6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၀၊ ၂၀၁၇
M-Media

– ကမ္ဘာတစ်ဝှမ်းတွင် လက်နက်ကြီးများ ကုန်သွယ်မှုမှာ စစ်အေးခေတ်နောက်ပိုင်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး၊ အရှေ့အလယ်ပိုင်းသို့ လက်နက်ရောင်းချမှုမှာလည်း တိုးလာခဲ့သည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအသင်း (SIPRI) မှ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ သိရသည်။

အဆိုပါ စစ်တမ်းကို ယနေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း လက်နက်ရောင်းချမှု အမြင့်ဆုံးနိုင်ငံများမှာ အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်နှင့် ဂျာမနီတို့ဖြစ်ကြပြီး တစ်ကမ္ဘာလုံး လက်နက်ကုန်သွယ်မှု၏ ၇၄ ရာခိုင်နှုန်း ရှိနေသည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းနိုင်ငံများ၏ လက်နက်တင်သွင်းမှုမှာ ၈၆ ရာခိုင်နှုန်းအထိ ခုန်တက်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း လက်နက်ဝယ်ယူမှု၏ ၂၉ ရာခိုင်နှုန်း ရှိနေသည်။ အရှေ့အလယ်ပိုင်းဒေသ၏ ထိုပမာဏမှာ လွန်ခဲ့သည့် ၅ နှစ်အတွင်း ၂ ဆ တက်လာခြင်းလည်း ဖြစ်သည်။

၂၀၁၂ မှ ၂၀၁၆ ခုနှစ်အတွင်း ဆော်ဒီမှာ ကမ္ဘာ့ ဒုတိယအကြီးဆုံး လက်နက်တင်သွင်းသည့်နိုင်ငံ ဖြစ်ပြီး ၂၀၀၇-၂၀၁၁ ထက်စာလျင် ၂၁၂ ရာခိုင်နှုန်း တက်လာကာ၊ ကာတာနိုင်ငံကမူ ၂၄၅ ရာခိုင်နှုန်း တက်လာခဲ့သည်။ အရှေ့အလယ်ပိုင်းရှိ အခြားနိုင်ငံများမှာလည်း လက်နက်တင်သွင်းမှု တိုးလာခဲ့သော်လည်း ပင်လယ်ကွေ့နိုင်ငံများထက်စာလျှင် နည်းပါးနေသည်။

ကမ္ဘာတစ်ဝှမ်းမှ အစိုးရများမှာ ၂၀၁၆ ခုနှစ်တွင် လက်နက်ဝယ်ယူရန်အတွက် ကန်ဒေါ်လာ ၁.၅၇ ထရီလီယံကို အသုံးပြုခဲ့ပြီး၊ အိန္ဒိယနိုင်ငံမှာ ၂၀၁၂-၂၀၁၆ အတွင်း ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းသူ ဖြစ်ခဲ့ကာ ဒေသတွင်းပြိုင်ဘက်၊ တရုတ်နှင့် ပါကစ္စတန်နိုင်ငံများထက် သာလွန်ခဲ့သည်။

အာဖရိကတွင် လက်နက်ဝယ်ယူမှု အမြင့်ဆုံးနိုင်ငံမှာ အလ်ဂျီးရီးယားဖြစ်ပြီး အာဖရိကတိုက်တွင် စုစုပေါင်း လက်နက်ဝယ်ယူမှု၏ ၄၆ ရာခိုင်နှုန်း ရှိသည်။ နိုက်ဂျီးရီးယား၊ ဆူဒန်နှင့် အီသီယိုးပီးယားတို့မှာလည်း ဆဟာရဒေသတွင် အကြီးဆုံး လက်နက်ဝယ်ယူသည့်နိုင်ငံများ ဖြစ်နေသည်။

Ref: Aljazeera

Tags: ,

Comments are closed.