5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၈၊ ၂၀၁၆
M-Media

ethiopia

– နိုင်ငံအတွင်း မိုးခေါင်မှုအခြေအနေ အလွန်အမင်းဆိုးရွားလာသောကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် အီသီယိုးပီးယား ၀န်ကြီးချုပ် ဟေလီမာရီယမ် ဒီဆီလန်ဂ်က တောင်းဆိုလိုက်သည်။

ထိုမိုးခေါင်မှုကြောင့် အီသီယိုးပီးယားပြည်သူ ၁၀ သန်းကျော်မှာ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရပြီး၊ ယခုကဲ့သို့ တောင်းဆိုမှုမှာ ဆီးရီးယားနှင့် ယီမင်တို့အပြီး ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး မေတ္တာရပ်ခံမှုလည်းဖြစ်သည်။ ၀န်ကြီးချုပ်ကမူ ကမ္ဘာ့အခြားဒေသတွင် ပြဿနာများ ဖြစ်ပွားနေသော်လည်း အီသီယိုးပီးယားကို လစ်လျူမရှုသင့်ဟု AP သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အီသီယိုးပီးယားနိုင်ငံအား အမေရိကန်က အများဆုံးကူညီနေပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလကတည်းက ကန်ဒေါ်လာ ၅၃၂ သန်းကျော်တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခဲ့သည်။ အီသီယိုးပီးယားအစိုးရကမူ ထိုပြဿနာအတွက် ကန်ဒေါ်လာ သန်း ၃၈၀ ခန့် သုံးစွဲထားသည်။

ဒီဆီလန်ဂ်ကမူ မိမိတို့တိုင်းပြည်မှာ အိမ်နီးချင်းနိုင်ငံများမှ ဒုက္ခသည် ၇၅၀၀၀၀ ကို လက်ခံထားကာ ၎င်းတို့အား စားနပ်ရိက္ခာအကူအညီများ ပေးအပ်နေသောကြောင့် ပိုမိုများပြားသည့် အကူအညီနှင့် ထိုက်တန်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ မိုးခေါင်မှုမှာ အလ် နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများ၊ ကောက်ပဲသီးနှံ ဆုံးရှုံးမှုများ၊ ကျွဲနွားတိရစ္ဆာန် သေကြေပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့သည်။ အီသီယိုးပီးယားနိုင်ငံမှာ ၁၉၈၀ ပြည့်နှစ်များက မိုးခေါင်မှုကို ရင်ဆိုင်ခဲ့ရပြီး၊ ပြည်တွင်းစစ်ကြောင့် အခြေအနေပိုမိုဆိုးရွားခဲ့ကာ လူသိန်းနှင့်ချီ သေဆုံးခဲ့သည်။

Ref: Aljazeera

Tags:

Leave a Reply