5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၉၊ ၂၀၁၇
M-Media

– ယခုနှစ်အတွင်း ဖလားရရှိရေး အခွင့်အလမ်အတွက် တိုက်ပွဲဝင်ရန် ပရိတ်သတ်များ၏ အားပေးမှု လိုအပ်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ၂ ပတ်ဆက်တိုက် ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ထိပ်ဆုံးမှ ချယ်ဆီးအသင်းနှင့် ၁၂ မှတ်ကွာဟသွားသော အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက်မှာ အဆုံးသတ်သလောက် ဖြစ်သွားပြီး၊ ပရိတ်သတ်များ၏ ဝေဖန်သံကလည်း ပြန်လည် ဆူညံလာခဲ့သည်။ အာဆင်နယ်မှာ ၂၀၀၃-၀၄ ဘောလုံးရာသီက နောက်ဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့သည်။

အာဆင်ဝင်းဂါးမှာ ယခုဘောလုံရာသီ ကုန်ဆုံးပါက အသင်းနှင့် စာချုပ်သက်တမ်း ကုန်မည်ဖြစ်ပြီး လက်ရှိအနေအထားကြောင့် ဖိအားများလည်း မြင့်တက်လာခဲ့သည်။ သို့သော် အာဆင်ဝင်းဂါက မိမိတို့မှာ ပြိုင်ပွဲ ၃ ခုတွင် ရှိနေဆဲဟု ဆိုသည်။

“ပရီးမီယားလိဂ်မှာ ကြီးကြီးမားမား တိုက်ပွဲဝင်ရမယ်။ ချန်ပီယံလိဂ်မှာလည်း မကြာခင် ဘိုင်ယန်နဲ့ အကြီးအကျယ် တိုက်ပွဲဝင်ရမှာပါ။ FA ဖလားလည်း ကန်ရပါအုံးမယ်။ ဒီပြိုင်ပွဲ ၃ ခုစလုံးမှာ ကျွန်တော်တို့ ကောင်းကောင်းလုပ်ချင်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အာရုံစိုက်၊ တုန့်ပြန်ဖို့၊ ပရိတ်သတ်တွေ အသင်းနောက်မှာ မားမားမတ်မတ်ရပ်ဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ အင်မတန်အရေးကြီးပြီး၊ အထိမခံတဲ့ အခြေအနေကို ရောက်နေလို့ပါပဲ။ စိတ်ပျက်စရာတွေကို ကျွန်တော်တို့ အတူတကွ တုန့်ပြန်ရပါမယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

Ref: Goal

Comments are closed.