5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

M-Media
မေလ ၄ ရက် ၂၀၁၆

သာသာနရေးဝန်ကြီးနှင့် မန္တလေးမှ ဘာသာပေါင်းစုံအဖွဲ့ တွေ့ဆုံစဉ် (ဓါတ်ပုံ - မင်းလတ် ဖေ့စ်ဘွတ်ခ် စာမျက်နှာ)

သာသာနရေးဝန်ကြီးနှင့် မန္တလေးမှ ဘာသာပေါင်းစုံအဖွဲ့ တွေ့ဆုံစဉ် (ဓါတ်ပုံ – မင်းလတ် ဖေ့စ်ဘွတ်ခ် စာမျက်နှာ)

ဘာသာရေး လူမျိုးရေးကို အသုးုံချပြီး နိုင်ငံရေးအမြတ်ထုတ်ခြင်းမျိုး မလုပ်ဖို့ သာသနာရေးဝန်ကြီးက ပထမဆုံးအကြိမ် သတိပေးပြောကြားလိုက်ပါတယ်။

သူရဦးအောင်ကိုက ယနေ့ မန္တလေးမှာကျင်းပတဲ့ ဘာသာပေါင်းစုံတွေ့ဆုံပွဲမှာ အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

“ယနေ့ခေတ်မှာ ဘာသာရေးကလည်း နိုင်ငံရေးပါပဲ၊ ဘာသာရေးကို အခြေခံပြီး နိုင်ငံရေး လှုံဆော်ရာမှာ လွန်စွာ လွယ်ကူ ပါတယ်၊ ပြည်တွင်းပြည်ပကအဖျက်တွေရှိနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်” ဟု သူရဦးအောင်ကို က ပြောပါတယ်။

ဒါ့ပြင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မှာ တရားမ၀င်စေတီတွေ တည်နေတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ခရစ်ယာန်အသင်းတော်က သာသနာရေးဝန်ကြီးဌာနကို စာတင်ထားတဲ့အကြောင်း၊ မိတ္ထီလာ မွတ်စလင်ဆန့်ကျင်အကြမ်းဖက်မှုကြောင့် ၀တ်ပြုခွင့် ပိတ်ပင်ခံထားရတဲ့ ဗလီတွေကိုလည်း ပြန်လည်ဝတ်ပြုခွင့်ပေးဖို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်းတွေက တောင်းဆိုတင်ပြထားတဲ့အကြောင်းတွေကိုလည်း သူရဦးအောင်ကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

အဲဒီကိစ္စတွေကို မေလ ၅ ရက်မှာ ကျင်းပမယ့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြပေးမယ်လို့ ဦးအောင်ကို ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် သူရဦးအောင်ကိုက အစိုးရရက် ၁၀၀ သက်တမ်းအတွင်းမှာ သာသနာရေးဝန်ကြီးဌာနအနေနဲ့ ဘာသာရေးပဋိပက္ခဖြစ်စေဖို့ လှုံဆော်တာတွေ၊ အမုန်းစကား၊ သွေးခွဲမှုတွေ လျော့နည်းပပျောက်ဖို့ ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းနဲ့စပ်လျဉ်းပြီး အောက်ပါအတိုင်း ပြောသွားခဲ့ပါတယ်။

“သာသနာရေးနဲ့ ယဉ်ကျေးမှုအတွက် ရက် ၁၀၀ စီမံကိန်းမှာ လုပ်ငန်းပမာဏ များသွားလို့ လက်တွေ့ဖြစ်နိုင်ချေရှိတာကို ရွေးပြီး ၂၅ ရာခိုင်နှုန်းလောက် လျှော့လိုက်ရတယ်။ … မတူကွဲပြားမှုတွေကို အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအတွက် အင်အား တရပ်အနေနဲ့ ပြောင်းလဲတည်ဆောက်ယူနိုင်မယ်ဆိုရင် အေးချမ်းတဲ့ မြန်မာ့လူဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်လာမှာပါ”

မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ကို ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာဝင်များအင်အားနဲ့ ၂၀၁၃ ဧပြီကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Leave a Reply