5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ၊ ၁၃ ၊ ၂၀၁၂
စစ်တွေ

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လူသားချင်းဆိုင်ရာ အကူအညီများပေးရန် ရောက်ရှိနေသော မလေးရှား NGO အဖွဲ့ နှင့် အတူ ပါသွားသော မြန်မာ မွတ်စလင်တစ်ဦးဖြစ်သူ ကိုရှိုင်းမင်းမှာ  အသက်ဘေး ထိခိုက်အောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရကြောင်း သိရပါတယ်။

Malaysian Relief Agency (MRA)အဖွဲ့သားများ စစ်တွေမြို့မှာ သံဃာတော်များနှင့် တွေ့ဆုံစဉ်
အင်္ကျီ အဝါရောင် ဝတ်ဆင်ထားသူမှာ အကြမ်းဘက်တိုက်ခိုက်ခံရသော ကိုရှိုင်းဖြစ်ပါသည်။

” ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဖြစ်ပြီး မြန်မာ မွတ်စလင် တစ်ဦးလည်းဖြစ်တဲ့    ကိုရှိုင်း ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လူသားချင်းဆိုင်ရာ အကူအညီများပေးရန် အတွက် မလေးရှား NGO အဖွဲ့ တစ်ခုဖြစ်သော (MRA) နှင့် အတူ ရက်အနည်းငယ် အရင်က ရောက်ရှိသွားခဲ့ပါတယ်။ စင်ကာပူ နိုင်ငံသား နှစ်ဦး နှင့် မလေးရှားနိုင်ငံသား နှစ်ဦး ပါဝင်သော သူတို့ အဖွဲ့သည် စစ်တွေမြို့  ရှိ  မွတ်စလင် နှင့် ဗုဒ္ဓဘာသာ နှစ်ဘက်စလုံး၏ ဒုက္ခသည် စခန်းများသို့ အကူအညီပေးရန် သွားရောက်ခဲ့ ကြပါသည်။ အမှန်တကယ်အားဖြင့် ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် များအနေဖြင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) နှင့် ကနဦး သဘောတူညီချက် ရယူကာ ဤ အကူအညီ ပေးရေး ခရီးစဉ် ကို သွားရောက်ခဲ့ကြခြင်းဖြစ်ပါသည်။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) မှ အဖွဲ့ ၀င်များလည်း သူတို့ အဖွဲ့ နှင့် အတူတကွ လိုက်ပါခဲ့ ကြပါသည်။

ရန်ကုန်မှ ရရှိသော နောက်ဆုံး သတင်းများအရ မြန်မာ မွတ်စလင် တစ်ဦးလည်းဖြစ်တဲ့ ကိုရှိုင်း  ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့  မြို့ မဈေးကြီး ၌ မွတ်စလင် နှင့် ဗုဒ္ဓဘာသာဝင်  ရခိုင် ဒုက္ခသည်များကို ပေးရန် အတွက် အကူအညီ ပစ္စည်းများဝယ်ပြီး ရပ်နေစဉ် တိုက်ခိုက် ခံရခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုး နှစ်ဦး မှ စတင် တိုက်ခိုက်ခြင်းဖြစ်ပြီး များမကြာမီ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး အယောက် ၅၀၀ လောက် ၀ိုင်းရံ ရောက်ရှိလာပါတယ်။ အချို့ ရခိုင်များမှ သူကို ဆိုင်တစ်ခု အတွင်း ဆွဲခေါ်သွားခဲ့ပြီး ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြပါတယ်။ ရခိုင်တစ်ယောက်မှ သူ၏ခေါင်းကို တူဖြင့် တိုက်ခိုက်ပါတယ်။ သူအနေနဲ့ စစ်တွေမြို့  ရှိ  မွတ်စလင် နှင့် ဗုဒ္ဓဘာသာ နှစ်ဘက်စလုံး၏ ဒုက္ခသည် စခန်းများသို့ လူသားချင်းဆိုင်ရာ အကူအညီများပေးရန် မလေးရှား NGO အဖွဲ့   နှင့် အတူ လာရောက်ခဲ့ ခြင်းဖြစ်ကြောင်း ကြိုးစား ဖြေရှင်းပြောပြသော်လည်း ရခိုင် အကြမ်းဖက်သမား များမှ သူကို သေအောင် ရိုက်နှက်ရမည်ဟု အော်ဟစ်နေပြီး ၊ သူအနေဖြင့် မလေးကုလား အဖွဲ့ များနှင့် အတူတကွ သွားရောက် ခဲ့ခြင်းဖြစ်သောကြောင့် သေအောင် ရိုက်သတ်သင့်ကြောင်းအော်ပြောနေကြပါတယ်။

သူကိုရခိုင်တစ်ယောက်က ဓားနဲ့ထိုးလိုက်စဉ်မှာ သူ့ မှာပါလာတဲ့အထုပ်(အိတ်ကလေး)နဲ့ ကာကွယ်လိုက်  နိုင်ခဲ့ပါတယ်။  အဲဒီအချိန်မှာပဲ ရဲတစ်ဦးကဆိုင်ကယ်နဲ့  ကိုရှိုင်းကိုကယ်ဖို့ကြိုးစားပါတယ်။ ဒီလိုရဲကကယ်ဖို့ကြိုးစားနေချိန်မှာ ရခိုင်နောက်တစ်ဦးက ဓားရှည်နဲ့  လျှက်တစ်ပြက် ဝင်ပိုင်းတာကို ကိုရှိုင်းကအိတ် နှင့်  ထပ်မံကာလိုက်ပါတယ်။  နောက်ဆုံးမှာတော့ ရခိုင်နောက်တစ်ယောက်က တူနဲ့ဝင်ထုလို့  ကိုရှိုင်းခေါင်းမှာဒဏ်ရာရသွားပါတယ်။  အဲဒီနောက်တော့ သူ့ကိုရဲတွေကဆေးရုံပို့လိုက်ကြပြီး အဲဒီကမှတဆင့်ရဲစခန်းကို ပို့လိုက်တယ်။

ကိုရှိုင်းကို မလေးNGOအဖွဲ့နဲ  အတူစက်တင်ဘာ၁၄ရက်နေ့ မှာ လေယာဉ်နဲ့ရန်ကုန်ကိုပို့ဆောင်ကြပါလိမ့်မယ်။  ဒီသတင်းကို ကိုရှိုင်း အတိုက်ခိုက်ခံရတဲ့  စက်တင်ဘာ၁၃ရက်မှာ ပေးပို့တာဖြစ်ပါတယ်။

အခုလို လူမျိုးရေးမုန်းတီးသူ  အကြမ်းဖက်သမားရခိုင်များကို  ဗမာအပါအဝင်တခြားတိုင်းရင်းသားများကလဲ  မျိုးချစ်စိတ်ဓာတ်ထက်သန်သူများအဖြစ် ချီးမွမ်းထော်မနာပြုနေခဲ့တာ ကြာပါပြီ။  နိုင်ငံတကာအဖွဲ့အစည်းများကလဲ လူမျိုးရေးမုန်းတီးသူအကြမ်းဖက်သမားရခိုင်များကို ပြင်းပြင်းထန်ထန်ကန့်ကွက်ဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ အခုအချိန်အထိဒီလိုတိုက်ခိုက်မှုမျိုးကိုနေရာအချို့မှာ မကြာခဏကြုံတွေ.နေရပေမဲ့ အပေါ်ယံမျက်နှာစာမှာတော့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) နဲ့ ပြည်နယ်အစိုးရကတော့ မရှိမဲ့ရှိမဲ့ ကောင်းကွက်ကလေးတွေကိုပဲ လက်ညိုးထိုးပြနေကြပါတယ်။

ဒီအကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေသာ မွတ်စလင်မ်တွေ ဖြစ်ခဲ့မယ်ဆိုရင် သူတို့အနေနဲ့ အရေးယူမှုကို ချက်ချင်းလျှင်လျှင်မြန်မြန် ဆောင်ရွက်ကြပါလိမ့်မယ်။ ဒီကနေ့ ရခိုင်တွေဟာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ မွတ်စလင်တွေရဲ့ လုံခြုံရေးကို အထူးခြိမ်းခြောက် နေပါတယ်။  တစ်ချို့လူတွေဟာ  ဘာမှခြေခြေမြစ်မြစ် သိရှိလေ့လာခြင်း မရှိဘဲ မြန်မာနိုင်ငံက  မွတ်စလင်မ်တွေဟာ ဘင်္ဂလီတွေ၊ နိုင်ငံခြားသားတွေဖြစ်တယ်ဆိုပြိး   ရခိုင်အမျိုးသားရေးဝါဒီတွေကို ထောက်ခံပြောဆိုနေကြပါတယ် တကယ်တန်းပြောရရင် မြန်မာမွတ်စလင်မ် အများစုဟာ ဒေသခံတွေ ဖြစ်ကြပြီး အချို့ဟာ ဆိုရင်လည်း လူဝင်မှုကြီးကြပ်ရေးဥပဒေအရ နိုင်ငံသားတွေသာ ဖြစ်ပါတယ်။

အထူးသဖြင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးအချို့၊ တိုင်းရင်းသားအချို့နဲ့ ဘာသားရေးအစွန်းရောက်သမား အချို့တို့က ရခိုင်မွတ်စလင်တွေ၊ ကမန်မွတ်စလင်တွေနဲ့ အခြားနိုင်ငံသား မွတ်စလင်တွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်အကြမ်းဖက်နေမှုကို ကာလရှည်ကြာစွာကပဲ ဥပက္ခာ ပြုထားခဲ့ကြပါတယ်။

ဒီ မွတ်စလင်မ် ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေ စတင်ချိန်ကစလို့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့နဲ့ သူငယ်ချင်းအချို့က ကျနော့်ကို အဆက်အသွယ် မလုပ်ကြတော့ဘဲ ရခိုင်အမျိုးသားရေး အစွန်းရောက်သူတွေရဲ့ စကားကိုပဲ ယုံကြည်နေကြတော့တာဟာ ကျနော်တော်တော် အံ့အားသင့်ခဲ့ရပါတယ်။ ကျနောတို့အိမ်ကို ရခိုင်အမျိုးသားရေး အစွန်းရောက်တွေရဲ့ ဖျက်စီးခြင်းခံခဲ့ရပြီး ကျနော့်မိသားစုဟာ ဒုက္ခအတွင်း ကျရောက်နေတယ်လို့ ပြောပြတာကိုလည်း လုံးဝမယုံကြပါဘူး။ ရခိုင်အမျိုးသားရေး အစွန်းရောက်ဝါဒီတွေ ပြောသမျှသာ အမှန်ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။

ကျနော့်ရဲ့ခံယူချက်ကတော့ ဘယ်ဘာသာဝင်၊ ဘာလူမျိုးပဲ ဖြစ်နေပါစေ၊ တရားမျှတတဲ့ လူ့အခွင့်အရေး ရရှိဖို့အတွက် မှန်ကန်တဲ့ဘက်က ခိုင်ခိုင်မာမာ ရပ်တည်ပေးမှာပါ။

(အကြမ်းဘက်တိုက်ခိုက်ခံရသူ ကိုရှိုင်းမင်း ရဲ့ လုပ်ဖော်ကိုင်ဘက် မိတ်ဆွေ တစ်ဦးရဲ့ FB စာမျက်နှာမှ ဖော်ပြချက်ကို ဘာသာပြန် ဖော်ပြခြင်းဖြစ်ပါတယ်။)

Leave a Reply