5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မန္တလေး ဇန်နဝါရီ ၂၅
.Mdy Prophet Day
၁၄၈၉ နှစ်မြောက် မဟာတမန်တော်မြတ် မွေးနေ့အခမ်းအနားကို ဇန်နဝါရီ၂၅ ရက် နံနက် ၇နာရီခွဲမှ မွန်းတည့် ၁၂နာရီအထိ မန္တလေးမြို့ စကြာနွယ်စဉ်ရပ် ၇၄လမ်း၊ ၃၆×၃၇လမ်းကြားရှိ မဏ္ဍပ်၌ မန္တလေးမြို့ (KAFTG) ဃရာနာမိသားစုက ကြီးမှူးကျင်းပသည်။ (အပေါ်ပုံ)
.
ရှေးဦးစွာ ၇၄လမ်း၊ ၃၆×၃၇လမ်းစုရပ်မဏ္ဍပ်မှ ၇၇လမ်းအထိ၊ ထိုမှ ၃၅လမ်းထိ၊ ၃၅လမ်း၊ ၇၄လမ်းဗဟိုထိ စီတန်းလှည့်လည်၍ တမန်တော်အား ချီးကျုးဂုဏ်ပြုရွတ်ဖတ်မှုပြုလုပ်ရာ မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များ၊ မန္တလေးမြို့လုံးဆိုင်ရာ တမန်တော်နေ့ကျင်းပရေးကော်မတီဝင်များ၊ ဃရာနာမိသားစုဝင်များ စီတန်းလှည့်လည်ပွဲတွင် လိုက်ပါကြသည်။
.
ထို့နောက် စုရပ်ဖြစ်သည့် မဏ္ဍပ်၌ တရားတော်များဟောကြားခဲ့ရာ ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်လာသည့် ဧည့်သည်တော် အီရန်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ဘာသာပေါင်းစုံ တက္ကသိုလ်အဓိပတိနှင့် (KAFTG) ဃရာနာမိသားစုက ဦးဆောင်ပြီး တက်ရောက်လာသူများအား တရားဒေသနာတော်များ ဟောကြားသည်။
.
အဆိုပါ တမန်တော်မြတ်မွေးနေ့အခမ်းအနားသို့  မန္တလေးနှင့်အနီးဝန်းကျင်ဒေသများမှလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ယင်းအခမ်းအနားကို မန္တလေးမြို့၌ နှစ်စဉ်ကျင်းပကြောင်း သိရှိရသည်။
.
ခင်ခင်ဝင်း(ပညာရေး)
၂၆၊၁၊ ၂၀၁၆ မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။

Leave a Reply