3 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
3 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
3 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
4 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၄ ၊ ၂၀၁၅
M-Media
နှင်းဆီခင်ရေးသည်။

badam copy

မြေပြင်ပေါ်မှာပေါက်နေတဲ့ သစ်ပင်ကြီးတွေက သဏ္ဍန်ခြား နားသလို သဘာဝလည်း ဆိုပါရစေ။ ဆိုပါစို့ အုန်းပင်နှင့် ဗာဒံပင် ကိုပဲကြည့်။ အုန်းပင်က အမြစ်တွေက မြေမှာ စုစုစည်းစည်း ခြေကုပ်ယူပြီး အမြင့်ကိုထိုးတက်တယ်။ အလက်တွေရှိပေမယ့် အခက်လုံးဝမထွက်ဘူး။ ရင့်ရော်နေတဲ့ အခက်တွေကိုခြွေချပြီး အပင်ထိပ်မှာပဲ အသီးတွေအလက်တွေနှင့် စုစုစည်းစည်းရှိနေတယ်။ အုန်းပင်တစ်လုံး အသုံးဝင်တယ် ဆိုတာကတော့ စိုက်ပျိုးရေး ပညာရှင်တွေရဲ့အဆိုအရ သိရသလို သက်တမ်းအနေနှင့် နှစ် (၆၀) ကျော်အထိ အသီးတွေသီးရင်း အကျိုးပြုနိုင်တယ်လို့ ဆိုတယ်။ ဗာဒံပင် ကျတော့တစ်မျိုး၊ အကိုင်းအခက်တွေဖြာပြီး ကြီးထွားမြန်တယ်။ အရွက်တွေကလည်း သိပ်သလို အသီးတွေကလည်း တစ်ပုံတစ်ပင်သီးတယ်။ သက်တမ်းရင့်လာတဲ့ အရွက်တွေက ဝါရာကနီရဲလာပြီး ကြွေကျလို့မှမကြာဘူး။ အရွက်စိမ်းတွေချက်ချင်းဆိုသလို ဝေနေရော။ အမြစ်တွေကလည်း ခိုင်ခိုင်ခံ့ခံ့ကြီး မြေမှာကုပ်တွယ်ပေးထားတယ်။ နေပြောက် မထိုးအောင် အရိပ်လည်းပေးတယ်။

ကောင်းပြီ လူတွေမှာရော လောကကြီးကို တစ်ယောက်တည်းရောက်လာတယ်။ ပညာတွေသင်၊ စီးပွားတွေရှာ ဘဝမှာ သင့်တင့်လျောက်ပတ်တဲ့ အခြေအနေ တစ်ခုနဲ့ ရှင်သန်တယ်။ ပြီးတော့ ရှာဖွေစုဆောင်းလာသမျှကို ကိုယ့်ရဲ့မျိုးဆက်လည်းမကျန်၊ ဘဝရဲ့နောက်ဆုံးအချိန်တွေထိ အထီးကျန်ကုန်ဆုံးသွားသူတွေလည်း ရှိတယ်။ တစ်ခုရှိတာက ကိုယ့်ရဲ့အဖော်အလျာ် အဖြစ် သွေးသားရင်းချာထဲကပဲဖြစ်ဖြစ် သူစိမ်းသူရံထဲကဆိုရင် ခေါ်ယူထားရင်း နေပျော်တဲ့ဘဝတစ်ခုကို ဖန်တီးရတယ်။

တချို့ကျပြန်တော့ ပညာ ဥစ္စာ ပြည့်စုံလာလို့ပဲဆိုဆို (တချို့လည်းမပြည့်စုံခင်) ဘဝလက်တွဲဖော်နှင့် နှစ်ယောက်တစ်ဘဝ ထူထောင်လိုက်ကြတယ်။ အိမ်ထောင်သက်တမ်းရှည်လာတာနှင့်အမျှ သားသမီးတွေ ပွားစည်းလာရာက မြေး၊ မြစ်တွေ ရလာသည့်တိုင် မျိုးဆက်တွေထားခဲ့ပြီးမှ လောကကြီးက စွန့်ခွာသွားကြတယ်။

အစ်မတစ်ယောက်ကပြောဖူးတယ်။ “မိန်းမတစ်ယောက်ရဲ့ဘဝမှာ တစ်ခါမှအိမ်ထောင်မပြုဘဲ အပျိုကြီးဖြစ်တာထက် သားသမီးတွေကျန်ရစ်တဲ့ မုဆိုးမဘဝက ပိုပြီးသာပါတယ်ဟာ။
အကိုင်းအခက် မထွက်ဘဲ ထီးထီးကြီးပေါက်နေတဲ့ အုန်းပင်ထက် အရိပ်လည်းပေး အကိုင်းအခက်လည်းပေးတဲ့ ဗံဒါပင်ဘဝဟာ ပိုပြီးမကောင်းပေဘူးလား။ တစ်ခုတော့ရှိတာပေါ့ အုန်းသီးရဲ့အသုံးဝင်ပုံနဲ့ တန်ဖိုးက ဗာဒံသီး၊ ဗာဒံစေ့ထက်တော့ အများကြီးသာတာပေါ့။ ဒါပေမယ့် လူတွေကို အရိပ်အာဝါသဖြစ်တာမျိုးကတော့ ကွာတယ်လေ” တဲ့။

ကျွန်မမိတ်ဆွေတစ်ဦးဖြစ်တဲ့ ဒေါ်သက်သက်တင်က အငြိမ်းစားအလယ်တန်းပြဆရာမ ဆွေမျိုးသားချင်းနည်းပါတယ်။ အပျိုကြီး၊ တူမမိသားစုနဲ့အတူနေတယ်။ တူမက ပလာဇာမှာ ဆိုင်ထွက်တယ်။ သားသမီးက သုံးယောက်၊ တူမနှင့်သူ့ယောင်္ကျားက မနက်ကထွက်သွားရင် မိုးချုပ်မှပြန်ရောက်တယ်။ သားသမီးတွေက အလုပ်သွားတဲ့သူကသွား၊ ကျောင်းသွားတဲ့ သူကသွားမို့ ဒေါ်သက်သက်တင်ကို ဂရုတစိုက်ပြုစုဖို့ သူကတော့ မရှိဘူးပေါ့။ တကယ်တော့ တူမရဲ့မိသားစုက ဒေါ်သက်သက်ပိုင် တိုက်ခန်းမှာ လာနေကြတာ။ ကျန်းမာရေးချို့ယွင်းလာတာနှင့်အမျှ အိမ်သူအိမ်သားတွေက စိတ်မရှည်ချင်ကြတော့ဘူး။

တစ်သက်လုံးစုဆောင်းလာသမျှငွေနှင့် လက်ဝတ်လက်စားတွေလည်း တူမလင်မယားက ခေါင်းစဉ် မျိုးစုံနဲ့ တောင်းလို့ ကုန်ပြီ။ နောက်ဆုံးတော့ ငြူငြူစူစူလုပ်တဲ့ကြားက ထမင်းတစ်လုပ်စားနေရတာကိုပဲ အဒေါ်လုပ်သူက ကြံဖန်ကျေးဇူး တင်နေရတယ်။ လစဉ်မှာတော့ တူမကိုပဲ ပင်စင်လစာအပ်ရတယ်။ တစ်နေ့တစ်ခြားကျန်းမာရေးအခြေအနေ မကောင်းတာမို့ ဒေါ်သက်သက်တင် အနေနှင့် စိတ်ဓာတ်ကျပြီးရင်းကျပေါ့။ ရင်းနှီးသူတွေကလည်း အလျဉ်းသင့်သလို ကူညီထောက်ပံ့ပေးကြတယ်။

တူမ မိသားစုကလည်း အဒေါ့်ကို လူအိုရုံပို့ဖို့ အားသန်နေကြတယ်။ လုပ်ဖော်ကိုင်ဖက် ဆရာမတစ်ဦးက အကြံပေးလို့ အသက်(၇၀) ဆယ်ကျော် ဂီလာနတွေချည်း (လူမျိုးဘာသာမရွေး) လက်ခံတဲ့ ဆည်းဆာရိပ်သာကို ဆက်သွယ်မိ သွားတာက ဒေါ်သက်သက်တင် အတွက် တကယ့်ကိုရွှေအခွင့်အရေးလို့ ဆိုရမှာပါ။ စေတနာ မပါတဲ့ စောင့်ရှောက်မှုအောက်မှာ နေလို စိတ်မရှိတော့တာ မို့ မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာတဲ့ အနာဂတ်ကို ဒေါ်သက်သက်တင် အားကိုးတစ်ကြီး မျှော်နေခဲ့မိတယ်။ အမှုဆောင်အဖွဲ့အစည်းအဝေးမှာ ညှိနှိုင်းပြီးတဲ့အခါမှာတော့ ဘဝတူဇရာထောင်းပြီးဖြစ်ကြတဲ့ သက်ကြီးရွယ်အိုတွေနှင့်အတူ ဘဝကို အဆုံးသတ်တဲ့အထိ ကျေကျေနပ်နပ်ကြီး နေခွင့်ရသွားမှာပါ။

နောက်တစ်ဦးက ဒေါ်လှလှခင်၊သူလည်း အပျိုကြီး ကုမ္မကီတစ်ခုမှာ မန်နေဂျာ၊ သွက်လက်ဖျတ်လစ်တယ်၊ စိတ်ရင်းကောင်းပြီး အလှူဒါန ရက်ရောတယ်။ တူ၊တူမတွေလည်း တော်တော်သံယောဇဉ်ရှိကြတယ်။ နောက်ပြီး အမတစ်ယောက်လို လိုလေသေးမရှိ ဂရိုစိုက်တာမို့ ပတ်ဝန်းကျင်ကတောင် ချီးကျူးကြရတယ်။ လွန်ခဲ့တဲ့နှစ်လလောက်တုန်းက ဒေါ်ခင်လှလှတော်တော်လေးကို ကျန်းမာရေး ယိုယွင်းလာတယ်။ အဲဒီ မတိုင်ခင်ကဆို လူမှုရေးလုပ်ငန်းတော်တော်များများမှာ တက်တက်ကြွကြွပါဝင်ခဲ့တယ်။ ရပ်ကွက်သာရေးနာရေး လူကြီးသူမကျန်းမာရေး ကူညီစောင့်ရှောက်အဖွဲ့စတာတွေမှာ အဓိကတာဝန်ကို ယူထားတာမို့ အချိန်အားမရှိသလောက်ထိပါပဲ။

ဒေါ်ခင်လှလှဘဝမှာ အထီးကျန်ခံစားရတာမျိုး မရှိသလို အေးချမ်းတဲ့ဘဝလေးကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။

လောကမှာခြွေရံတယ်ဆိုတဲ့စကား ရှိပေမယ့် ကျွန်မအတွက်တော့ ပြောင်းပြန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မနေထိုင် မကောင်းတဲ့အခါမှာ ဒါမှမဟုတ် ကျန်းမာနေတဲ့ အခါတွေမှာ ခြွေစရာမလိုဘဲ တူ၊တူမတွေက ရံထားကြပြီးသားပါ။ ရှိသေးတယ်၊ ကျွန်မပိုင်ငွေတွေကို ကျွန်မစိတ်တိုင်းကျလှူတယ်၊ တန်းတယ်။ အဲဒီအတွက် ကျွန်မဘဝမှာ တစ်ယောက်တည်းဆိုပေမယ့် ကျွန်မအပေါ်ကြင်နာယုယပြီး ဖေးဖေးမမရှိနေကြတဲ့သူတွေနှင့် နေခွင့်ရတာဟာ ကံကောင်းတာပဲပေါ့။ ဒီတော့ အပူအပင်မရှာဘဲ တစ်ကိုယ်တည်းနေရတဲ့ ကျွန်မဘဝကို ကျွန်မဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။ သားသမီးတွေ လင်မယားဝေယျဝစ္စတွေနဲ့ လုံးချာလိုက်နေတဲ့ ကျွန်မသူငယ်ချင်း တချို့ကတော့ ကျွန်မဘဝကို အားကျကြတယ်တဲ့လေ။

ဒေါ်ခင်ညှိက ကျွန်မတို့ရဲ့အိမ်နီးချင်း ရင်းနှီးတဲ့မိတ်ဆွေ။ မိဘတွေသဘောတူသူနှင့် အိမ်ထောင်ပြုခဲ့ရာမှ သားတစ်ယောက်၊ သမီးနှစ်ယောက် ထွန်းကားခဲ့တယ်။ မိဘလက်ထပ်ကတည်းက အိမ်ပြင်ထွက်ပြီး စီးပွားမရှာခဲ့ဖူးသလို အိမ်ထောင်မကျတော့လည်း စီးပွားအရှာကောင်းတဲ့ ယောင်္ကျားကြောင့် မပူမပင်နေခဲ့ရတယ်။ သားသမီးတွေကလည်း လိမ္မာရေးခြားရှိကြတယ်။ သားအကြီးဆုံးက အဖေနှင့်အတူစီးပွားရေး လုပ်သလို သမီးနှစ်ယောက်ကလည်း ဘွဲ့ရအောင်ပညာသင်ကြပြီး အိမ်မှာပဲ စာရေးကိရိယာဆိုင် ဖွင့်ထားတယ်။ ဒေါ်ခင်ညှိကတော့ အိမ်ထောင်ထိန်းသိမ်းရုံပဲပေါ့။

ပြီးခဲ့တဲ့နှစ်တုန်းကပေါ့။ ဒေါ်ခင်ရီရဲ့ယောင်္ကျားရုတ်တရက်ဆုံးပါးသွားတယ်။ (ခရီးသွားရင်းကားမှောက်လို့) ဒေါ်ခင်ညှိတို့ မိသားစုအလူးအလဲခံစားရတာမို့ ပတ်ဝန်းကျင်က ဝိုင်းဝန်းအားပေးနှစ်သိမ့်လာခဲ့ကြတယ်။ သူတို့မိသားစုအတွက် ပင်စည်ကြီးပြိုလဲသွားသလိုပါပဲ။ ဒေါ်ခင်ညှိုကပြောတယ်။

“ကလေးတွေ အဖေမရှိတော့လို့ ကျွန်မတို့မိသားစုလေး အပြင်းအထန်ခံစားရပါတယ်၊ ဒါပေမယ့်ရှင် ကျွန်မမှာ လောက်လောက်လားလား သားသမီးတွေရှိနေတာကဖြေစရာလေး ရတာပေါ့ရှင်” တဲ့။

အမှန်ပါပဲ။ ဒေါ်ခင်ညို ရဲ့သားသမီးတွေက အဖေမရှိတော့တဲ့နောက် သူတို့အမေကို နှစ်ဆတိုးပြီး ကြင်နာယုယကြတယ်။ ဂရုစိုက်ကြတယ်။ ဒီတော့ ဟိုတုန်းကလိုပဲ ဒေါ်ခင်ညို တစ်ယောက်အေးအေးလူလူနေနိုင်တာပေါ့။ ဘုရား တရားအလုပ်ကိုပိုပြီး လုပ်နိုင်သလို သွားလေသူအတွက် အလှူအတန်းလည်း မကြာခဏဆိုသလို လုပ်ခွင့်ရတယ်။

“အင်း… မခင်ညိုတစ်ယောက် မိဘစကား နာခံပြီး အိမ်ထောင်ပြုလိုက်တာ မှန်သွားတာပေါ့။ သူကတစ်ဦးတည်းသော သမီးဆိုတော့ အဖေအမေမရှိတော့ရင် မျက်စိသူငယ်နဲ့ကျန်ခဲ့မှာ။ ခုတော့ ယောင်္ကျားမရှိတော့ပေမယ့် သားသမီးတွေ ကျန်ခဲ့သေးတယ်။ သူတို့လေးတွေကလည်း အားကိုးလောက်တော့ သူတို့မိသားစုအခြေမယိုင်ဘူးပေါ့” လို့ဒေါ်ခင်ညိုရဲ့ ကြီးတော်ကပြောတာ ကြားလိုက်ရတယ်။ တစဆက်တည်းမှာပဲ ကျွန်မတို့ရဲ့ ငယ်သူငယ်ချင်း လဲ့လဲ့အကြောင်းကို တွေးမိတယ်။ လဲ့လဲ့က ဘဏ်တစ်ခုမှာ လက်ထောက်မန်နေဂျာ ၊ ရုပ်ချောသဘောကောင်း၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အပူအပင်မရှာချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အသက်လေးဆယ်နားနီးတဲ့အထိ အပျိုကြီးဘဝနှင့်နေလာခဲ့တယ်။ မိဘတွေမရှိတော့လို့ အစ်ကိုမိသားစုနှင့် အတူနေရင်းဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းခွင့်ရတယ်။ ဒါပေမယ့် အကိုနှင့်ယောင်းမတို့က အိမ်ထောင်ပြုဖို့ ခဏခဏတိုက်တွန်းတယ်။ လက်ထပ်ခွင့်တောင်းသူကလည်း တခြားသူ မဟုတ် ယောင်းမဘက်က ဆွေမျိုး ဆေးလိပ် မသောက်၊အရက်မသောက်၊ ကွမ်းမစားစီးပွားပြီးစီးပွားသာရှာဖို့ စိတ်ဝင်စားတဲ့သူ၊ မိန်းမတစ်ယောက်ကို တင့်တောင်းတင့်တယ်ထားနိုင်တဲ့ လူပျိုကြီး။

အစ်ကိုနှင့်ယောင်းမက မိန်းမသားတစ်ယောက်တည်းရပ်တည်ဖို့မလွယ်တာ၊ အလံမရှိတဲ့ရထားကအစ ဥပမာဥမေယျတွေနှင့် နားချတာကြောင့် လဲ့လဲ့တစ်ယောက် အိမ်ထောင်ပြုခဲ့တယ်။ သားတစ်ယာက် သမီးတစ်ယောက် ရလာတော့ လဲ့လဲ့ကိုသူ့ယောင်္ကျားက အလုပ်ထွက်ခိုင်းတယ်။ ကလေးတွေကိုရင်အုပ်မကွာကြည့်ဖို့ ပိုအရေးကြီးတယ်။ လိုသမျှငွေ သူရှာနိုင်တာပဲဆိုတော့လည်း လဲ့လဲ့မှာ အလုပ်ကိုနှမြောခြင်းကြီးစွာနှင့် စွန့်လွှတ်လိုက်ရပြန်တယ်။

လဲ့လဲ့တို့မိသားစုအမှန်တကယ်ပဲ ပြည့်ပြည့်စုံစုံနေရပါတယ်။ လဲ့လဲ့ယောင်္ကျားက မိုးမလင်းခင် ပွဲရုံကိုထွက်သွားပြီး သားသမီးတွေ အိပ်ချိန်လောက်ရောက်မှ အိမ်ပြန်လာတယ်။ အလုပ်ကြိုးစားတာတော့ လဲ့လဲ့ကတားယူရတဲ့အထိပါပဲ။ တက္ကသိုလ်ကျောင်းသား အကြီးက ခြေလှမ်းပျက်စပြုလာတယ်။ ဆေးလိပ်စွဲရာက မူးယစ်ဆေးဝါးသုံးလာပြီဆိုတော့ လဲ့လဲ့တို့ငယ်ထိပ်မြွေပေါက်ဖြစ်ပြီပေါ့။ ဆေးရုံ အတင်းတက်ခိုင်းပြီး ဆေးဖြတ်ဖို့ လုပ်ကြရတယ်။ သားအတွက်သောကရောက်လို့ မပြီးသေးခင်မှာပဲ သမီးက သူ့ချစ်သူနှင့်မယူရင် မဖြစ်တော့တဲ့အခြအနေရောက်နေပြီဆိုတော့ ဘယ်နှယ့်လုပ်မလဲ။ ပေးစားရပြန်တော့။ ကောင်လေးက သမီးလိုပဲ ပထမနှစ်ကျောင်းသား၊ မောင်နှမတွေထဲမှာ အကြီးဆုံး၊ မိဘတွေကလည်း ချို့ချို့တဲ့တဲ့တွေ ဒီတော့လည်း လဲ့လဲ့တို့က အိမ်ပါသမက်လုပ်ပြီး နှစ်ယောက်စလုံးကို ကျောင်းဆက်ထားပေးရတာပေါ့။ ဒါပေမယ့် ကိုယ်ဝန်ရင့်လာတဲ့သမီးက ကျောင်းထွက်ပြီး အိမ်မှာပဲနေရပြန်တော့ ကိုယ်ဝန်ဆောင်ကို စောင့်ရှောက်ရတဲ့တာဝန်က လဲ့လဲ့ရဲ့ အပိုဝတ္တရားတစ်ခုဖြစ်လာရော။ သမက်လုပ်တဲ့ သူက ယောက္ခမ ပိုက်ဆံနှင့်ေ ကျာင်းတက်တယ်။ လူကပေါ်ကြော့၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားလေ။လဲ့လဲ့ယောင်္ကျားကတော့ သားသမီးတွေကိုရော သမက်ကိုပါ ဒေါသအကြီးအကျယ်ထွက်ပြီး မကျေမနပ်ဖြစ်တာပေါ့။

တစ်နေ့ လဲ့လဲ့ယောင်္ကျားလေဖြတ်သွားလို့ဆိုပြီး အကြောင်းကြားတာကြောင့် ဆေးရုံကို သတင်းမေးသွားလိုက်တယ်။

“ခင်လေးရယ် ငါ့ယောင်္ကျားကတော့ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ကွမ်းမစားတာမှန်ပေမယ့် အစားအသောက်တော့ အင်မတန်မက်တာ. အဲဒီတော့ သွေးတိုးတို့နှလုံးတို့က ဘယ်နေလိမ့်မလဲ။ ဝင်လာပြီပေါ့။ အိမ်ကကျေးဇူးရှင်တွေကြောင့် သောကရောက် ရတာလည်း တစ်ကြောင်းပေါ့ဟာ။ ကဲအခုတော့  ဒုက္ခဟူသမျှငါ့ခေါင်းပေါ်ကျပြီလေ။” လို့လဲ့လဲ့က ရင်ဖွင့်တယ်။ စီးပွားရှာကောင်းတဲ့ယောင်္ကျား တစ်ယောက်အနေနှင့် အိမ်မှာချည်းနေရတာမို့ ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်နေပြန်ရော။ ညီအစ်ကိုမောင်နှမတွေ ထောက်ပံ့ငွေ၊ ပွဲရုံကိုသူများကြီးကြပ်လုပ်ကိုင်လို့ရတဲ့ငွေနှင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတယ်။ အလိမ္မာ နည်းတဲ့ သားသမီးတွေကလည်း လဲ့လဲ့တို့အတွက် တစ်ဒုက္ခ။ “ငါ့ဘာသာ လွတ်လွတ်လပ်လပ်နေပါရစေ။ ငါ့ဝင်ငွေ၊ ငါ့ရာထူးနဲ့ ငါ့ဘဝမှာကောင်းကောင်းမွန်မွန်နေနိုင်ရက်သားနဲ့ အခုတော့ဟာ..ငါ့လောက် ကံဆိုးတဲ့သူရှိပါဦးမလား ခင်လေးရယ်” လို့ ကျွန်မကို ကြေကြေ ကွဲကွဲကြီးပြောရှာတယ်။ ဒုက္ခပြီး ဒုက္ခဆင့်နေတဲ့ သူငယ်ချင်းကို အားပေးနှစ်သိမ့်ပေးကြပေမယ့် လဲ့လဲ့ရင်ထဲက သောကအထုတ်တော့ လျော့လာမယ် မထင်ပါဘူး။

လဲ့လဲ့ဘဝဟာ ဗာဒံပင် လို အကိုင်းရော အခက်အလက်တွေပါ ဝေခဲ့တာမှန်ပေမယ့် အသီးအပွင့်ကို ခံစားသင့်သလောက် မခံစားရပါဘူး။

တကယ်တော့ လောကမှာ ပုံသေနည်း အတိအကျမရှိပါဘူး။ လူလွတ်ဘဝနှင့် အထီးကျန်ပြီး အကူအညီမဲ့စွာ ဘဝတစ်ခုကို ကုန်ဆုံးရသူတွေ ရှိကြသလို တစ်ယောက်တည်း တက်တက်ကြွကြွ စိတ်သွားတိုင်း ကိုယ်ပါနိုင်သူတွေလည်း ရှိပြန်ရော။

အိမ်ထောင်ပြုလိုက်လို့ သားတစ်ရာမြေးတဖြာ နှင့် စိတ်ချမ်းမြေ့စရ အသိုင်းအဝိုင်းကြီးတစ်ခုကို ခံစားခွင့်ရှိကြသလို မီးလိုပူပြင်းပြီး သောကဝေစေတဲ့ သားဆိုး၊ သမီးဆိုးတွေနှင့် ကြုံတွေ့တာမျိုးတွေလည်း မရှားပါဘူး။ ဒီတော့ အုန်းပင်လို အထီးကျန်တာ၊ ဗာဒံပင် လို အကိုင်းအခက်တွေဝေစည်တာဆိုပြီး သီအိုရီကို မသတ်မှတ်နိုင်ပါဘူး ဆိုတာကိုတော့….။

နှင်းဆီခင်

Tags:

Leave a Reply