6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၃၁၊ ၂၀၁၆
M-Media

p1-br865_capec_16u_20141107194517

ယခုနှစ် စက်တင်ဘာလအတွင်း ကျွန်ုပ် ဆောင်းပါးတစ်ပုဒ်ရေးခဲ့၏။ ၎င်း၌ တရုတ်ပြည်၏ One Belt One Road မဟာဗျူဟာတွင် မြန်မာနိုင်ငံသည် မဟာဗျူဟာမြောက် အချက်အခြာကျသော ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေကြောင်း တင်ပြထားသည်။ သို့သော် မြန်မာသည် လက်ရှိ လှုပ်ရှားဆောင်ရွက်မှုများ အရ ဤအနေအထား၌ ရှိမနေနိုင်ပါဟု လူအများအပြားက မှတ်ချက်ပြုလာကြသည်။ သို့ရှိရာ ထိုလှုပ်ရှားဆောင်ရွက်မှုအချို့ကို ပထမဆုံး စူးစမ်းကြည့်ပြီးနောက် ဤအခန်းကဏ္ဍထဲ ပါဝင်မှုရှိ မရှိဟူသည်ကို အကဲဖြတ်ကြည့်ကြပါစို့။ သတိချပ်ရန်မှာ ယခင်ဆောင်းပါးသည် ပင်လယ်ရေကြောင်းလမ်းများ အပေါ်၌ လည်းကောင်း၊ အောက်ဖော်ပြပါ တရုတ်ပြည်၏ စွမ်းအင်လုံခြုံရေးအစီအမံအပေါ်၌လည်းကောင်း ဗဟိုပြုတင်ပြချက်ဖြစ်ကြောင်း သိစေချင်ပါသည်။ ဤဆောင်းပါးတွင်တော့ ကုန်းတွင်းလမ်းကြောင်းများအပေါ် သုံးသပ်မည်ဖြစ်ပြီး၊ ပင်လယ်ရေကြောင်း ဆိုင်ရာတွေးဆချက် မှ အပြောင်းအလဲများအပေါ် အထောက်အကူပြုနေသည့် ကျောထောက်နောက်ခံ အဆောက်အဦတို့ကို ပြန်လည် တင်ပြပါမည်။

ပထ၀ီနိုင်ငံရေးအခင်းအကျင်း
——————————
အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့မှုဖယ်ရှားလိုက်ခြင်းနှင့်အတူ မြန်မာသည် အမေရိကန်နိုင်ငံနှင့် စီးပွားရေးအဆက်အဆံနှင့် ကုန်သွယ်ရေး၌ နွေးထွေးမှုဖြစ်လာခဲ့သည်။ ၎င်းက တရုတ်ပြည်အတွက် ၎င်း၏  အခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပရိယာယ်ကို ပြန်လည်သုံးသပ်စေရာ ရောက်သောကြောင့် မြန်မာ-တရုတ်ဆက်ဆံရေး အေးစက်သွားနိုင်သည်ဟု အတွေးရောက်စေသည်။ သို့ရာတွင် အောက်ခြေမြေပြင်အဆင့်တွင် ယင်းသို့ဖြစ်ပေါ်မလာကြောင်း တွေ့ရသည်။ ဤသည်ကပင် တရုတ်ပြည်သည် မြန်မာပြည်အား အာရှတိုက်၏ အရေးပါသော အစိပ်အပိုင်းတစ်ရပ်အဖြစ် ရှုမြင်ထားပြီးဖြစ်သော သိမ်မွေ့သည့် သံတမန်ဆက်ဆံရေးအား ညွှန်းဆိုပြနေပေသည်။ အထောက်အထားပြုနိုင်သည့် ဥပမာအချက်များလည်း ရှိနေသည်။

– နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး မြှင့်တင်တိုးတက်စေခြင်း (ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နှင့် ဥရောပ ခရီးစဉ်မတိုင်မီအလျင် တရုတ်ပြည်သို့ သွားရောက်ခဲ့သည်)
– မြစ်ဆုံဆည်စီမံကိန်းအရေး ပြန်လည်အဖြေရှာရန်  အတွက် အခရာကျသည့် ရင်ကြားစေ့မှု အစီအမံများ
– မြန်မာနိုင်ငံမြောက်ပိုင်း ပြည်နယ်များမှ ပဋိပက္ခဇုံများ၌ ရှိနေသော တရုတ်ပြည်၏ ဖျန်ဖြေသူအခန်းကဏ္ဍ

ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ်များအပေါ် အနောက်တိုင်း၏တုန့်ပြန်မှုမှာလည်း တရုတ်ပြည်၏ ဗျူဟာလမ်းကြောင်းထဲ ရောက်နေသည်ဟု ကျွန်ုပ်မှ ယူဆပါသည်။ နိုင်ငံအရေးအသာစီးရမှုထက် တရုတ်ပြည်သည် ပြည်ပနိုင်ငံများ၏ နိုင်ငံရေးကိစ္စများထဲ လက်ဝင်မလျှိုသည့် နည်းလမ်းကို စွဲကိုင်လိုက်သည်။ ရခိုင်ပြည်နယ်အရေးအပေါ် NLD အစိုးရ၏ ကိုင်တွယ်မှုနှင့်စပ်လျဉ်း၍ အနောက်တိုင်းမှ အသံကျယ်လောင်လာသဖြင့် ဤပြဿနာကို ပူးပေါင်းကူညီဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်အား ဆွဲမသွင်းဘဲ လူသိရှင်ကြား အနောက်တိုင်းသို့ ကမ်းလှမ်းလာတော့သည်။ တရုတ်ပြည်သည် ယဉ်ကျေးမှုစစ်ပွဲ အနိုင်ရရေးအလို့ငှာ ပြဿနာ၏ အစိတ်အပိုင်းထက် အဖြေရှာမှု၏အစိပ်အပိုင်းတစ်ရပ်အဖြစ် ပုံဖော်ပါဝင်လိုက်ဟန် ရှိပေသည်။

ထောက်ပံ့ရေးကွင်းဆက်နှင့် စီးပွားရေးအတွေးအဆများ
——————————————————
မြန်မာနိုင်ငံသည် လာမည့်နှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းဝန်းကျင် ရှိလာလိမ့်မည်ဟု ခန့်မှန်းကြသည်။ ADB နှင့်အခြားခန့်မှန်းချက်များအရ တရုတ်ပြည်မှာ ကုန်သွယ်ရေး၌ ၄၀ ရာခိုင်နှုန်းအထိ ပါဝင်နေပေမည်။ ဤကုန်သွယ်ရေး အထမြောက်ချောမောစေရန်အတွက် ဘဏ္ဍာရေးနှင့် အခြေခံအဆောက်အဦလုပ်ငန်းများ၌ အထူးနှုန်းထားသဘောတူညီချက်တို့ဖြင့် စီမံထားရှိပြီးဖြစ်သည်။ အဆိုပါချေးငွေများကို တရုတ်စီးပွားရေးအုပ်စုများမှ ကိုင်တွယ်ဆောင်ရွက်သွားမည့် ခွင့်ပြုချက်ရ စီမံကိန်းများအပေါ် အခြေခံထားပေသည်။ ထိုစီမံကိန်းများက မြန်မာလူထုအား မခံမရပ်နိုင်အောင် ထိုးဆွလျက်ရှိသည်။ ဤခြေလှမ်းမှာ မြစ်ဆုံဆည်စီမံကိန်းစေ့စပ်မှုများမှ အစိပ်အပိုင်းဖြစ်ပြီး ယူနန်-ကျောက်ဖြူ စင်္ကြန် လမ်းကြောင်းအား လုံခြုံစိတ်ချသွားစေရေးအတွက် တရုတ်ပြည်၏ အပျော့စား ငုတ်တိုင်စိုက်မှုဖြစ်မည်ဟု ခန့်မှန်းရသည်။

BCIM (ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပဋိညာဉ်အား လက်မှတ်ရေးထိုးခြင်းတွင်လည်း ထပ်မံတိုးတက်မှုများကို တွေ့မြင်ရသည်။ ဤသဘောတူညီချက်မှ ရလဒ်မှာ ကလကတ္တား – ဒါကာ – မန္တလေး – ခွန်းမင်(ကူမင်း) တို့အကြား သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆက်သွယ်ရေး စင်္ကြံန်အချိတ်အဆက်တစ်ရပ်ကို ဖန်တီးရန်ဖြစ်သည်။ ဖော်ပြထားသည့် မြေပုံအပေါ် ထပ်ဆင့် လေ့လာကြည့်ပါက မန္တလေးမြို့အား ဗဟိုဋ္ဌာနအဖြစ် သတ်မှတ်ထားသည့် အနေအထားကို တမဟုတ်ချင်း နားလည်သိမြင်လာပါလိမ့်မည်။ သို့တစေ ရထားလမ်းကြောင်းများ၊ ရေကြောင်းကုန်စည်အတင်အချ အဆင်ပြေစေမည့် အထူးစီးပွားရေးဇုံများ ဖန်တီးရေး အပါအ၀င် လက်တွေ့ကျကျ ဖြေရှင်းစရာ ပြဿနာအချို့တော့ ရှိနေ၏။ ရှေ့ဆက်ဆိုရပါလျှင် အနောက်တိုင်းနှင့် အရှေ့တိုင်းကို ဆက်သွယ်ထားသည့် သယ်ယူပို့ဆောင်ရေးစကြံ င်္န်အသီးသီးကို ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါမည်။ ၎င်းက တရုတ်ပြည်အဖို့ (လမ်းကြောင်းရှည်လျား စားရိတ်များသည့်) မလက္ကာရေလက်ကြားကို အသုံးမပြုတော့ဘဲ ကုန်သွယ်ရေးနှင့် စွမ်းအင်လမ်းကြောင်းများအတွက် အာမခံချက်ရှိသွားသောကြောင့် စင်္ကာပူ၏ အချက်အခြာအနေအထားမှာ အကြီးအကျယ် ထိခိုက်လာမည်ကို မီးမောင်းထိုးပြနေပေသည်။

ဥရောပဒေသတခွင် ဖြစ်ပျက်နေမှုများနှင့် အတူ မြန်မာသည် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကတည်းက အရှေ့-အနောက် ကုန်သွယ်ရေးအပေါ် စိုးမိုးထားသည့် ထောက်ပံ့ပို့ဆောင်ရေးချိန်ခွင်လျှာကို လုံးဝ ပြောင်းလဲတော့မည့် အနေအထားသို့ ရောက်ရှိနေသည်။ ၎င်းက စက်မှုလက်မှုလုပ်ငန်းရှင်များအတွက် စားရိတ်ကျဉ်း သီးသန့် ကုန်ထုတ်ဒေသများအဖြစ် လမ်းခင်းပေးတော့မည်ဖြစ်သည်။ သင်္ဘောထက် ရထားလမ်းက သယ်ယူစားရိတ် အတော်အတန် သက်သာစေကြောင်း ADB ၏ လေ့လာမှုတစ်ရပ်က ဆိုသည်။ သို့သော်လည်း ယင်းလေ့လာမှု၌ ရထားလမ်း အဆင့်ဆင့်သယ်ယူပို့ဆောင်မှု၏ အချိန်ကြန့်ကြာမှု၊ လမ်းပန်းအချိတ်အဆက်ပြဿနာ၊  နယ်စပ်ဖြတ်ကျော်ရေးကြိုးနီစနစ် အပြင် BCIM ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၏ အတိုင်းအတာများကိုမူ ထည့်သွင်းတွက်ချက်ထားခြင်း မရှိချေ။

ထို့အပြင် ရထားလမ်းသယ်ယူပို့ဆောင်မှုက ကုန်စည်သင်္ဘော ပို့ဆောင်မှုထက် ခရီးတာ သုံးဆ မြန်ဆန်သည်၊ ဤပေါင်းစည်းပို့ဆောင်မှု ပုံဟန်သည် ဘဏ္ဍာရေးအရ သက်သာမှုရှိသည် ဆိုသော်လည်း စဉ်းစားသုံးသပ်ရမည့် အချက်များလည်း ရှိနေပါသည်။ L/Cs ရှိ အချိန်ကာလနှင့် ငွေကြေး အတိုင်းအတာ၊ ရှည်လျားလှသော ရေကြောင်းခရီးရှိ ကုန်ပစ္စည်းတန်ဖိုးတို့ ဖြစ်သည်။ သင်္ဘောလုပ်ငန်းရှင်များအနေနှင့် အကူးအပြောင်းအချိန်ကာလ တိုးတက်အောင် ဆိပ်ကမ်းကြီးများနှင့် ကုန်စည်ခွဲခြမ်းမှုအား ဖွံ့ဖြိုးစေခြင်း/တွန်းအားပေးခြင်း၊ ၎င်းပြင် ကွန်တိန်နာအရေအတွက်-ခရီးမိုင်အကွာအဝေး-ကုန်ကျစားရိတ် ဆက်နွှယ်ချက်အား လျှော့ချခြင်းတို့ဖြင့် ပြန်လည်တုန့်ပြန်နိုင်ကောင်းပေမည်။ သို့သော် ဤစိုးရိမ်မှုများသည် အဓိကကျသည့် ဆိပ်ကမ်းများနှင့် တူးမြောင်းများဆိုင်ရာ ဗျူဟာခင်းကျင်းမှုအပေါ် မူတည်နေပါသည်။ ဤအကြောင်းအချက်များအားလုံးက LC exposure ကာလကို လျှော့ကျစေရေးသာမက ရေကြောင်းသယ်ယူရေးကြာမြင့်ချိန် တိုးတက်လာရေးကို အထောက်အကူပြုလိမ့်မည်ဖြစ်ပါသည်။

နိဂုံး
—-
ကုန်းကြောင်းရေကြောင်း အပြန်အလှန် ပြည့်စုံစေမှုက မြန်မာနိုင်ငံသည် One Belt One Road မဟာဗျူဟာ၌ အဓိကအခန်းကဏ္ဍအဖြစ် တည်ရှိနေသေးကြောင်း သိသာစေပါသည်။ ဒူဘိုင်းသည်လည်း ဤပုံဟန်ပေါ် အခြေပြု၍ ထောက်ပံ့ပို့ဆောင်ရေးကို တည်ဆောက်ထားခြင်း ဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံသည် ဒူဘိုင်း၏ သင်ခန်းစာကို ရယူတတ်မည်ဆိုပါက တရုတ်၏ဗျူဟာအတွင်းမှပင် နိုင်ငံတကာကုန်သွယ်မှုကြားစခန်းအဖြစ်သို့ တိုးမြှင့်ဖော်ဆောင်သွားနိုင်ပါလိမ့်မည်။

××××××××××××

Andre Wheeler ၏ Myanmar’s role along China’s new Silk Road သုံးသပ်ချက်အမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။

(ဆောင်းပါးရှင် Andre Wheeler သည် Wheeler Management အတိုင်ပင်ခံလုပ်ငန်းစုကို ၁၉၉၇ ခုနှစ်က တည်ထောင်ပြီး၊ ၎င်းသည် ၂၀၁၄ ခုနှစ်တွင် Asia Pacific Connex ဟူ၍ဖြစ်လာသည်။ အဓိကလုပ်ငန်းမှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ EPCM၊ ရေကြောင်းဝန်ဆောင်မှုနှင့် သတ္ထုတူးဖော်ရေးတို့ဖြစ်သည်။ ဘဏ္ဍာရေး၊ လုပ်ငန်းရှင်တို့၏ပြဿနာအဖြေရှာရေး၊ စွန့်ဦးတီထွင်မှုဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုနှင့် စီမံကိန်းကိုင်တွယ်မှုတို့၌လည်း အတွေ့အကြုံရင့်ကျက်သည်။ ရံပုံငွေအဖွဲ့အစည်းကြီးငါးခု၏ အထူးအကြံပေးပုဂ္ဂိုလ်လည်းဖြစ်သည်။)

Comments are closed.