5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၅၊ ၂၀၁၅
M-Media
hi-res-febd6685b85711536496e37941c27fb8_crop_north
– ရီးယဲလ်နည်းပြ ဘင်နီတက်ဇ်အနေဖြင့် ထိပ်တန်း ကစားသမားများနှင့် ဆက်ဆံရေးမှာ ပြိုကွဲနေပြီး၊ ထိုကစားသမားများအား စီမံခန့်ခွဲနိုင်ရန် နည်းလမ်းများကို ပြောင်းလဲရမည်ဟု လီဗာပူးလ် ကွင်းလယ်လူဟောင်း စတီဗင် ဂျရတ်က ပြောကြားလိုက်သည်။

ဘာစီလိုနာကို အိမ်ကွင်း၌ ၄ ဂိုးပြတ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ဘင်နီတက်ဇ်၏ အနာဂတ်အတွက် မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာခဲ့သော်လည်း ရီးယဲလ်ဘုတ်အဖွဲ့က တနင်္လာနေ့တွင် အရေးပေါ်အစည်းအဝေး ခေါ်ယူကာ နည်းပြအား ထောက်ခံကြောင်း မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ ဘင်နီတက်ဇ်မှာ ရော်နယ်ဒိုအပါအ၀င် အသင်းရှိ နာမည်ကြီး ကစားသမားများနှင့် မကျေမလည် ဖြစ်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

“သူ့ကို ယုံကြည်ကြောင်းတော့ မဲပေးခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ များသောအားဖြင့် သိပ်မလွယ်ပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။

ရာဖာဟာ ကျွန်တော့်အတွက်တော့ နည်းပြကောင်းတစ်ယောက်ပါ။ အ၀တ်လဲခန်းမှာ ထိပ်တန်းကစားသမားတွေနဲ့ သူ့ရဲ့ ဆက်ဆံရေးကိုပဲ ကျွန်တော် တွေးမိပါတယ်။

အပြင်ကနေကြည့်ရင်တော့ အခုအချိန်မှာ အဲဒီဆက်ဆံရေးဟာ သိပ်မကောင်းတဲ့ အနေအထားပါပဲ။ အချိန်က စကားပြောသွားပါလိမ့်မယ်” ဟု ဂျရတ်က ပြောကြားခဲ့သည်။

ထို့ပြင် ရီးယဲလ်၏ ရလဒ်ဆိုးများအတွက် ဘင်နီတက်ဇ် တစ်ဦးတည်းကို လက်ညှိုးထိုး၍ မဖြစ်နိုင်ဘဲ အသင်းသားအားလုံးတွင်လည်း တာဝန်ရှိသည်ဟု ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

Ref: Goal

Leave a Reply