2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
3 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၈၊ ၂၀၁၆
M-Media

wirathu

– မြန်မာအစိုးရနှင့် သံဃမဟာနာယကအဖွဲ့တို့၏ လစ်လျူရှုခြင်းကို ခံထားရပြီး မွတ်စလင်ဆန့်ကျင်ရေး အမုန်းမီးကို မကြာခဏ တောက်လောင်စေသည်ဟု အပြစ်တင်ခံရသည့် အမျိုးသားရေးဘုန်ကြီးတစ်ပါးက အမေရိကန်ပြည်သူများ ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့မှုမှာ သက်သေထူလိုက်ခြင်းဖြစ်သည်ဟု ခံစားရကြောင်း ပြောကြားခဲ့သည်။

မဘသဟုခေါ်ဆိုပြီး မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခု၏ ထင်ရှားသော ခေါင်းဆောင်ဖြစ်သူ ဦးဝီရသူက အစ္စလာမ်နှင့်ပတ်သက်၍ ၎င်း၏ အမြင်နှင့် ရီပက်ဘလစ်ကန်ပါတီမှ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်တို့၏အမြင်မှာ တူညီသည်ဟု နှိုင်းယှဉ်ပြောကြားခဲ့သည်။ ထရမ့်၏ မဲဆွယ်ပွဲတွင် မွတ်စလင်ဆန့်ကျင်ရေး စကားများ၊ နိုင်ငံအတွင်း မွတ်စလင်များ ၀င်ရောက်မှုကို ပိတ်ပင်ခြင်း၊ ဗလီများကို စောင့်ကြည့်မှုတိုးမြင့်ခြင်းတို့ အပါအ၀င် ၎င်းလုပ်ဆောင်မည်ဆိုသည့် ကိစ္စများနှင့် ပလူပျံခဲ့သည်။ ထိုပေါ်လစီများ လက်တွေ့ဆောက်ရွက်မည့်ပုံစံကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေး။

“ဦးဇင်းတို့က ကမ္ဘာကြီးရဲ့ ပြစ်တင်မှုကို ခံနေရပေမယ့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို ကာကွယ်နေတာပါ။ ကမ္ဘာကြီးက ကျဉ်းမြောင်းတဲ့အမြင်တဲ့ ဦးဇင်းတို့ကို ကြည့်တယ်။ ဒါပေမယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဘိုးအေနိုင်ငံကြီးက ပြည်သူတွေဟာ အမျိုးသားရေးကို ဦးစားပေးတဲ့နေရာမှာ ဦးဇင်းနဲ့တူတဲ့ ဒေါ်နယ်ထရမ့်ကို ရွေးလိုက်တဲ့အခါကြတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်ညှိုးထိုးမှုတွေ လျှော့ကျသွားမှာပါ” ဟု ဦးဝီရသူက ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်ရှိ အမျိုးသားရေးအုပ်စုများနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောထားကိုလည်း ၎င်းက ဖွင့်ဟခဲ့သည်။

“အမေရိကားမှာ အစ္စလာမ်မိုက်ဇေးရှင်းရန်ကိုကာကွယ်ဖို့ ဦးဇင်းတို့လိုအဖွဲ့တွေ ရှိမှာပါ။ အဲဒီအဖွဲ့တွေဟာ မြန်မာနိုင်ငံက အဖွဲ့တွေဆီလာပြီး အကြံဉာဏ်တွေ ရယူလို့ရသလို၊ ဆွေးနွေးလို့လည်းရပါတယ်”

ဦးဝီရသူမှာ လူဦးရေ ၅၅ သန်းရှိပြီး ဗုဒ္ဓဘာသာဝင်အများစုရှိသည့် မြန်မာနိုင်ငံတွင် အမုန်းတရားအပြည့်ပါဝင်သည့် အစ္စလာမ်ဆန့်ကျင်ရေး ၀ါဒဖြန်မှုများဖြင့် အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်နေသည်ဟု စွပ်စွဲခံထားရသည်။ ဗုဒ္ဓဘာသာဝင်များ ဦးဆောင်သော တိုက်ခိုက်မှုများကြောင့် ၂၀၁၂ ခုနှစ်တွင် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီး သိန်းနှင့်ချီသောလူများမှာ ၎င်းတို့၏ အိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုအထဲတွင် အများစုမှာ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်စလင်များဖြစ်သည်။

ရိုဟင်ဂျာဆန့်ကျင်ရေး သဘောထားများက မြန်မာနိုင်ငံတွင် လူကြိုက်များသည်။ ရိုဟင်ဂျာမိသားစု အများအပြားမှာ မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြသော်လည်း ထိုလူမျိုးစုကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသူများဟု မှတ်ယူကြသည်။

တစ်ချိန်တည်းမှာပင် ၀ီရသူ၏ သြဇာကလည်း ပြီးခဲ့သည့်နှစ်အတွင်း ကျဆင်းခဲ့သည်။ ၎င်းက ၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် အစိုးရကို ထောက်ခံခဲ့သည်။ သို့သော်လည်း ယခင်အာဏာရခဲ့သည့် ထိုပါတီက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်ကိုသာ ၎င်းက မြင်ခဲ့ရသည်။

ဇူလိုင်လက ရန်ကုန်ရှိ NLD အကြီးတန်း တာဝန်ရှိသူတစ်ဦးက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးကော်မတီ (မဘသ) မလိုအပ်ဟု ပြောကြားခဲ့သည်။ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန် အာဏာပိုင်များကို တိုက်တွန်းမှုကတော့ အရာမထင်လာ။ ထိုလမှာပင် နိုင်ငံ၏ ထင်ရှားသည့် ဘုန်းတော်ကြီးများက ထိုအဖွဲ့နှင့်မသက်ဆိုင်ကြောင်း လူသိရှင်ကြား ကြေငြာခဲ့သည်။

အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော Myanmar Times သတင်းစာ၌ သြဂုတ်လတွင် Ma Ba Tha fades with barely a whimper ဟူသည့် ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။

ဦးဝီရသူကတော့ ၎င်းတွင် တစ်ဖြည်းဖြည်းဖြင့် ခြေရာဖျောက်သွားရန် အစီအစဉ်မရှိဟု ဆိုသည်။

“ဒီအစိုးရက ဦးဇင်းတို့ မဘသကို အလိုမရှိဘူး” ဟု သင်္ကန်းရုံကာ ထိုင်ခုံပေါ်တွင်ထိုင်နေသည့် ဦးဝီရသူက ပြောကြားခဲ့သည်။ ၎င်း၏ လက်ထောက်များကတော့ ထိုပြောကြားမှုများကို ဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူးနေကြသည်။ မဘသက မည်သည့် ဥပဒေမှ ချိုးဖောက်ခြင်းမရှိသောကြောင့် ၎င်းတို့အား တားဆီးရန် NLD ၏ ကြိုးပမ်းမှုက “လွယ်ကူမည်မဟု” ဟု ဦးဝီရသူက ထပ်လောင်းပြောကြားခဲ့သည်။

“အစိုးရကလည်း သက်တမ်းသိပ်မကြာသေးဘူး၊ ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာလဲ မသိဘူးဆိုတော့ လက်ရှိ ဦးဇင်းတို့က စောင့်ကြည့်နေပါတယ်။ အစိုးရကို ထိခိုက်စေမယ့် လှုပ်ရှားမှု ဒါမှမဟုတ် ဆန့်ကျင်မှု ဘာမှ လုပ်မနေပါဘူး။ ဒါပေမယ့် အစည်းအဝေးတွေလုပ်မယ်၊ ကြေငြာချက်တွေထုတ်မယ့်၊ ကူညီမှုတွေလုပ်သွားပါမယ်”

ဥပမာအားဖြင့် ၎င်းတို့အသင်းဝင်များက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စားနပ်ရိက္ခာများ ဝေငှနေသည်ဟု ဆိုသည်။

ပြီးခဲ့သည့်လက ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့သည့် နယ်ခြားစောင့်စခန်းများကို စစ်သွေးကြွများက တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ရိုဟင်ဂျာများနှင့် စစ်သားများစွာ သေဆုံးခဲ့ပြီးဖြစ်သည်။ ရိုဟင်ဂျာအရေး လှုပ်ရှားသူများကတော့ အပြစ်မဲ့အရပ်သားများ အသတ်ခံခဲ့ရသည်ဟု ပြောကြားခဲ့သော်လည်း အစိုးရက မိမိတို့အနေဖြင့် ‘အကြမ်းဖက် တိုက်ခိုက်ရေးသမားများ’ ကို တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ နိုင်ငံတကာ မီဒီယာနှင့် အကူအညီပေးရေး အဖွဲ့များမှာလည်း ထိုဒေသသို့ ၀င်ရောက်ခွင့်မရပေ။

Ref: AP

Tags:

Comments are closed.