5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၄၊ ၂၀၁၇
M-Media

pal

– ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနှင့် ဂျေရုစလင်တို့တွင် ပြီးခဲ့သည့်နှစ်အတွင်း အစ္စရေးက သတ်ဖြတ်ခဲ့သည့် ပါလက်စတိုင်းကလေးငယ် အရေအတွက်မှာ ၁၀ စုနှစ်အတွင်း အမြင့်ဆုံးဖြစ်သည်ဟု နိုင်ငံတကာ ကလေးငယ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (DCI) က ပြောကြားလိုက်သည်။

DCI ၏ စစ်တမ်းကောက်ယူမှုအရ ပါလက်စတိုင်းပိုင်နက်များအတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ်များကို အစ္စရေးက သတ်ဖြတ်မှုမှာ ၂၀၁၆ ခုနှစ်တွင် ၃၂ ဦး ရှိခဲ့ပြီး၊ သတ်ဖြတ်မှု အများစုမှာ ပါလက်စတိုင်း မြို့များကို အစ္စရေးက ၀င်ရောက်စီးနင်းမှုနှင့် ပါလက်စတိုင်းတို့၏ လက်နက်မဲ့ ဆန္ဒပြမှုများကို နှိမ်နှင်းမှုများတွင် ဖြစ်သည်။

“အစ္စရေးစစ်သားတွေက နေရာမှာတင်ပစ်သတ်တဲ့ပေါ်လစီကို ကျင့်သုံးတယ်။ ပါလက်စတိုင်တွေကို သတ်ဖြတ်ဖို့ ခွင့်ပြုချက်ရထားတယ်။ အရေးယူခံရမှုမရှိတာ၊ နောက်ဆက်တွဲကိစ္စ မရှိတာတွေက ဒီလို သတ်ဖြတ်မှုတွေအတွက် အခြေခံပါပဲ” ဟု DCI ၏ ပါလက်စတိုင်းဆိုင်ရာအဖွဲ့မှ တာဝန်ရှိသူ အေယဒ် အဘူ အက်တာအစ်ရှ်က ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလကတည်းက အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပိုင်နက်များရှိ တရားမ၀င်အခြေချအိမ်ယာများမှ ဂျူးများမှာ ပါလက်စတိုင်ပြည်သူ အနည်းဆုံး ၂၄၄ ဦးကို သတ်ဖြတ်ခဲ့သည်။

ထိုကာလအတွင်း ပါလက်စတိုင်းများ၏ ဓားဖြင့်တိုက်ခိုက်ခြင်း၊ သေတ်ဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် အစ္စရေး ၃၆ ဦး သေဆုံးခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း အစ္စရေးက သတ်ဖြတ်ခဲ့သည့် ပါလက်စတိုင်း ကလေးငယ် ၃၂ ဦးတွင် ၁၉ ဦးမှာ အသက် ၁၆ နှစ်မှ ၁၇ နှစ်ကြားရှိသူများဖြစ်ပြီး ၁၃ ဦးမှာ ၁၃ နှစ်မှ ၁၅ နှစ်ကြား ရှိသူများဖြစ်သည်ဟု DCI က ဆိုသည်။

၂၀၁၅ ခုနှစ်တွင်မူ အနောက်ဖက်ကမ်းနှင့် ဂျေရုစလင်တို့တွင် ပါလက်စတိုင်းကလေးငယ် ၂၈ ဦး အစ္စရေး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး၊ ၂၀၁၄ ခုနှစ်တွင် သတ်ဖြတ်ခံရသူ ကလေးငယ်အရေအတွက်မှာ ၁၃ ဦး၊ ၂၀၁၃ တွင် ၄ ဦး ရှိခဲ့သည်။

Ref: Aljazzera

Tags:

Comments are closed.