5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၁၊ ၂၀၆
M-Media

– သမ္မတပူတင်၏သမီး နှစ်သက်သော အကအားကစားနည်းတစ်ခုဖြစ်သည့် acrobatic rock’n’roll အတွက် ရုရှားအစိုးရမှာ ကန်ဒေါ်လာ သန်း ၃၀ တန် အကစင်တာတစ်ခုကို ဆောက်လုပ်ပေးခဲ့သည်ဟု Reuters သတင်းဌာနကဖော်ပြခဲ့သည်။

Zhavoronki Acrobatic Rock’n’Roll အကစင်တာဖြစ်ပြီး မော်စကိုမြို့အနောက်ဖက် ဆင်ခြေဖုံးတွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ အဆိုပါအဆောက်အဦး ဆောက်လုပ်ရန်အတွက် စည်ပင်သာယာရေးဌာနက ငွေထုတ်ပေးခဲ့သည်။

World Rock’n’Roll Confederation (WRRC) အဖွဲ့ကမူ ထိုစင်တာမှာ acrobatic rock’n’roll အားကစားနည်းအတွက် ထူးရှယ်အဆောက်အဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။ စင်တာအတွက် သုံးစွဲသည့် ငွေကြေးပမာဏမှာ ရုရှားတွင် ပို၍ လူကြိုက်များသည့် မြှားပစ်အားကစားနည်းနှင့် ဘိုင်သလွန်အားကစားနည်းတို့တွင် သုံးစွဲသည့် ငွေကြေးထက် အဆမတန် များပြားနေသည်။

သမ္မတပူတင်၏ အငယ်ဆုံးသမီးဖြစ်သူ ကက်ထရီနာ တီဟိုနိုဗာမှာ Moscow City Khamovniki အားကစားနှင့် အကသင်တန်းကျောင်းတွင် acrobatic rock’n’roll အက အားကစားနည်းကို သင်ကြားပေးနေပြီး အစိုးရကဆောက်ပေးသည့် Zhavoronki Acrobatic Rock’n’Roll စင်တာမှာ အဆိုပါ သင်တန်းကျောင်းအတွက် ဖြစ်သည်။

အသက် ၃၀ အရွယ်ရှိ တီဟိုနိုဗာမှာ ရုရှားရှိ ထိပ်တန်း acrobatic rock’n’roll အားကစားမယ်တစ်ဦးဖြစ်ပြီး WRRC ၏ ဒုတိယ ဥက္ကဌလည်းဖြစ်သည်။ ထို့ပြင် ရုရှား၏ အားကစားအဖွဲ့ချုပ်တွင် အကြီးတန်း တာဝန်ရှိသူဖြစ်ကာ နိုင်ငံတကာ ကော်မတီနှင့် ရုရှားဒေသဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့တွင်လည်း တာဝန်ယူထားသည်။

Ref: Reuters

Tags:

Comments are closed.