5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၃၊ ၂၀၁၆
M-Media

plane

– အီမရိတ်လေကြောင်းလိုင်းက Airbus A380 လေယာဉ်ဟာ ကမ္ဘာ့အရှည်ကြာဆုံး ပျံသန်းမှုအဖြစ် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကနေ နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့ကို မရပ်မနား ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

ဗုဒ္ဓဟူးနေ့က ပျံသန်းခဲ့သည့် အဆိုပါ ခရီးစဉ်ဟာ မိုင်ပေါင်း ၈၈၂၄ မိုင် အကွာအဝေးရှိခဲ့ပြီး၊ ပြန်လည်ထွက်ခွာမယ့် လမ်းကြောင်းဟာလည်း အရှည်ဆုံးခရီးစဉ် ဖြစ်မှာဖြစ်ပါတယ်။ အပြန်ခရီးမှာတော့ ခရီးသည်တွေအနေနဲ့ လေယာဉ်ပေါ်မှာ ၁၇ နာရီနဲ့ ၁၅ မိနစ်ခန့် လိုက်ပါရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ယခုလ နှောင်းပိုင်းမှာလည်း အီမရိတ်လေကြောင်းလိုင်းဟာ ဒူဘိုင်း-ပနားမား ခရီးစဉ်ကို ၁၇ နာရီနဲ့ ၃၅ မိနစ်ကြာ ပျံသန်းမှာ ဖြစ်တဲ့အတွက်ကြောင့် ယခုခရီးစဉ်ရဲ့ စံချိန်ဟာ သိပ်ကြာကြာခံမှာ မဟုတ်ပါဘူး။ ဒူဘိုင်း-အောက်ကလန် ခရီးစဉ် ပထမဆုံပျံသန်းမှုကို A380 လေယာဉ်နဲ့ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်း ပုံမှန်ပြေးဆွဲမှုမှာတော့ ဘိုးအင်း ၇၇၇ လေယာဉ်ကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။

“တိုးတက်တဲ့နည်းပညာနဲ့ ကောင်းမွန်တဲ့အစီအမံတွေရဲ့ အကူအညီကြောင့် ခရီးသည်တွေကို အချိန်အနည်းဆုံးနဲ့ တတ်နိုင်သမျှ မြန်မြန် အရောက်ပို့ဆောင်ပေးနိုင်မှာပါ” လို့ အီမရိတ်လေကြောင်းလိုင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နယူးဇီလန်ပို့ဆောင်ရေးဝန်ကြီး ဆိုင်မွန် ဘရစ်ဂျက်စ်ကတော့ အချိန်သုံးနာရီလောက် လျှော့နိုင်ခဲ့တဲ့ ဒူဘိုင်း-အောက်ကလန် မရပ်မနားပျံသန်းမှုဟာ ဒူဘိုင်းနဲ့ နယူးဇီလန်ကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေတဲ့အပြင် နယူးဇီလန်နဲ့ တခြားနိုင်ငံတွေရဲ့ ဆက်ဆံရေးကိုလည်း တိုးတက်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီ တိုက်ရိုက်ပျံသန်းနိုင်မှုဟာ နှစ်နိုင်ငံကြား ကုန်သွယ်မှုနဲ့ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကို ပိုမိုအားပေးရာရောက်တဲ့အပြင် ခရီးသည်တွေအတွက်လည်း ပိုမိုရွေးချယ်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိစေပါတယ်” လို့ ဘရစ်ဂျက်စ်က ပြောကြားခဲ့ပါတယ်။

Ref: Presstv

Tags:

Leave a Reply