5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
M-Media

– မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏အစ်ကို ကင်ဂျုံနမ် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မြောက်ကိုရီးယား သံရုံးမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးကို သံသယရှိသူအဖြစ် မလေးရှားက သတ်မှတ်လိုက်ပြီး အခြားတစ်ဦးမှာ မြောက်ကိုရီးယား နိုင်ငံပိုင်လေကြောင်းလိုင်းနှင့် ဆက်နွယ်နေသည်ဟု ပြောကြားခဲ့သည်။

မလေးရှားရဲတပ်ဖွဲ့အကြီးအကဲ ခါလစ် အဘူ ဘာကာရ်က အဆိုပါ သံသယရှိသူ နှစ်ဦးစလုံးမှာ မလေးရှားတွင် ရှိနေပြီး မေးမြန်းရန်အတွက် ဆင့်ခေါ်ထားကြောင်း၊ သံအရာရှိမှာ ကွာလာလမ်ပူရှိ မြောက်ကိုရီးယားသံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေကြောင်း ယနေ့တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်က ကွာလာလမ်ပူလေဆိပ်တွင် အဆိပ်ဖြင့် လုပ်ကြံခံရသည့် ကင်ဂျုံနမ်အမှုအတွက် လက်ရှိတွင် အင်ဒိုနီးရှားနှင့် ဗီယမ်နမ်တို့မှ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးထားပြီး သတင်းများကမူ ၎င်းတို့နှစ်ဦးမှာ ဟန်ပြသဘောသာဖြစ်သည်ဟု ဖော်ပြကြသည်။

သို့သော်လည်း အဘူဘာကာရ်က ၎င်းတိုနှစ်ဦးစလုံးမှာ တိုက်ခိုက်မှုကို သိရှိခဲ့ပြီး၊ အခြားသာ သံသယရှိသူ ၄ ဦးမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မလေးရှားမှ လေယာဉ်ဖြင့်ထွက်ခွာကာ ပြုံးယမ်သို့ရောက်ရှိသွားပြီဟု မိမိတို့ရဲတပ်ဖွဲ့က ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားရဲတပ်ဖွဲ့ကမူ သံသယရှိသူတစ်ဦးမှာ တီဗွီအစီအစဉ်တွင် ပါဝင်ရန်ဟု အယုံသွင်းခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ အဘူဘာကာရ်က မြောက်ကိုရီးယားမှာ အဆိုပါ အမျိုးသမီးနှစ်ဦး၏ လက်တွင်းသို့ အဆိပ်ထည့်ပေးခဲ့ကြောင်း၊ ထိုအဆိပ်ထည့်ပေးခဲ့သူကို ဖမ်းဆီးထားကာ အခြားသော လူ ၇ ဦးကို ရှာဖွေနေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

Ref: Alazeera

Comments are closed.