5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၆၊ ၂၀၁၆
M-Media

police

– နယူးယောက်ရှိ မွတ်စလင်ရဲမေတစ်ဦးအား စော်ကားပြောဆိုကာ၊ အသက်န္တရာယ် ခြိမ်းခြောက်ခဲ့သူတစ်ဦးကို ကန်ရဲတပ်ဖွဲ့က အမုန်းရာဇ၀တ်မှုဖြင့် ယမန်နေ့တွင် တရားစွဲဆိုခဲ့သည်ဟု သိရသည်။

ခြိမ်းခြောက်ခံရသူမှာ အမ်လ် အလ်ဆိုကရီဆိုသူ ဖြစ်ပြီး စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနောက်ပိုင်းတွင် နယူးယောက်ရဲဌာနသို့ ၀င်ရောက်မှုထမ်းခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ တာဝန်ချိန်မဟုတ်သည့် စနေနေ့က သားဖြစ်သူနှင့်အတူ အပြင်သွားစဉ် အမျိုးသားတစ်ဦးက ပုဝါဆောင်းထားသော ၎င်းကို ‘ကိုယ့်နိုင်ငံကိုယ်ပြန်’ ဟု ဟစ်အော်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ် ၎င်း၏သားကိုလည်း တွန်းထိုးခဲ့သည်။ ထို့နောက် အဆိုပါ အမျိုးသားမှာ IS အကြမ်းဖက်အဖွဲ့နှင့် ၎င်းအား ချိတ်ဆက်ပြောဆိုခဲ့ပြီး လည်ပင်းလှီးမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

ကျူးလွန်သူမှာ အသက် ၃၆ နှစ်အရွယ် ခရစ္စတိုဖာ နဲလ်ဆင်ဆိုသူ ဖြစ်သည်။

အလ်ဆိုကရီကမူ ထိုအဖြစ်အပျက်မျိုးကို ပထမဆုံး ကြုံတွေ့ရခြင်းဖြစ်သည်ဟု ယမန်နေ့က နယူးယောက်မြို့တော်ဝန်နှင့်အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“မွတ်စလင်အမျိုးသမီးတစ်ယောက်၊ နယူးယောက်မြို့သားတစ်ယောက်ဟာ ဒီလိုအလုပ်မျိုး လုပ်လို့ရတယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့အမြင်မျိုးကို ပြချင်လို့ ကျွန်မ ရဲတပ်ဖွဲ့ထဲ ၀င်ခဲ့တာပါ။ ဘယ်ဘာသာပဲဖြစ်ဖြစ်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘာအလုပ်ပဲလုပ်လုပ် လူတိုင်းကို ကူညီဖို့ပါ။ ကျွန်မက ဒီမှာမွေးပြီး၊ ဒီမှာကြီးတာရှင့်”

အလ်ဆိုကရီမှာ ၂၀၁၄ ခုနှစ်က အဆောက်အဦးတစ်ခု မီးအကြီးအကျယ်လောင်ရာတွင် အဆောက်အဦးအတွင်း ပိတ်မိနေသည့် ရင်ခွင်ပိုက်ကလေးတစ်ဦးကို လုပ်ဖောင်ကိုင်ဖက်တစ်ဦးနှင့်အတူ သက်စွန့်ဆံဖျား ကယ်တင်ခဲ့ဖူးသူဖြစ်သည်ဟု နယူးယောက်ရဲဌာနက ပြောကြားခဲ့သည်။

ရဲမင်းကြီး ဂျိမ်းစ်အိုနေးလ်ကမူ ထိုအဖြစ်အပျက်အပြီး ၎င်းတို့နှစ်ဦး မီးခိုးမွှန်မှုကြောင့် ဆေးရုံတက်ခဲ့ရသည့် အချိန်တွင် သွားရောက်အားပေးမှုကို သတင်းစာရှင်းလင်းပွဲတွင် ပြန်ပြောင်းပြောပြခဲ့သည်။

“ခင်ဗျားနဲ့ ခင်ဗျားသူငယ်ချင်းတို့က အံ့သြမှင်သက်လောက်တဲ့ အလုပ်ကို လုပ်ခဲ့ကြတာဗျ” ဟု အလ်ဆိုကရီကို ပြောကြားခဲ့သည်။

နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာစီယိုက နယူးယောက်ရဲဌာနရှိ ၀န်ထမ်းပေါင်း ၃၆၀၀၀ တွင် မွတ်စလင်ရဲဝန်ထမ်း ၉၀၀ ခန့် ၀င်ရောက်အမှုထမ်းနေသည်ဟု ပြောကြားခဲ့သည်။

“၂၀၁၄ ခုနှစ်မှ သူမ (အလ်ဆိုကရီ) ဟာ မီးလောင်နေတဲ့ အဆောက်အဦးအတွင်းကို ၀င်သွားပြီး ကလေးတစ်ဦးနဲ့ အဖွားဖြစ်သူတို့ကို ကယ်တင်ခဲ့ပါတယ်။ စနေနေ့မှာတော့ ‘နင်တို့တိုင်းပြည် နင်တို့ပြန်’ လို့ သူမနဲ့ သူ့သားက အော်ခံလိုက်ရတယ်။ ဒါ(အမေရိကန်) က အလ်ဆိုကရီရဲ့ တိုင်းပြည်ဗျ။ သူက အမေရိကန်တစ်ဦး၊ နယူးယောက်သားတစ်ဦး။ သူ့ဇာတိမှာ သူရှိနေတာဗျ” ဟု မြို့တော်ဝန်က စော်ကားမှုအတွက် တုန့်ပြန်ပြောဆိုခဲ့သည်။

Ref: ABC News

Comments are closed.