6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၂၊ ၂၀၁၆
M-Media

mdb

– မလေးရှားသူဌေး ဂျိုလို၏ BSI ဘဏ်စာရင်းများနှင့် နာမည်ပျက်နေသော မလေးရှားနိုင်ငံပိုင်လုပ်ငန်း 1MDB ၏ ဘဏ်စာရင်းများ ကိုင်တွယ်ဆောင်ရွက်ပေးသူ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်ဟောင်း ယက်ယွယ်ချူးကို စင်ကာပူ တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် ၁၈ ပတ် ချမှတ်ခဲ့သည်ဟု သိရသသည်။

စာရွက်စာတမ်းအတုပြုလုပ်မှုနှင့် ဒေါ်လာ ၁၀ သန်းကျော် ပါဝင်သည့် သံသယဖြစ်ဖွယ်ငွေလွှဲစာရင်းကို အစီရင်ခံစာတင်ရန် ပျက်ကွက်မှုဖြင့် အပြစ်ရှိကြောင်းတွေ့ရှိကြောင်း ၀န်ခံခဲ့၍ ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂၄၀၀၀ လည်း ပေးရမည်ဖြစ်သည်။

ယက်ယွယ်ချူးမှာ 1MDB လုပ်ငန်းနှင့် စက်ဆပ်၍ စင်ကာပူအစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် ၄ ဦးထဲမှ တစ်ဦးလည်းဖြစ်သည်။

အသက် ၅၇ နှစ်အရွယ်ရှိပြီး ဆွစ်ဘဏ် BSI ၏ စင်ကာပူရုံးခွဲ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ ယက်က ၎င်းအား တရားစွဲဆိုထားသည့် အမှုပေါင်း ခုနှစ်မှုအနက် လေးမှုတွင် ပါဝင်ကြောင်း ၀န်ခံခဲ့သည်။ ယင်းအမှုများအနက် နှစ်ခုမှာ ဂျိုလိုမိသားစုအတွက် ငွေလွှဲစာအတု ရေးသားမှုနှင့် အခြားနှစ်ခုမှာ ဒေါ်လာဆယ်သန်းကျော်လွှဲမှုအား အစီရင်ခံတင်ရန် ပျက်ကွက်မှုတို့ ဖြစ်သည်။

မစ္စတာလိုကိုလည်း စင်ကာပူက လက်ရှိစုံစမ်းနေသော 1MDB အမှုနှင့် သက်ဆိုင်သူတစ်ဦးအဖြစ် သတ်မှတ်ထားပြီး နိုင်ငံတော်ဘဏ္ဍာ သန်းထောင်ချီကို အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲထားသည်။

ယက်ယွယ်ချူးမှာ စာရွက်စာတမ်းအတုလုပ်မှုအတွက် အမြင့်ဆုံး ထောင်ဒဏ်လေးနှစ်နှင့် ဒဏ်ငွေကိုလည်းကောင်း သံသယဖြစ်ဖွယ် ငွေလွှဲမှုအား သတင်းပေးပို့ရန် ပျက်ကွက်မှုအတွက် စင်ကာပူဒေါ်လာ ၂၀၀၀၀ အထိလည်းကောင်း ကျခံရနိုင်သည်။

Ref : CNA

Tags:

Comments are closed.