6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၈၊ ၂၀၁၆
M-Media

charity

– ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့အလှူဒါန အရက်ရောဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရပ်တည်နေပြီး ၃ နှစ်ဆက်တိုက် ထိပ်ဆုံးတွင် ရှိနေခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ ပရဟိတဖောင်ဒေးရှင်းတစ်ခုဖြစ်သော Charities Aid Foundation က ထုတ်ပြန်ပြီး ‘ကမ္ဘာ့အလှူဒါန အညွှန်းကိန်း’ (World Giving Index) ဟု အမည်ပေးထားသည့် အဆိုပါ အဆင့်သတ်မှတ်ချက်ကို နိုင်ငံတစ်နိုင်ငံရှိ ပြည်သူများ၏ ငွေကြေးလှူဒါန်းမှု၊ စေတနာ့ဝန်ထမ်း ပါဝင်လှုပ်ရှားမှု သို့မဟုတ် တစ်စိမ်းတရံစာများကို ကူညီမှု ပျမ်းမျှ ရာခိုင်နှုန်းများကို တွက်ချက်ခြင်းဖြစ်သည်။

အဆိုပါ အညွှန်းကိန်းတွင် အမေရိကန်က နံပါတ် ၂ တွင်ရှိနေပြီး ၂ နှစ်ဆက်တိုက် ဒုတိယနေရာတွင် ရှိနေခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်ကမူ မြန်မာနှင့် အမေရိကန်တို့မှာ ထိပ်ဆုံးတွင် ပူးတွဲရှိနေခဲ့သည်။

Charities Aid Foundation ၏ လေ့လာမှုများအရ မြန်မာပြည်သူများ၏ ၉၁ ရာခိုင်နှုန်းမှာ ပြီးခဲ့သည့်နှစ်အတွင်း ငွေကြေးများလှူဒါန်းခဲ့ကြပြီး ၆၂ ရာခိုင်နှုန်းကမူ မိမိတို့အနေဖြင့် သူစိမ်းတရံစာများကို ကူညီသည်ဟု ပြောကြားခဲ့သည်။ ၅၅ ရာခိုင်နှုန်းက ၎င်းတို့မှာ စေတနာ့ဝန်ထမ်း ပါဝင်လုပ်ကိုင်ပေးကြသည်ဟု ဆိုသည်။

“ကျွန်တော်ရဲ့ နိုင်ငံတွေကို အညွှန်းကိန်းသတ်မှတ်မှုဟာ ပြည်သူလူထုရဲ့ လှူဒါန်းမှုအချိုးကို ကြည့်တာဖြစ်ပြီး ဘယ်လောက် လှူဒါန်းလဲဆိုတာကို ကြည့်တာမျိုး မဟုတ်ပါဘူး။ ဘေးအန္တရာယ်တွေ၊ အခက်အခဲတွေက လှူဒါန်းသူအရေအတွက်ကို မြင့်တက်စေပါတယ်” ဟု CAF မှ မီဒီယာဒါရိုက်တာဖြစ်သူ ဆီမွန်ဝါ့ဒ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၆ သန်းရှိပြီး အမေရိကန်လူဦးရေ၏ ၅ ပုံ ၁ ပုံသာ ရှိနေသည်။

CAF ကမူ စစ်တမ်းကောက်ယူမှုတွင် မြန်မာနိုင်ငံက ရလဒ်ကောင်းများ ဆက်တိုက်ကောင်းမွန်မှုကို အသိအမှတ်ပြုခဲ့ပြီး ထိုသို့ ရက်ရောခြင်းမှာ ပြည်သူများ၏ ယဉ်ကျေးမှု၊ ဘာသာရေးယုံကြည်ချက်တို့နှင့် သက်ဆိုင်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

“ဆင်းရဲတဲ့နိုင်ငံတစ်ခုက ရယူခြင်းထက် ပေးဆပ်ခြင်းကို အဓိကထားခြင်းအားဖြင့် ရက်ရောမှုမှာ နံပါတ် ၁ ဖြစ်လာနိုင်တယ်ဆိုတာကို ဒီရလဒ်က ဖော်ပြနေပါတယ်” ဟု မြန်မာသမ္မတ၏ စီးပွားရေးအကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ပြောကြားခဲ့သည်။

ကမ္ဘာ့ အလှူအတန်း အရက်အရောဆုံး နိုင်ငံများစာရင်းတွင် မြန်မာနှင့် အမေရိကန်တို့ပြီးနောက် သြတေးလျ၊ နယူးဇီလန်နှင့် ကနေဒါတို့က အသီးသီး ရှိနေကြသည်။

အီရတ်နိုင်ငံကမူ ပြည်တွင်းဖြစ်နေသော်လည်း သူစိမ်းတစ်ရံစာများကို ကူညီရာတွင် ထိပ်ဆုံး၌ ရှိခဲ့ပြီး အာဖရိကတိုက်မှ နိုင်ငံများကလည်း ပြီးခဲ့သည့်နှစ်အတွင်း ရက်ရောမှု အတိုးတက်ဆုံးနိုင်ငံများ ဖြစ်ခဲ့သည်။

Ref : CNN

Comments are closed.