5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

15726403_10209842858606130_6515174631641714754_n

ဇန်န၀ါရီလ(၁၅)ရက်မှာ လက်ရှိပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို ဖျက်သိမ်းမှာဖြစ်တာကြောင့် အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ယာဉ်လိုင်းနဲ့ ယာဉ်လမ်းကြောင်းခရီးစဉ်တွေကို ဘတ်စ်ကားမှတ်တိုင် ၊Website နဲ့ Facebook တွေမှာ ဖော်ပြထားမယ့်အပြင် Mobile Application ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ အခုထုတ်ပြန်ထားတဲ့ ခရီးစဉ် ယာဉ်လမ်းကြောင်းတွေမှာ အရင်ခရီးစဉ်လမ်ကြောင်း (၈၀)ရာခိုင်နှုန်းခန့် ပါဝင်နေတာကြောင့် ခရီးသွားပြည်သူတွေမစိုးရိမ်ကြဖို့လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောပါတယ်။
.
ဇန်န၀ါရီလ (၇)ရက်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ Mobile Application မှာ မိမိသွားလိုတဲ့ခရီးစဉ်အတွက် ဘယ်ဘတ်စ်ကားလိုင်းကိုစီးရမယ်ဆိုတာနဲ့ ကြာချိန်ကိုပါ ဖော်ပြထားမယ်လိုဝန်ကြီးကပြောပါတယ်။ ဒါ့အပြင် ဘတ်စ်ကားစနစ်သစ်ပြေးဆွဲတဲ့ Operation ကာလမှာ Call Center ဖွင့်ပေးထားမှာဖြစ်ပြီး ဘတ်စ်ကားဂိတ်တွေမှာ ခရီးစဉ်အခြေအနေတွေကို ကူညီပြောပြပေးမယ့်သူတစ်ဦးထားရှိပေးသွားမယ်လို့ သိရပါတယ်။ အခုအသစ်ဖွဲ့စည်းလိုက်တဲ့ ဘတ်စ်ကားစနစ်မှာ မထသစီမံအုပ်ချုပ်တဲ့ စနစ်ကနေ ယာဉ်ပိုင်ရှင်တွေစီမံအုပ်ချုပ်တဲ့စနစ်ကို ပြောင်းလဲပြီး ယာဉ်ပိုင်ရှင်တွေရဲ့ အပေါ်မှာ ရန်ကုန်တိုင်းYRTA က ကွပ်ကဲမှာဖြစ်ကာ ခရီးစဉ်လမ်းကြောင်းတစ်ခုမှာ လိုင်း နံပါတ် (၁)ခု သာထားရှိပြေးဆွဲ တော့မှာဖြစ်ပါတယ်။
.
စတင်ပြေးဆွဲမယ့်ရက်မှာ ယာဉ်တံဆိပ်တွေကို ပြောင်းလဲမှာ ဖြစ်ပြီး YRTA စာတန်းနဲ့ ယာဉ်လမ်းကြောင်း နံပါတ်တွေကို တပ်ဆင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အများပိုင်သယ်ယူပို့ဆောင်ရေးစနစ် စတင်ဖို့ ကုမ္ပဏီ(၈)ခုဖွဲ့စည်းထားပြီး ပြေးဆွဲဖို့ လျာထားတဲ့ ခရီးစဉ်လမ်းကြောင်း (၅၈)ခုကို အစိုးရက ထုတ်ပြန်ထားပါတယ်။
.
ယာဉ်လိုင်း (၅၈) လိုင်းနဲ့ ခရီးစဉ်အလိုက် ယာဉ်စီးခ ၁၀၀ ,၂၀၀, ၃၀၀ ကျပ် သတ်မှတ်ပြီး ည (၁၀) နာရီ အထိ ပြေးဆွဲပေးတော့မှာဖြစ်ပါတယ်။ အဆင့်မြှင့်တင်ပြေးဆွဲမယ့် ယာဉ်လိုင်း ၅၈ လိုင်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ကားမှတ်တိုင်တွေမှာ ကပ်ထားပေးမှာဖြစ်ပါတယ်။ အမျိုးသား/အမျိုးသမီး ယာဉ်နောက်လိုက်တွေနဲ့ ကနဦးစီစဉ်ထားပြီး နောက်ပိုင်းမှာ ကတ်စနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ် ။
.
Post credit : 5 Plus

1 2 3 4 5 6 7 8 9 10 11 12 13

13214

Tags:

Comments are closed.