5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၇၊ ၂၀၁၅
M-Media

– ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာနှင့် ဆက်စပ်ပတ်သက်နေသည့် ဆွစ်ဇ်ဖရန့် သန်းပေါင်းများစွာကို ဆွစ်ဇာလန် တရားရေးဝန်ကြီးဌာနက ထိန်းချုပ်ထားလိုက်သည်ဟု ၀န်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် အတည်ပြု ပြောကြားလိုက်သည်။

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေပြီဖြစ်သည့် ဖီဖာမှာ ပြီးခဲ့သည် လများအတွင်း ခြစားမှုပြဿနာများဖြင့် အကြီအကျယ်ရင်ဆိုင်နေရပြီး အကြီးတန်းတာဝန်ရှိသူများ ဖမ်းဆီးတရားစွဲဆိုခံရခြင်း၊ ဥက္ကဌဘလတ္တာမှာလည်း ရာထူးမှရပ်ဆိုင်းခံရခြင်းတို့နှင့် တွေ့ကြုံခဲ့သည်။

“အမေရိကန်အာဏာပိုင်တွေဟာ မတူညီတဲ့ ဘဏ်တွေက ငွေစာရင်း ၅၀ နဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေကို တောင်းဆိုခဲ့ပြီး အဲဒီဘဏ်စာရင်းတွေကနေ လာဘ်ငွေတွေကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ယူဆရပါတယ်” ဟု ဆွစ်ဇ် တရားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖိုလ်ကို ဂါလီက ပြောကြားခဲ့သည်။

ဝန်ကြီးဌာနကမှ ထုတ်ပြန်သော ကြေငြာချက်တွင် အမေရိကန်အာဏာပိုင်များ၏ မေတ္တာရပ်ခံမှုကြောင့် ဖီဖာနှင့်သက်ဆိုင်နေသည့် ဆွဇ်ဖရန့်ငွေ သန်း ၁၀ နှင့်ချီသော ပမာဏကို ထိန်းချုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ဖီဖာဥက္ကဌ ဘလတ္တာနှင့် ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီတို့မှာ ငွေရေးကြေးရေးအပေးအယူ အရှုပ်အထွေးများကြောင့် ရက်ပေါင်း ၉၀ ရာထူးမှ ရပ်ဆိုင်းခံထားရသည်။ ဆွစ်ဇာလန်အာဏာပိုင်များမှာ အမေရိကန်၏ မေတ္တရပ်ခံမှုကြောင့် ဖီဖာအာဏာပိုင်များအား ဖမ်းဆီးမှုများ၊ လွှဲပြောင်းပေးအပ်မှုများ ပြုလုပ်ခဲ့သည်။

Ref: Channelnewsasia

Tags:

Leave a Reply