5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၃၊ ၂၀၁၇
M-Media

– ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င်အိမ်ယာများ အစ္စရေးက ဆောက်လုပ်နေခြင်းကြောင့် ပါလက်စတိုင်းများနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် မျှော်လင့်နိုင်မည်မဟုတ်ဟု အိမ်ဖြူတော်က ပြောကြားလိုက်သည်။

“အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးအတွက် အမေရိကန်ရဲ့ ဆန္ဒက နှစ်ပေါင်း ၅၀ လောက် အပြောင်းအလဲ မရှိခဲ့ပါဘူး။ တရားမ၀င်အိမ်ယာတွေ တည်ရှိနေခြင်းက ငြိမ်းချမ်ရေးအတွက် အဆီးအတားဖြစ်နေပြီး အိမ်ယာသစ်တွေဆောက်လုပ်တာ ဒါမှမဟုတ် တိုးချဲ့တာတွေဟာ ငြိမ်းချမ်းရေး ရည်ရွယ်ချက် အောင်မြင်ဖို့ အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး” ဟု ယမန်နေ့ညပိုင်းက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတစ်ဝှမ်းတွင် ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်ကြောင်း၊ တရားမ၀င်အိမ်ယာများအတွက် သမ္မတက တရားဝင် ရပ်တည်မှု မပြုသေးဘဲ ယခုလနှောင်းပိုင်းတွင် တွေ့ဆုံရန်ရှိနေသည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဒန်နီဒါနွန်က အိမ်ဖြူတော်၏ ယခုကြေငြာချက်မှာ အစ္စရေး၏ တရားမ၀င်အိမ်ယာများ ဆောက်လုပ်ခြင်းအပေါ် မည်သို့ သက်ရောက်မည်ဆိုသည်နှင့်ပတ်သက်၍ ပြောရန် စောနေသေးသည်ဟု တုန့်ပြန်ခဲ့သည်။

အမေရိကန်အစိုးရက မိမိတို့နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်မှာ ကြာသာပတေးနေ့က နေတန်ယာဟုနှင့် ဖုန်းပြောဆိုခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး၊ ယခုကြေငြာချက်အကြောင်း ဆွေးနွေးခဲ့သလားဆိုသည်ကို သိရှိရခြင်း မရှိပေ။
နေတန်ယာဟုမှာ အမေရိကန်သို့လာရောက်ကာ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ထရမ့်နှင့် တွေ့ဆုံရန် ရှိနေသည်။

အစ္စရေးမှာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းကျိန်ပြီးကတည်းက ပါလက်စတိုင်းပိုင်နက်များဖြစ်သော အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်တို့တွင် ကျူးကျော်အိမ်ယာများ ထောင်နှင့်ချီဆောက်လုပ်ရန် ခွင့်ပြုခဲ့သည်။

Ref: Haaretz

Comments are closed.