5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၈၊ ၂၀၁၆
M-Media

shape

– ရှေးဦးမွတ်စ်လင်မ်တို့၏ ဖြစ်ထွန်းအောင်မြင်မှုများအကြောင်း စာအုပ်သစ်တစ်အုပ် ထွက်ရှိလာပါသည်။

အစ္စလာမ်သာသနာကို အကြမ်းဖက်မျက်နှာစာနှင့်တွဲ၍ မကြာခဏ ဖော်ပြခံရလေ့ရှိ၏။ သို့ဖြစ်ရာ အစ္စလာမ်သည် ကမ္ဘာ့ယဉ်ကျေးမှုထက်စာလျှင် တိတ္ထိအယူ မပါဝင်သလောက်သာရှိကြောင်း သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှုအရ၊ သတိဥာဏ်သမ္ပဇဉ်အရ သတိပေးရန်အလို့ငှာ ဖြေလျော့ရာရုပ်လုံးတစ်ရပ် ထွက်ပေါ်လာပေသည်။ ၎င်းမှာ Chase Robinson က Islamic Civilisation in Thirty Lives အမည်ငြ့် ရေးသားသောစာအုပ်တစ်အုပ်ဖြစ်ပြီး အစ္စလာမ့်သမိုင်းမှ ထင်ရှားကြီးမြတ်သူ ပုဂ္ဂိုလ် ၃၀ ဦးကို ကလောင်စွမ်းဖြင့် ခြယ်မှုန်းတင်ပြထားသည်။

ယင်းစာအုပ်၌ အေဒီ ၇ ရာစု အာရေဗျကျွန်းဆွယ်ကာလအတွင်း ကန္တာရ၏အိုအေစစ်ဖြစ်ခဲ့သော တမန်တော်မုဟမ္မဒ်(ငြိမ်းချမ်းပါစေ)မှ စတင်၍ နောက်နှစ်ပေါင်း ၉၀၀ အလွန် ရှားဟ်အစ္စမာအီလ်အထိ စစ်သည်တော်များနှင့် အာဏာစက်ကျယ်ပြန့်လှသော မင်းဘုရင်များလည်း ပါဝင်ကြသည်။ သို့သော် ရော်ဘင်ဆင်က ၎င်းတို့၏ အနုသုခုမ ဒဿနကျက်စားမှုနှင့် နှိုင်းစာလျှင် ၎င်းတို့၏ ကာကွယ်ရေးကိုယ်လုံစွမ်းရည်များမှာ ဒုတိယအဆင့်သာရှိကြောင်း တင်ပြထားသည်။ တမန်တော်မုဟမ္မဒ်သည် သူ၏ စစ်မြေပြင်ရေးရာအတွက်သာမဟုတ်၊ သူ၏ လင်္ကာဖွဲ့စွမ်းရည်ကြောင့်လည်း ထင်ရှားကျော်ကြားသူဖြစ်၏။ ဆိုက်ပရပ်စ်ကို အရယူနိုင်ခဲ့သော အဗ်ဒုလ် မာလစ်က်သည် ဂျေရုဆလင်ရှိ ကျောက်ပေါင်းမိုးခုံးဝတ်ကျောင်းတော် တည်ဆောက်ခြင်းအတွက် မော်ကွန်းတင်ခံရသူဖြစ်သည်၊ သို့သော် သူသည် ယင်ကောင်တစ်ကောင်အား သတ်ရန်ကိုပင်လျှင် ကြဉ်ရှောင်လိုသူအထိ မွန်မြတ်သူဖြစ်ကြောင်းကိုမူ လူသိနည်းပါးလှ၏။ အိန္ဒိယအနောက်တောင်ပိုင်းရှိ ဟိန္ဒူဘုရင့်နယ်မြေများကို အောင်နိုင်ခဲ့သော ဂျိဟာ့ဒ်ဝါဒီ ဂဇ်နီနယ်မှ မဟ်မူးဒ်မှာ အစ္စလာမ်၏အရှေဖျားဒေသတို့ကို ပန်းဥယျာဉ်များဖြင့် တန်ဆာဆင်ခဲ့ခြင်းကြောင့် ကြည်ညိုအားကျခံရသူဖြစ်သည်။ မွန်ဂိုသိုးကျောင်းသားနှင့် ကမ္ဘာကို ခါးစောင်းတင်နိုင်ခဲ့သော တိမူးရ်သည် ဦးခေါင်းခွံမျှော်စင်များကိုသာမက စမာရ်ကန်ဒေသ၏ ထူးခြားကြီးကျယ်လှပသည့် ဗလီဝတ်ကျောင်းများကိုလည်း တည်ဆောက်ခဲ့၏။ ကွန်စတန်တီနိုပယ်၏ အော်တိုမန်ဧကရာဇ် ဒုတိယမြောက် စုလ်တာန် မုဟမ္မဒ်မှာ စာပေနှင့်အသိအတတ်ပညာများကို ပြန်လည်နှိုးဆွထွန်းတောက်စေခဲ့သူဖြစ်သည်။

တိုက်ခိုက်ရေးသမားများကဲ့သို့ ညှို့အားကောင်းသည့် အခြားဂုဏ်အင်္ဂါများဖြင့်လည်း ခေတ်ကို ဦးဆောင်ခဲ့ကြပါသေးသည်။ ရော်ဘင်ဆင်၏ မီးမောင်းထိုးပြမှု၌ သီးခြားတွေးခေါ်ရှင်ပါရဂူများ၊ ဇီဝဗေဒပညာရှင်များ၊ လက်ရေးလှသရုပ်ဖော်ပညာရှင်များ၊ မုဟမ္မဒ် အလ်အီဒရိစ် အပါအ၀င် မြေပုံဆွဲအတတ်ပညာရှင်များ၊ ရာဇ၀င်ပညာရှင်များနှင့် စာဆိုကြီးများလည်း ပါဝင်နေ၏။ အဆိုပါ မုဟမ္မဒ် အလ်အီဒရိစ် သည် မိမိကိုယ်၌က စာပေတတ်မြောက်ခြင်းမရှိသော်လည်း သူ၏ဆင့်ဆိုတင်ပြချက်မှာမူ စာပေဖြင့် မှတ်တမ်းတင်ခံရပေသည်။

အမျိုးသမီးများသည်လည်း ပညာရှင်များအဖြစ် ထွန်းပေါက်ခဲ့ကြသည်။ မက္ကဟ်ဝတ်ကျောင်းတော်၏ခေါင်မိုးများအောက်ဝယ် ကရီမာ အလ်မရ်ဝီဇီယဟ်သည် အမျိုးသားနှင့် အမျိုးသမီး နှစ်မျိုးစလုံးအတွက် ကုရ်အာန်လေ့လာရေးအသိုင်းအ၀ိုင်းကို ဦးဆောင်ခဲ့သည်။ အစ္စလာမ့်ထုံးတမ်းဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်သူများနှင့် တမန်တော်၏နောက်လိုက်အများအပြားမှာ အမျိုးသမီးများပင် ဖြစ်ကြသည်။

မြို့သစ်တည်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်နှင့် အသိပညာပေးလုပ်ငန်းတို့မှာ ထင်ရှားထူးခြားသောခေတ်သစ်ဖြစ်စဉ်တစ်ရပ်ဟူ၍ ဆိုကြသည်၊ သို့သော် ၎င်းမှာ မှားယွင်းနေသည်ဟု ရော်ဘင်ဆင်က ဆိုသည်။ စင်စစ်၌ အစ္စလာမ်လောကသည် ရှေးယခင်ကတည်းက ကမ္ဘာ့ရွာစနစ်၊ မတူကွဲပြားသည့် ယဉ်ကျေးမှုအသီးသီးစုစည်းချက်၊ ၀တ်မှုန်ကူးစိုက်ပျိုးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအမြင်တို့ကို စံနမူနာပြကျင့်သုံးခဲ့ပေသည်။ ကုန်သွယ်မှုမှ ကြွယ်ဝလာသဖြင့် ၎င်း၏မြို့ကြီပြကြီးများမှာ ကမ္ဘာ့အကောင်းဆုံးအဆင့် ၀င်ခဲ့သည်။ လွန်ခဲ့သော နှစ်တစ်ထောင်အလျင် အေဒီ ၉ ရာစုက ဘဂ္ဂဒက်မြို့သည် မန်ဟက်တန်ကဲ့သို့ တမဟုတ်ချင်း ဖွံ့ဖြိုးတိုးတက်နေခဲ့သည်။ အစ္စလာမ့်နေပြည်တော်တစ်ခုဖြစ်သော ကော်ဒိုဗာသည်လည်း ဥရောပတွင် အကြီးကျယ်ဆုံးမြို့ပြဖြစ်ပြီး မဟာဥာဏ်ပညာရှင်အချို့ကို မွေးထုတ်ပေးနိုင်ခဲ့သည်။

shape-2

ကိုလံဘတ်အရင် နှစ် ၃၀၀ အရင်က မွတ်စလင်ပညာရှင် အလ်-အစ်ဒရီဆီ၏ ကမ္ဘာ့မြေပုံ

၁၄ ရာစုအရောက်တွင် အစ္စလာမ်၏ဗဟိုဌာနသည် အစ္စတန်ဘူလ်သို့ ရွှေ့ပြောင်းသွားခဲ့သော်လည်း ကမ္ဘာ့ရှေ့ဆောင်သိပ္ပံပညာရှင်များနှင့် အနုပညာရှင်များကို ဆွဲဆောင်ညှို့ယူနိုင်ဆဲ။ ထို့ပြင် ဆေးဝါးဆိုင်ရာအထွဋ်အထိပ်တိုးတက်မှုနှင့် စစ်ပညာကို ထိန်းသိမ်းထားနိုင်ဆဲသာ။ မွန်ဂိုအုပ်ချုပ်ရေးကလည်း သိပ္ပံပညာ၌ မြှုပ်နှံမှုအသစ်ကို သွေးသစ်လောင်းရန် တွန်းအားပေးခဲ့သလို Maragheh မှ ၁၃ ရာစု စူးစမ်းရှာဖွေချက်သည်လည်း ကော့ပါးနီးကပ်စ်၏ စကြာဝဠာအနေအထားများအပေါ် အထောက်အကူပြုစေသည့် တွေ့ရှိချက်များ ရရှိခဲ့၏။ မတူငြိမ်းချမ်းယှဉ်တွဲနေထိုင်ခြင်း ဗဟုဝါဒ အပြင် အပြန်အလှန်အရှိတရားကိုလက်ခံခြင်းက အစ္စလာမ့်အုပ်ချု့ပ်ရေးစနစ်အတွင်း ရင်းနှီးကျွမ်းဝင်နေသည့် ပြယုဂ်တစ်ရပ်ဖြစ်ခဲ့ပေသည်။ စွန္နီနှင့် ရှီအိုက်တို့၏ အယူများ တစ်လှည့်စီ နေရာယူနေသည့်ကြားမှ မွန်ဂိုတို့၏သက်ဝင်ယုံကြည်မှုသည် ချောမွေ့စွာ ရပ်တည်သွားနိုင်ခဲ့သည်။ အစ္စလာမ်သို့ကူးပြောင်းသက်ဝင်ခဲ့သော အီရန်ဖွားဂျူးလူမျိုး Uljeitu’s vizier သည် ရာရှစ်အုဒ္ဒီးန် ဖြစ်လာပြီးနောက် ၁၄ ရာစုနှစ် တာဘရစ်စ်အနီး ကမ္ဘာ့သုတေသီများဆုံစည်းရာဌာနတစ်ခုကို ဖန်တီး၍ ကမ္ဘာ့သုတဘဏ်အဖြစ် ကမ္ဘာ့သမိုင်းတွင် မော်ကွန်းတင်နိုင်အောင် ပျိုးထောင်ပေးခဲ့သည်။ သူကိုယ်တိုင်က ဟီးဘရူးပညာရှင်ဖြစ်ပြီး ၎င်းပညာရှင်များ၊ ကက်ရှ်မီးဘုန်းတော်ကြီးများ၊ တရုတ်သံတမန်များနှင့် ဗုဒ္ဓတရားတော်များမှတဆင့် စွယ်စုံကျမ်းကြီးတစ်စောင်ကိုလည်း ရေးသားနိုင်ခဲ့သည်။ ၎င်းမှ မိုင် ၂၀၀၀ ကျော်ကွာဝေးသော တူးနစ်တွင် အိဘ်နု ခလ်ဒူးန်သည် လူမှုသိပ္ပံသမိုင်းကျမ်းတစ်စောင်ကို ပြုစုရေးသားခဲ့ကာ သမိုင်းနောက်ခံထား၍ အကြောင်းရင်းများကို စူးစမ်းသုံးသပ်အဖြေရှာနိုင်စေမည့် ပထမဆုံးလမ်းစကို ချပြပေးခဲ့သည်။

အထက်ပါအရာများအပြင် လူအများ သတိပြုစရာအကြောင်းများကိုပါ ထည့်သွင်းရေးသားထားကြောင်း တွေ့ရ၏။

(The Economist ၏ အရှေ့အလယ်ပိုင်းသတင်းထောက်၊ “Holy Lands, A New Muslim Order” စာအုပ်၏ကလောင်ရှင်၊ “A History of the Middle East” ကို တွဲဖက်ရေးသားပြုစုသူ Nicolas Pelham ၏ The people who shaped Islamic civilisation မှ ကောက်နှုတ်ပြန်ဆိုသည်။)

Comments are closed.