5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၀၊ ၂၀၁၅
M-Media
နိုင်မြတ်ဇော်
.

အမေရိကန် ပြည်နယ်အုပ်ချုပ်ရေးမှုးအချို့ဟာ ဒုက္ခသည်တွေကို လက်မခံဖို့ပြောဆိုတဲ့အချိန်မှာ ပြင်သစ်နိုင်ငံဟာ ဆီးရီးယားဒုက္ခသည်တွေကို တံခါးဖွင့်ပြီး လှိုက်လှိုက်လှဲလှဲကြိုဆိုနေဆဲပါ။
.
ခိုလှုံရာရှာနေတဲ့ ဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့  ကျွန်တော်တို့ရဲ့ လူသားခြင်းစာနာတဲ့ဝတ္တရားဟာ ပြင်သစ်ပြည်သူတွေကို ကာကွယ်မှုနဲ့အတူ ဒုက္ခသည်တွေအပေါ် စာနာမှုဟာလည်း တပြေးတတန်းတည်း ထားပါတယ်။ (ပြင်သစ်သမ္မတ – Francois Hollande)
ပဲရစ်တိုက်ခိုက်မှုဖြစ်ပျက်ခဲ့ပေမယ့်လည်း ဆီးရီးယား ဒုက္ခသည် သုံးသောင်း လက်ခံသွားမှာဖြစ်တဲ့ အကြောင်းပြင်သစ်ကပြောပါတယ်။
.
ပြင်သစ် တာဝန်ရှိသူတွေပြောဆိုချက်အရ ယခုအချိန်ထိ သံသယရှိသူ ရှစ်ဦးဟာ ဥရောပ နိုင်ငံသားတွေဖြစ်ကြပါတယ်။
.
ကိုးယောက်မြောက် သံသယရှိသူထံမှာ ဆီးရီးယား ပတ်စ်ပို့ တွေ့ရပေမယ့် ပြင်သစ်နဲ့ ဂျာမနီနိုင်ငံက တာဝန်ရှိသူတွေက ဒီပတ်စပို့ဟာ IS တွေက ဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ အာရုံပြောင်းအောင် တမင်သက်သက် ပစ်ထားခဲ့တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။
.
တကယ်လည်း IS တွေဖြစ်စေချင်တဲ့ အတိုင်းပဲ အမေရိကန်က နိုင်ငံရေးသမားအချို့ဟာ ပြုမှုခဲ့ပါတယ်။ပြည်နယ် ၃၁ ခုက အုပ်ချုပ်ရေးမှုးတွေဟာ ဒုက္ခသည်တွေကို လက်မခံချင်ဘူးလို့ပြောဆိုခဲ့တယ်။
.
“ဘာလို့ လက်မခံချင်ရတာလဲဆိုတော့ ကျွန်တော်ကတော့ လူတိုင်းသိနားလည်တဲ့အရာလို့ပဲပြောရမှာပဲ” (မစ်ချီဂန် ပြည်နယ်အုပ်ချုပ်ရေးမှုး)
.
ဒါပေမယ့် ပြင်သစ်မှာတော့ လူတိုင်းနားလည်တဲ့အရာက တစ်မျိုးဖြစ်နေပါတယ်။ တိုက်ခိုက်မှုကို တိုက်ရိုက်ခံရတဲ့တိုင်းပြည်ကရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေက တဆင့် ISIS အကြမ်းဖက်သမားတွေ သွတ်သွင်းချင်တဲ့သဘောတရားက လူထုအချင်းချင်းကြားမှာအပြန်အလှန်အပြစ်တင်ပြီး သံသယနဲ့သွေးကွဲအောင် အဆိပ်ခပ်ချင်တာပဲ ဒီမှားယွင်းတဲ့အတွေးအခေါ်ထဲမှာ ပိတ်မိသွားအောင် ကျွန်တော်ကိုယ့်ကိုကိုယ် စိတ်အလိုမလိုက်ရဘူး။
.
အမေရိကန်အုပ်ချုပ်ရေးမှုးတွေဟာ ခုလိုပြင်သစ်ရဲ့ တုံ့ပြန်မှုကနေ သင်ယူနားလည်နိုင်ကြပါ့မလား ?

Leave a Reply