5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၀၊ ၂၀၁၇
M-Media

malay

ဖီဖာ၏ တစ်နှစ်တာအကောင်းဆုံး သွင်းဂိုးဆု FIFA Puskas Award ကို ရရှိခဲ့ည့် မလေးရှား ကွင်းလယ်လူ မိုဟာမက် ဖာအစ်ဇ် ဆူဘရီ

– ၂၀၁၆ ခုနှစ် အကောင်းဆုံးဂိုးအတွက် ဖီဖာမှချီးမြှင့်သော FIFA Puskas Award ဆုကို မလေးရှားဘောလုံးသမား ဖာအစ်ဇ် ဆူဘရီက ရရှိသွားခဲ့ပြီး ထိုဆုအားရရှိသည့် ပထမဆုံး အာရှသားဖြစ်လာခဲ့သည်။

မလေးရှားလက်ရွေးစင် အလယ်တန်းလူဖြစ်သည့် အသက် ၂၉ နှစ်အရွယ် ဖာအစ်ဇ်မှာ မလေးရှားဆူပါလိဂ်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၆ ရက်နေ့က ပီနန်အသင်းနှင့် ပါဟန်းအသင်းတို့ ကစားခဲ့သည့်ပွဲတွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် တိုက်ရိုက်ကန်သွင်းခဲ့သည့် ဂိုးဖြင့် ထိုဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ပီနန်ကွင်းလယ်လူ ဖာအစ်ဇ်မှာ ပြိုင်ဘက်အသင်း၏ ကွင်းတစ်ဝက်မှရရှိသည့် ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွားယူရာ ဘောလုံးမှာ ဂိုးသမား၏ ညာဘက်ထောင့်ကို ဦးတည်ခဲ့ပြီးနောက် ဂိုးနားရောက်သည့်အချိန်တွင် ဘယ်ဘယ်ထောင့်သို့ ဝေ့ကာ ဂိုးဝင်သွားခဲ့ခြင်းဖြစ်သည်။

ဖီဖာ၏ ဇကာတင် ၃ ဦးစာရင်းတွင် ဖာအစ်ဇ်၏ ထိုဂိုးက မဲအရေအတွက် ၅၉.၅၄ ရာခိုင်နှုန်း၊ ဘရာဇီးလ်မှ အဇီဗီဒို ဒါဆေးလ်ဗား၏ ဂိုးက ၂၂.၈၆ ရာခိုင်နှုန်၊ ဗင်နီဇွဲလားမှ အမျိုးသမီးဘောလုံးသမား ဒါနီဆူကာ ရော်ဒရီဂက်စ်၏ ဂိုးက ၁၀.၁ ရာခိုင်နှုန်း ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ် ပထမဆုံး ချီးမြှင့်သည့်အချိန်တွင် ထိုဆုကို ပေါ်တူဂီတိုက်စစ်မှူး ရ်ာနယ်ဒိုက ရရှိခဲ့သည်။

ဇူးရစ်ခ်ျတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆုပေးပွဲအခမ်းအနားတွင် FIFA Puskas Award ဆုကို ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်ဒိုက ဖာအစ်ဇ်အား ပေးအပ်ခဲ့သည်။

“ရိုးရိုးသားသားပြောရရင် ဒီလိုအဆင့်မျိုးကို ရောက်လာပြီး ကမ္ဘာအဆင့်ကစားသမားတွေနဲ့ အတူ ရှိနေရမယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး” ဟု ဖာအစ်ဇ်က ဆုပေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ထိုဆုရရှိမှုမှာ မိမိ၏ ဘောလုံးသမားဘ၀နှင့် မိသားစုအတွက် အဆုံးအဖြတ်ပေးသည့် အချိန်ဖြစ်သည်ဟုလည်း FIFA TV နှင့် အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။

“ပထမတော့ ကျွန်တော့် နည်းနည်းတုန်လှုပ်ပေမယ့် အခုတော့ စိတ်သက်သာရာ ရသွားခဲ့ပါတယ်” ဟု ဖာအစ်ဇ်က ပြောကြားခဲ့ပြီး မိမိကို အားပေးမှုနှင့် မဲပေးမှုများအတွက် မလေးရှား ပရိတ်သတ်များကို ကျေးဇူးတင်သည်ဟုလည်း ဆိုသည်။

Ref : CNA

Tags: ,

Comments are closed.