10 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်လ ၃၁၊၂၀၁၂

M-Media

ဟာမိလ်တန်။               ။မွတ်စလင်မ် မဟုတ်သူများ၏ အကြမ်းဖက်မှု့များကို ရင်ဆိုင်နေကြရသော ဟာမိလ်တန်ဒေသခံ မွတ်စလင်တို့သည် အစ္စလာမ်ဘာသာကို မိတ်ဆက်ပေးရန်နှင့် အစ္စလာမ့် လူ့အဖွဲ့အစည်းအတွင်းသို့ ဖိတ်ခေါ်ရန် ပလီဝတ်ကျောင်းတော်များအတွင်း မွတ်စလင်မ်မဟုတ်သူများကို ဝင်ရောက် လေ့လာခွင့်ပေးလိုက်ပါတယ်။

“ဟုတ်ပါတယ် အရင် ကဆို  သောကြာနေ့ မှာလာပြီး အရက်ပုလင်း တွေကို နေရာတိုင်းမှာ ပြန့်ကျဲ ထားတာ၊ သိပ်ဆိုးတာပဲ ” ဟု ၀ီကာတို မွတ်စလင် အဖွဲ့အစည်း၏ ဥက္ကဌ ဖြစ်သူ Ismail Gamadid  က Stuff news website    ကို သြဂုတ်လ ၃၁ ရက်နေ့က ပြောကြားခဲ့ပါသည်။

အဲဒါကြောင့် ကျွန်တော်တို့ ဗလီများကို ပြည်သူအားလုံးကို လာခွင့်ပေးလိုက်တယ် ၊ သူတို့ကို လာပြီး အရက်ပုလင်း အကွဲတွေကို မြင်တွေ့စေခြင်းအားဖြင့် အကြမ်းဖက် လုပ်ရပ်များရပ်တန့် သွားခဲ့ပါသည်။

ဟာမိလ်တန်ဗလီ နဲ့ အစ္စလာမ်မစ် စင်တာ ရဲ့ တံခါးများကို ဖွင့်ပေးဖို့ ဆုံးဖြတ်လိုက်ခြင်း သည် အစ္စလာမ်ဘာသာအပေါ် အမြင်လွဲမှားမှု့များအား ပြောင်းလဲသွားစေခဲ့ပါသည်။

၂၀၁၂ ခုနှစ်  ဒီစနေနေ့ မှာ လူထုကို ဗလီ လာစေပြီး ဗလီတိုးချဲ့မည့် လုပ်ငန်းစဉ်များကို သိခွင့်ပေးလိုက်ခြင်းဖြင့် ဗလီတံခါးဖွင့်နေ့ ကျင်းပဖို့ပဲ ဖြစ်ပါသည်။

နောက်ထပ် တံခါး တစ်နေရာစာ ၀ယ်ပြီးပါပြီ။ သောကြာနေ့ ဗလီ မှာ လူတွေ သိပ်များတဲ့ အခါ ကား ပါကင်ပြသနာအား လျော့ကျသွားစေဖို့ပဲ ဖြစ်ပါတယ် ဟု Gamadid က ပြောခဲ့ပါသည်။

ဒီအစီအစဉ်တွေကို အောက်တိုဘာလမှာ စဖို့ မျှော်လင့်ထားတယ်။ ကျွန်မတို့ ကိုယ်တိုင် ဟာ လူ့အဖွဲ့အစည်းရဲ့ တစိတ်တဒေသ ဖြစ်ပြီး၊ ဗလီကို ဘာကြောင့်လာရတယ် ဆိုတာရယ် လူအဖွဲ့ အစည်းအတွင်းမှာ ဒါကို သိစေချင်တာပါ ဟု အစ္စလာမ် အမျိုးသမီးများကောင်စီ မှ Anjum Rahman ပြောကြားခဲ့ပါသည်။

 

“အမျိုးသမီး များကိုလည်း တကယ်ပဲ အချိန်တိုင်းအတွက် ကြိုဆိုပါတယ်၊ ဒီနေ့ ကတော့ မည်သူမဆို အားလုံး ပါဝင်ရမည့် နေ့ပါပဲ။ အမျိုးသမီးများ အနေဖြင့် သူတို့ ဆံပင်များကို ဖုံးအုပ်ရန် ပုဝါဆောင်းချင်ရင် ဒီမှာ ပုဝါ အချို့ ထား ထားပါတယ်။ အမှန်တကယ် ပြောရရင် သူတို့ ပုဝါဆောင်းမယ်ဆိုရင် ဒါဟာ ဘာမှ စိတ်အနှောင့်အယှက် ဖြစ်စရာမရှိပါဘူး။ မည်သူမဆို ကြိုက်တဲ့အချိန် ဗလီကို လာလေ့လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဘာကြောင့် ဒီလို တံခါးဖွင့်ပေးရလဲ ဆိုတာ သိစေဖို့  တစ်ခါတစ်လေ သူတို့ကို ဖိတ်ခေါ်ဖို့လိုပါတယ် “ဟု Rahaman   က ပြောဆိုခဲ့ပါသည်။

  တံခါး များကို ဖွင့်ပေးလိုက်ခြင်း

ရှစ်နှစ်တာကြိုးစားမှု့ ပြီးတဲ့နောက် ဟာမိလ်တန် မွတ်စလင်တို့၏ မစုတ်မနစ် ကြိုးစားမှု့ ကို အောင်ပွဲခံနိုင်ခဲ့သလို နောက် ထပ် ပိုမိုနားလည်မှု့များကို ရရှိခဲ့ပါသည်။

“ကျွန်တော်တို့ အစ္စလာမ့် အသိပေး ရက်သတ္တပတ်စတင်စဉ် လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက ပေါ့ လူတွေ က ပြောတယ် ငါတို့က တခြားတစ်ခု ခု လို့ ထင်နေတာ အမှန်တကယ် သိပ်လွယ်ပြီး သိပ်ရှင်းလင်းတာပဲ ဟု လူတွေပြောခဲ့တာ ကျွန်တော် စဉ်းစား မိသေးတယ် “ဟု Gamadid  က ပြောခဲ့ပါသည်။

နှစ်ပေါင်း နှစ်ရာကျော် တိုင်အောင် သြစတေးလျမှာ နေ ထိုင်လာကြသော မွတ်စလင်တို့သည် စုစုပေါင်း လူဦးရေ သန်း နှစ်ဆယ် ၏ ၁.၇ ရာခိုင်နှုန်း ရှိပါသည်။

၂၀၀၆ ခုနှစ် စစ်တမ်းအရ ပစိဖိတ်တောင်ပိုင်း ကျွန်းနိုင်ငံတစ်ခု ဖြစ်သော နယူးဇီလန် တွင် မွတ်စလင်ဦးရေ (၃၆၀၀၀) သုံးသောင်း ခြောက်ထောင် ရှိပါသည်။

၉-၁၁ အရေး နောက်ပိုင်းတွင်  သြစတေးလျ မွတ်စလင်တို့သည် သံသယများ  ဖြင့် ၄င်း၊ စောဒက မေးခွန်းများစွာ တို့ ဖြင့် ၄င်း ရင်ဆိုင်ခဲ့ရပါသည်။

၂၀၀၇ ခုနှစ် အိုင် ဒီအေ (Issues Deliberation Australia) အဖွဲ့ အစည်း ရဲ့ မဲကောက်ယူမှု့ အရ သြစတေးလျ နိုင်ငံသားများ သည် အစ္စလာမ် ဘာသာသည် သြစတေးလျ ပြည်သူများ၏ လူနေထိုင်မှု ဘ၀ ရဲ့ ခြိမ်းခြောက်မှု့ တစ်ခု အနေဖြင့် မြင်နေကြပါသည်။

မွတ်စလင်တို့သည်  အရင်က တစ်ခါ မျှ မရှိခဲ့ဖူးသော အနည် ထိုင် ခိုင်မာနေသော အစ္စလာမ်ကြောက် ရောဂါ နှင့် လူမျိုးရေး ခွဲခြားခြိမ်းခြောက်မှု့များကို ရင်ဆိုင်နေရပါတယ် ဟု အစိုးရ က မကြာသေးမီ ကထုတ်ဖော် ပြောကြားသွားခဲ့ ပါသည်။

“ဒီမှာ လူအများ ကလေ ဗလီကို တစ်မျိုးမြင်ကြတယ်ဗျ အဲဒါဘာလဲဆိုတော့  ဗလီဆိုတာ ဗုံးလုပ်တဲ့နေရာပါတဲ့ ”  ဟု Gamadid က ပြောခဲ့ပါသည်။

ဒီလို အထင်အမြင်မှားမှု့ တွေဟာ  ဟာမိလ်တန်မှာ ထာဝရအ တွက် ပြောင်းလဲသွားခဲ့ပါပြီ။

အစ္စလာမ့် အသိပေး ရက်သတ္တပတ်နဲ့ ဗလီ ဖွင့် ပေးတဲ့နေ့မှာ ပဲ လူတွေ သူတို့ ကိုယ်တိုင် လာပြီး လေ့လာ ကြည့်ရှု့ ပြီး သူတို့ ဒါဟာ သိပ်လွယ်ကူပါလား လို့ သူတို့ သဘောပေါက်သွား ပါပြီ။

ပြည်သူတွေ ကျွန်တော်တို့ဆီ လာမယ်၊ ကျွန်တော်တို့နဲ့ အတူတူ စားမယ်၊  ကျွန်တော်တို့နဲ့ အတွေ့အကြုံ ဖလှယ် ကြမယ် ၊ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် သိပ်ကို အကူ အညီ ဖြစ်စေမှာ ပါ။

http://www.onislam.net/english/news/asia-pacific/458855-open-mosque-defeats-new-zealand-bigotry.html မှ ကောက်နှုတ်တင်ပြပါသည်။

ဘာသာပြန်- Phyu

 

Leave a Reply