ အရမ်းချမ်းသာတယ်။ တစ်ယောက်တည်းသမား ငါ့အတွက်တော့ ခက်ရာဆွေမျိုးမို့ နေလို့ပျော်တဲ့ အရပ်ဒေသလို့ပဲ ငါယူဆထားတယ်။”

သူငယ်ချင်းအုပ်စုထဲမှာ တစ်ဦးတည်းသော အပျိုကြီးဖြစ်တဲ့ ခင်ခင်စီကအားပါးတရပြောပြတယ်။ မိဘမောင်နှမမရှိ၊ ဆွေမျိုးသားချင်းလည်း နည်းပါးတ့ ခင်ခင်စီက သူမပထမဦးဆုံးတာဝန်ကျေတဲ့ အညာဒေသကမြို့လေးမှာ အထက်တန်းပြဆရာမဘဝနှင့် နေလာလိုက်တာ နှစ်တွေမနည်းကြီးကြာရော့မယ်။ ခုလည်းသူငယ်ချင်းတွေ ပြန်ဆုံကြရအောင်ဆိုပြီး ပွဲလေးတစ်ပွဲလုပ်လို့ ရန်ကုန်ကို  (ကျောင်းပိတ်ရက်လည်း ကြုံတာမို့) အရောက်လာခဲ့တာ။

“ဒါနဲ့ပြောရဦးမယ်။ ခင်လေးရေ နင်ရေးတဲ့ ဆောင်ပါးတွေ ငါမကြာမကြာဖတ်ဖြစ်တယ်။ ငါတို့သူငယ်ချင်း အုပ်စုတွေအကြောင်း တက္ကသိုလ်ဘဝတွေကြောင်းရေးထားတာ ဖတ်ရရင် နင်တို့အားလုံးကို ငါတကယ်လွမ်းတယ်ဟာ” လို့ခင်ခင်စီက ကျွန်မကိုပြောတယ်။ ဌေးဌေးကဆက်ပြောပြန်တာက “နင့်စာတွေငါလည်း ဖတ်ရပါတယ်နော်။ အထူးသဖြင့် အပျိုစင်မှာ နင်ရေးတဲ့ အမေးအဖြေကဏ္ဍကို ငါစိတ်ဝင်စားတယ် ဒါပေမယ့် ဘက်စုံထောင့်စုံက မေးလာသမျှကို ဖြေပေးနေရတာ နင့်အစားငါဦးနှောက်ခြောက်တာဟယ်။ တကယ်ဆို နင့်အနေနဲ့ ဆောင်းပါးတွေချည်းရေးဖို့ ကောင်းသား။ နင်ဦးနှောက်မပူရဘူးပေါ့ ခင်လေးရဲ့” ဆိုတော့ ဌေးဌေးကို ကျွန်မရှင်းပြလိုက်တယ်။

“ဒီလိုရှိတယ် ဌေးဌေးရဲ့။ စာဖတ်သူတွေက အဓိကရင်ဖွင့်ကြတယ်။ ငါ့ကိုယုံကြည်အားကိုးပြီး ဖွင့်ပြောကြ တိုင်ပင်ကြတာလေ။ ဒီတော့ ငါက သူတို့မေးလာသမျှကို ရင်ထဲကခံစားပြီး ဖြေပေးမယ် အဲဒီလိုဖြေလိုက်ရင် ငါ့ရင်ထဲပေါ့သွားသလို ခံစားရတယ်။ တချို့ဆိုရင် ငါ့ဆီကို သီးသန့်ရေးတယ်။ တံဆိပ်ခေါင်းထည့်ပေးသူလည်း ရှိသလို ထည့်မပေးရင်လည်း ငါတစ်ဦးချင်းကို စာနဲ့နှစ်သိမ့်ပေးလိုက်တယ်။ အဲဒါတွေနဲ့ငါလည်း စိတ်ချမ်းသာနေတာပါပဲဟာ။ တချို့ကျပြမ်တော့ ငါ့ဆောင်းပါးတွေကို ခေါင်းစဉ် နဲ့ဖော်ပြပြီး ကျေးဇူးတင် စကား ပြောကြတယ်။ ငါသင်နေတဲ့ ပညာဒါနသင်တန်းက သင်တန်းသားတွေကလည်း တစ်ခါတစ်လေ ဆွေးနွေးကြတယ်။ သူတို့ အရမ်းခံစားရလို့ပါတဲ့”။

ဌေးဌေးကဆက်ပြောပြန်တယ်။ “ကဲ…ဒီဆရာဝန်မကြီးကလည်း ပြောပါဦး။နင့်အကြောင်းတွေ ငါတို့လည်း သိရအောင်” ကလေးအထူးကုဆရာဝန်ဖြစ်တဲ့ မသွယ်က “အေးပါ နင်တို့ပြောကြသလိုပါပဲ။ ငါ့မှာလည်း လူနာကလေးလေးတွေ ရောဂါ သက်သာသွားပြီဆိုရင် ငါပါရောပြီးပျော်ရရော။ လူကြီးတွေက သူတို့ခံစားနေရတဲ့ ရောဂါတွေကို ဖွင့်ပြောနိုင်ကြတယ်။ အထူးသဖြင့် ရင်ခွင်ပိုက်ကလေးလေးတွေကို ဘာမှမပြောတတ်ရှာဘူး။ သိပ်သနားဖို့ကောင်းတယ်။ မိဘတွေခမျာလည်း ကလေးတွေနှင့်အတူ ရောပြီး မငိုရုံတမယ်ဘဲ။ ငါ့အနေနဲ့လည်း ကလေးတွေကို အတတ်နိုင်ဆုံး ကုသပေးတယ်။ ငါ့ရဲ့ဆရာကြီး၊ ဆရာမကြီးတွေဆီက ပညာရအောသ် အမြဲ ကြိုးစားတယ်။ နားချိန်အားချိန် သိပ်မရှိပေမယ့် ငါ့ဘဝကို ငါကျေနပ်ပါတယ်ဟာ” တဲ့။

“နင်တို့အားလုံးက ခုချိန်မှာ အိမ်ထောင့်တာဝန်တစ်ဖက်၊ စီးပွားရှာရတာကတစ်ဖက်ဆိုတော့ ဘာပဲဖြစ်ဖြစ် ပင်ပန်းကြမှာပေါ့နော်။ ငါတစ်ယောက်တည်းကပဲ ဘာအလုပ်မှလုပ်စရာမလိုတဲ့ မှီခိုဖြစ်နေတာ။ အေးလေ ကုသိုလ်ကံအကျိုးပေးလို့ပဲ ထားလိုက်ပါတော့။ ကဲ စားကြသောက်ကြရအောင်ပါ။ ငါတို့ စကားဝိုင်းရပ်လိုက်ကြစို့”။ လို့ဌေးဌေးကပြောတာကြောင့် ကျွန်မတို့သူငယ်ချင်းတစ်စု ပျော်ပျော်ပါးပါး စာသောက်အပြီး လမ်းခွဲခဲ့ကြတယ်။

ကျွန်မတို့ဆုံကြပြီးနောက် တစ်လလောက်အကြာမှာတော့ ဌေးဌေးရဲ့ယောင်္ကျားကားမှောက်ပြီး ဆုံးသွားတယ်လို့ သူငယ်ချင်းတွေက ဖုန်းဆက်ပြီးပြောကြတာကြောင့် အပြေးအလွှားနျင့် သတင်းမေးသွားခဲ့ကြတယ်။ သောကရောက်နေတဲ့သူငယ်ချင်းကို ကျွန်မတို့အတတ်နိုင်ဆုံး နှစ်သိမ့်အားပေးကြတဲ့အပြင် အချိန်ရရင် ရသလို ဌေးဌေးဆီကို သူငယ်ချင်းတွေသွားခဲ့ကြတယ်။

တစ်နေ့မှာတော့ မသွယ်နှင့်ကျွန်မတို့ချိန်းပြီး ဌေးဌေးဆီကိုသွားခဲ့ကြ၏။ ကျွန်မတို့ကိုတွေ့တော့ တအားဖက်ပြီးငိုလိုက်တာ။ “ငါလေကိုမောင်ရှိနေတုန်းက သူရဲ့စီးပွားရေးလုပ်ငန်းတွေကို လုံးဝစိတ်မဝင်စားခဲ့တာငါ့ရဲ့အမှားပဲ။ ခုတော့ ဘယ်သူ့ဆီက ဘယ်လောက်ရစရာရှိသလဲဆိုတာလည်း မသိသလို သူရဲ့မန်နေဂျာပေးသမျှယူပြီး သူပြောသမျှယုံနေရတယ်။ နောက်ဆုံးတော့ ကုမ္ပဏီမှာအရှုံးပေါ်လို့ဆိုပြီး ရောင်းလိုက်ရပြီလေ။ နိုင်ငံခြားမှာ ပညာသင်နေတဲ့ သားနဲ့သမီးကိုလည်း ပြန်ခေါ် ရတော့မယ်။ ရှေ့ဆက်ပြီး ငွေပို့ဖို့မလွယ်တော့ဘူး။ ငါ့ရဲ့မိဘတွေကလည်း အသက်ကကြီးကြပြီ။ ငါ့ကိုပဲ မှီခိုနေကြရတာ။ ကိုမောင့်ဆွေမျိုးသားချင်းတွေကလည်း ဘယအကူအညီမှ မရတဲ့အပြင် ငါ့ကိုပဲ အသုံးမကျတဲ့မိန်းမဆိုပြီး အပြစ်တင်ကြတယ်။ ငါလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းကို မသိတော့ဘူး။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် နင်တို့ဘဝတွေကို ငါသနားမိတယ်။ အထင်လည်းမကြီးမိဘူး။ လိုတရတဲ့ငါ့ဘဝကိုအကျေနပ်ကြီး ကျေနပ်နေခဲ့တာလေ။ ခုတော့ မိန်းမတစ်ယောက်ရဲ့ အစွမ်းနဲ့အရည်အချင်းဆိုတာကို ငါသဘောပေါက်သွားပါပြီ။ ငါ့မှာခုတော့ သူငယ်ချင်းတွေကို အားကိုးရတော့တာပေါ့။ တော်သေးတယ် နင်တို့အားလုံး အားပေးတာရယ်၊ မသွယ်ယောင်္ကျားက သူ့လုပ်ငန်းတွေမှာ ငါ့ငွေတွေကို စနစ်ကျကျ အသုံးချပေးတာကြောင့် ဟန်မပျက်ကလေးနေနိုင်တာ။ ဒါပေမယ့် ခုမှပေါ်လာတဲ့ လုပ်ငန်း စပ်တူလုပ်သူဆိုတာတွေက ရှယ်ယာငွေတွေပြန်ထုတ်ချင်ကြပြီဆိုတော့ ခြံတွေ၊ ကားတွေရောင်းပေးလိုက် ရတယ်။ နောင်တဆိုတာ နောင်မှတရတာလေ။ တကယ်ဆို ကိုယ့်ယောင်္ကျားရဲ့လုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင် နားလည်အောင်လုပ် သင့်တာပေါ့နော်။ ခုတော့………” ဝမ်းနည်းကြေကွဲနေတဲ့ သူငယ်ချင်းကို ကျွန်မတို့ချော့မော့နှစ်သိမ့်ပေးကြရင်း……။

နှင်းဆီခင်

Tags:

Leave a Reply