5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
M-Media

– အစားအသောက်များကို လျှော့၍ စားသောက်ခြင်းနှင့် ကယ်လိုရီများကို လျှော့ချခြင်းတို့မှာ ဆဲလ်ကြီးထွားမှုအဆင့်တွင် အိုမင်းရင့်ရော်မှု လုပ်ငန်းစဉ်ကို လျော့ကျစေနိုင်သည်ဟု အမေရိကန်ရဲ့ Brigham Young တက္ကသိုလ်မှ လေ့လာမှုတွင် တွေ့ရှိခဲ့ရသည်။

သိပ္ပံပညာရှင်များမှာ ကြွက်များကို အုပ်စုနှစ်စုခွဲကာ တစ်စုကို အစားအသောက် အများအပြားကျွေး၍ အခြားတစ်စုကိုမူ ကယ်လိုရီကို ပုံမှန်ထက် ၃၅ ရာခိုင်နှုန်း လျှော့ကာ အသက်ရှင်ရန် လိုအပ်သည့် အဟာရကိုသာ ကျွေးမွေးခဲ့သည်။

ထိုကဲ့သို့ အစားအသောက်ကို ကန့်သတ်ကျွေးမွေးခဲ့သည့် ကြွက်များမှာ ပိုရိုတိန်းထုတ်လုပ်ပေးသည့် ရိုက်ဘိုစုမ်းမှ ဆဲလ်အတွင်း ပရိုတိန်းထုတ်လုပ်မှုမှာ လျှော့နည်းသွားသည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် ရိုက်ဘိုစုမ်းအား ကိုယ်တိုင် ပြန်လည် ပြုပြင်နိုင်စွမ်းကို ဖြစ်စေပြီး ဆဲလ်များ အိုမင်းခြင်းကို လျော့ကျစေသည်။

Brigham Young တက္ကသိုလ်မှ ပရော်ဖက်ဆာနှင့် ယခုဖြစ်စဉ်ကို လေ့လာဖော်ထုတ်သူ ဂျွန်ပရိုက်စ်က ကယ်လိုရီလျှော့ချမှုနှင့် အသက်ရှည်ရှည်နေရမှုတွင် တိုက်ရိုက်ဆက်နွယ်မှု ရှိပုံရကြောင်း၊ ကယ်လိုရီကို ကန့်သတ်ထားသည့် ကြွက်များမှာ စွမ်းအားပြည့်ဝပြီး၊ ရောဂါနည်းသည်ကို တွေ့ရကြောင်း၊ အသက်ရှည်ရှည် နေရရုံမျှ မကဘဲ ခန္ဓာကိုယ် ထိန်းသိမ်းနိုင်မှုတွင်လည်း ပိုမိုကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း သန်သန်မာမာနေရန်အတွက် အစားအသောက်လျှော့စားခြင်းကိုမူ ၎င်းက သတိပေးခဲ့ပြီ၊ ယခုစမ်းသပ်မှုကို လူသားများတွင် မပြုလုပ်ရသေးဟုလည်း ၎င်းက ဆိုသည်။

Ref: IINA

Tags:

Comments are closed.