5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ၊ ၁ ၊ ၂၀၁၂

M-Media

အင်တာဗျူး/ဓါတ်ပုံ- ဝိုင်း

 

အင်္ဂလန်နိုင်ငံကစစ်ဆေးသော Edexcel IGCSE ဖြေဆိုရာတွင် A* ဖြင့် အောင်မြင်ခဲ့တဲ့ မခင်မြင့်မြတ်ဇင်ကို M-Media ထူးချွန်မွတ်စလင်မ် လူငယ်ကဏ္ဍအတွက် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

Q :     မင်္ဂလာပါ ညီမလေး။

A :      မင်္ဂလာပါ အစ်မ။

Q :     ညီမလေးရေ၊ ညီမလေးက Edexcel IGCSE ဖြေတာမှာ A(*)အဆင့်နဲ့ အောင်မြင်ခဲ့တယ်ဆိုတာ သိရတယ်လေ။ အဲဒါကြောင့်  ထူးချွန်လူငယ်ကဏ္ဍအတွက် ညီမလေးကို အင်တာဗျူးလုပ်မယ် ဆိုတော့ စလိုက်ကြရအောင်နော်။

A :      ဟုတ်ကဲ့ပါ အစ်မ။ စလို့ရပါပြီ။

 

Q :     ညီမလေးရဲ့ နာမည်ကို ပြောပြပေးပါဦး။ အာရဗီနာမည်ရော၊ မြန်မာနာမည်ရော။

A :      မြန်မာနာမည်က ခင်မြင့်မြတ်ဇင်၊ အာရဗီနာမည်ကတော့ ဆိုဖီယာပါ။

 

Q :     မိဘတွေကရော။

A :      ဦးခင်မောင်ဇင်နဲ့ ဒေါ်ဝါ၀ါနိုင်ပါ။ မန္တလေးမှာနေပါတယ်။

 

Q :     ညီမလေးအသက်နဲ့ မွေးသက္ကရာဇ်ပြောပြလို့ရမလား။

A :      သမီး အသက်က ၁၆-နှစ်ခွဲပါ။ မွေးသက္ကရာဇ်က ၁၄.၄.၁၉၉၆ ပါ။

 

Q :     ညီမလေးရဲ့ ပညာရေးအခြေအနေကို ပြောပြပေးပါဦး။

A :      သမီးက သူငယ်တန်းကနေ ၇-တန်းအထိ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အ.ထ.က ဇီးကုန်း မှာ ကျောင်းတက်ခဲ့ပါတယ်။ ကျောင်းမှာလည်း အတန်းစဉ် ထူးချွန်ဆုတွေ ရခဲ့ပါတယ်။ အ.ထ.က ဇီးကုန်းမှာ ၇-တန်း စာမေးပွဲဖြေပြီးတော့ မန္တလေးက Horizon International School မှာ ဆက်တက်ဖြစ်တယ်။  ထူးချွန်မှုကြောင့် schlorship ရခဲ့ပါတယ်။ အဲဒီမှာ ၈-တန်း၊ ၉-တန်း၊ ၁၀-တန်း တက်ခဲ့တယ်။ Horizon မှာပဲ ၁၀-တန်းပြီးတော့ Edexcel IGCSE Examination ကို May မှာေ ဖြဆိုခဲ့ပါတယ်။

 

Q :     ညီမလေးရေ Edexcel IGCSE ဆိုတာကို နည်းနည်းပြောပြပါဦး။

A :      ဟုတ်ကဲ့အစ်မ။ အဲဒါက Secondary School Graduate Level ပါ။ အင်္ဂလန်က မေးခွန်းထုတ်ပြီး အင်္ဂလန်ကပဲ အဖြေလွှာတွေကို စစ်ပါတယ်။ သွားဖြေတော့ British Council မှာ ဖြေရတယ်။ သမီးက ၆-ဘာသာ ဖြေပါတယ်။ Human Bio, Bio, Maths B, Pure Maths , Physics နဲ့ Chemistry တို့ပါ။

 

Q :     အဲလို အင်္ဂလန်က စာမေးပွဲစစ်တယ်ဆိုတော့ အောင်စာရင်းကို ဘယ်လိုပုံစံထုတ်ပြန်ပေးလဲ။

A :      သူက အမှတ်စာရင်းနဲ့တော့ မထုတ်ပြန်ဘူး။ A*, A, B, C, D ဆိုပြီးထုတ်ပေးတယ်။ A* က အမြင့်ဆုံး။ အဲဒီကနေ A, B, C, D, E, F, U ဆိုပြီးထုတ်ပြန်တယ်။ F ထိပြီးရင် U လို့သတ်မှတ်တယ်။ U ကတော့ အနိမ့်ဆုံးပေါ့။

 

Q :     A* က အဆင့်မြင့်ဆုံးဆိုတော့ ညီမလေးက A* ရခဲ့တယ်လေ။ အဲလို A* ရအောင် ဘယ်လို ကြိုးစားခဲ့လဲ။

A :      သမီးက တစ်ခြားတော့ ထူးထူးခြားခြားမလုပ်ဖြစ်ပါဘူး။ အတန်းမှာ ဆရာစာသင်နေတဲ့အချိန်မှာ အာရုံစိုက်တယ်။ 100% concentration ပေးနိုင်အောင်ကြိုးစားပါတယ်။ ပေးလိုက်တဲ့ အိမ်စာပုံမှန်လုပ်တယ်။ တစ်နေကုန် သင်ပြီးလိုက်တဲ့စာတွေကို recall ပြန်လုပ်တယ်။

 

Q :     ကျောင်းက တနေကုန်တက်ရတယ်ဆိုတော့ စာတွေကို အိမ်မှာဘယ်လိုပြန်လုပ်ဖြစ်လဲ။

A :      တစ်နေ့စာကို တစ်နေ့ ပြီးအောင်လုပ်ပါတယ်။ စာမေးပွဲနီးရင် အချိန်ဇယားဆွဲပြီး Chapter အလိုက် revision ပြန်လုပ်ပါတယ်။ ပြီးရင် စာဖတ်ရင်း ကိုယ်တိုင် Notes ထုတ်ပါတယ်။ ဒီစာမေးပွဲမှာက သူတို့က သုံးစေချင်တဲ့စကားလုံးတွေရှိတယ်။ အဲဒါတွေက မေးခွန်းဟောင်းတွေကို လေ့လာပြီး ဖြေကြည့်မှသာသိနိုင်တယ်။ ဒါကြောင့် မေးခွန်းဟောင်းတွေကို ဖြေကြည့်ပါတယ်။ ဒါကြောင့် အရင်က မေးခွန်းဟောင်းတွေကိုလည်းများများလေ့လာသင့်ပါတယ်။

Q :     ဟုတ်ပါပြီ။ ညီမလေးက အခု Edexcel IGCSE -2012 မှာ A* နဲ့ အောင်မြင်ခဲ့ပြီးပြီဆိုတော့ အခုရော ဘာဆက်တက်နေလဲ။

A :      အခုလည်း Horizon မှာပဲ A – Level တက်နေပါတယ်။

 

Q :     အခုတက်နေတဲ့ A – Level ဆိုတာကရော။

A :      A – Level ဆိုတာကရော college အဆင့်ပုံစံမျိုးပါပဲ။ ၂-နှစ် တက်ရပါမယ်။ အဲဒီ ၂-နှစ်ပြီးရင်တော့ နိုင်ငံခြားတက္ကသိုလ်တစ်ခုခုကို ၀င်ခွင့်လျှောက်လို့ရပါတယ်။ သမီးက ဆရာဝန်ဖြစ်ချင်တယ်။ တက္ကသိုလ်တစ်ခုခုရအောင် ကြိုးစားမှာပါ။ တကယ်တက်ချင်တာကတော့ အမြင့်ဆုံးတွေထဲကတစ်ခုဖြစ်တဲ့ Cambridge University ကို တက်ချင်ပါတယ်။ ပထမဦးဆုံးကတော့ တစ်ခြား university တစ်ခုကို တက်ပြီး နောက်မှ တဆင့်ပြီးတဆင့် ဆက်ကြိုးစားသွားမှာပါ။

 

Q :     ညီမလေးက တူရကီနိုင်ငံမှာပြုလုပ်တဲ့ တူရကီစကားပြောပြိုင်ပွဲမှာလည်း ဆုရထားတယ်လို့ကြားတယ်။ အဲဒါလေးလည်းပြောပြပေးပါဦး။

A :      ဟုတ်ကဲ့။ အဲဒါက တူရကီနိုင်ငံမှာ သွားပြိုင်ရတာ။ နိုင်ငံပေါင်း ၁၃၅-နိုင်ငံလာပြိုင်ကြပါတယ်။ အဲဒီမှာမှ အဖွဲ့တွေ ပြန်ခွဲလိုက်တယ်။ သမီးကတော့ အရှေ့တောင်အာရှ(၇)နိုင်ငံထဲမှာ ပါတယ်လေ။ တူရကီစကားပြော ပြိုင်ရတာပါ။ အရှေ့တောင်အာရှ (၇)နိုင်ငံမှာ သမီးက တတိယဆုရခဲ့တာပါ။

 

Q :     ဟုတ်ကဲ့ပါ။ ညီမလေးက ဆရာဝန်ဖြစ်ချင်တယ်လို့ပြောထားတယ်နော်။ ဒီတော့ ညီမလေးရဲ့ မျှော်မှန်းချက်ကို ပြောပြပေးပါဦး။

A :      သမီးက အဓိက ဆရာဝန်ဖြစ်ချင်တာက Bio ကို စိတ်ဝင်စားလို့ပါ။ Bio Technologies တွေကို စိတ်ဝင်စားတယ်။ ဒါကြောင့် ဆရာဝန်(ဆေးကျောင်း)တက်ခွင့်ရချင်တယ်။ Ph.D အထိရောက်အောင် သမီး ကြိုးစားသွားမှာပါ။

 

Q :     ဒါဆို ညီမလေးရဲ့ အနာဂတ် ရည်မှန်းချက်ကို ပြောပြပါဦး။

A :      အနာဂတ်မှာ သမီး ကိုယ်ပိုင် Fund တစ်ခုထောင်ချင်တယ်။ သမီးတတ်တဲ့ပညာနဲ့ လူသားအားလုံးကိုကူညီချင်ပါတယ်။

 

Q :     မွတ်စလင်မ်တစ်ယောက်ဖြစ်ရတဲ့ ညီမလေးရဲ့ ခံစားချက်လေးကိုလည်း ပြောပြပေးပါဦး။

A :      မွတ်စလင်မ်တစ်ယောက်ဖြစ်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ပြီးတော့ ပညာရေးမှာဆိုလည်း ကိုယ်ချည်းပဲ ကြိုးစားလို့မရဘူးလေ။ အလ္လာဟ်အရှင်မြတ်ထံလည်း ဆုတောင်းရပါတယ်။ သမီးက စာမေးပွဲဖြေရမယ်ဆိုရင် နဖွင်လ်နမားဇ် ၂-ရကအသ်ကို အမြဲဖတ်ပါတယ်။ ဗိစ္စမစ္စလာလည်း အမြဲ ရွတ်ဖတ်တယ်။

 

Q :     မွတ်စလင်မ်မိန်းကလေးတစ်ယောက်အနေနဲ့ တခြားမွတ်စလင်မ်မိန်းကလေးတွေကိုရော ဘယ်လိုစကားလက်ဆောင်ပါးချင်ပါလဲ။

A :      မွတ်စလင်မ်မိန်းကလေးတွေကို ထူးချွန်ထက်မြက်စေချင်ပါတယ်။ ပညာရေးဘက်မှာလည်း ထူးချွန်စေချင်ပါတယ်။ ဒါကြောင့် ကြိုးစားကြပါလို့ပြောချင်ပါတယ်။

 

Q :     အခုလို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးတဲ့ ညီမလေး ခင်မြင့်မြတ်ဇင်ကို ကျေးဇူးအများကြီးတင်ပါတယ်။

A :      သမီးကို အခုလို ဂုဏ်ပြုမေးမြန်းတဲ့အတွက် သမီးကလည်း ကျေးဇူးတင်ပါတယ် အစ်မ။

 

ထူးချွန်မြန်မာမွတ်စလင်မ် လူငယ်ကဏ္ဍအတွက် ယခု အင်တာဗျူးပေးပို့လာတဲ့ မဝိုင်း ကို M-Media မှ ကျေးဇူးအထူးတင်ရှိပါတယ်။

Leave a Reply