5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ၊ ၁၉၊ ၂၀၁၂
M-Media
မူရင်းဆောင်းပါးရှင်-ဦးဦးမှော်ဆရာ

အောက်တိုဘာ(၁၀) ရက်ထုတ် True News ဂျာနယ် အတွဲ(၅) အမှတ်(၁၉)တွင် ပါရှိသည့် ဆောင်းပါးရှင် လှရွှေ၏  နိုင်ငံတစ်ခု မွေးဖွားခြင်းနှင့် ဆက်စပ်အတွေးများ ဆောင်းပါးနှင့် ပတ်သက်၍ ဦးဦးမှော်ဆရာ မှ ပြန်လည်ဖြေရှင်း ရေးသားထားသည့် ဆောင်းပါးဖြစ်ပါသည်။

“နိုင်ငံတစ်ခု မွေးဖွားခြင်းနှင့် ဆက်စပ်အတွေးများ” ဆောင်းပါးနှင့် ပတ်သက်၍ .

အံ့သြစရာပဲ။ မြန်မာပြည်က သမိုင်းလေ့လာသူတွေရဲ့ ပညာစွမ်းတွေကြောင့် ပါလက်စတိုင်းလည်း ခိုးဝင်လာသူ၊ သမိုင်းလိမ်၊ နေရာလုယူဖို့ ကြံစည်ကြိုးစားနေသူတွေ ဖြစ်သွားပြန်ပြီပေါ့ ။ တစ်ခါကလည်း ကိုဆိုဗိုမှာဖြစ်ခဲ့တဲ့ Genocide က မှန်ကန်သယောင်ယောင် ၊ လုပ်သင့်သယောင်ယောင်ရေးထားတဲ့ အွန်လိုင်းဆောင်းပါးတပုဒ်ကို နာမည်ကြီးဂျာနယ်မှာ ထည့်ဖေါ်ပြပြီး လူတွေရဲ့စိတ်ထဲ အဆိပ်ခတ်ပေးခဲ့သေးတယ် ။

၁၉၄၈ ခုနှစ်မှစတင်ပြီး ပါလက်စတိုင်းနယ်မြေများကို အစ္စရေးတို့ မတရား ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် မြေပုံ

ဒီ ဆောင်းပါးနဲ့ပက်သက်ပြီး နည်းနည်းပြောပါရစေ ။

(၁)ပါလက်စတိုင်းဆိုတာ နယ်မြေဒေသရဲ့ နာမည်ဖြစ်တယ်ဆိုတာ အမှန်ပါပဲ ။ ပါလက်စတိုင်းလူမျိုးဆိုတာ PLO အဖွဲ့ရဲ့ သတ်မှတ်ချက်အရပြောရရင် “those Arab nationals who, until 1947, normally resided in Palestine regardless of whether they were evicted from it or stayed there. Anyone born, after that date, of a Palestinian father – whether in Palestine or outside it – is also a Palestinian.”
ခပ်တိုတိုပြောရရင် ဒီဒေသမှာ ၁၉၄၇ မတိုင်မီအခြေချနေထိုင်ခဲ့တဲ့ လူတွေကိုခြုံငုံပြီးခေါ်တာပဲဖြစ်တယ် ။ဘာသာရေး အရရော၊ လူမျိုးစုအရပါ လုံးဝမသက်ဆိုင်ပါဘူး။ ဂျူးရော အာရပ်ပါ နှစ်မျိုးလုံးအတွက် သတ်မှတ်ထားတာဖြစ်တယ်။ ဒီတော့ ဒါဟာ သမိုင်းလိမ်လူမျိုးသစ် ဖန်တီးတယ်လို့ ဘယ်လိုအသိပညာနဲ့ ရေးသားထားလဲ မသိဘူး ။

(၂) ပါလက်စတိုင်းမှာ ဘယ်သူတွေအခြေချနေထိုင်ခဲ့သလဲဆိုတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရအောင်ပါ။ (၄၀၀၀ – ၅၀၀၀ BC) လောက်က အာရေဗျသဲကန္တရမှာ ဆမ္မိုက်လို့ခေါ်တဲ့ ခြေသလုံးအိမ်တိုင်လူမျိုးတွေ ရှိခဲ့တယ် ။ အဲဒီ ဆမ္မိုက်လူမျိုးကနေ အာရပ်လူမျိုး ၊ ဟီးဘရူးလူမျိုး ၊ ကေနန်းနိုက်လူမျိုး ၊ အမ္မိုရိုက်လူမျိုး ၊ ဖီနစ်ရှန်းလူမျိုး စသဖြင့် လူမျိုးအတော်ခပ်များများ ကွဲထွက်ဆင်းသက်လာကြတယ်။

အဲဒီ ဆမ္မိုက်လူမျိုးတွေရဲ့ မူလနေရာအာရေဗျဟာ သဲကန္တရပဲဖြစ်ပြီး ၊ မြစ်ဆိုတာလုံးဝမရှိဘဲ လူနေနိုင်တဲ့ အပိုင်းက တော်တော်လေးနည်းတော့ အဲဒီလူမျိုးတွေထဲက တစ်စုဟာ သဲကန္တာရကြီးကိုစွန့်ပြီး ရေကြည်ရာ မြက်နုရာရှာရင်း ၃၀၀၀ BC လောက်မှာ လူမျိုးစုတစ်စုက ပါလက်စတိုင်းဒေသကို ရောက်သွားတယ် ။ အဲဒီအသုတ်က လူတွေကို ကေနန်းနိုက် လူမျိုးတွေလို ခေါ်ပါတယ် ။ ဒီလူတွေဟာ ပါလက်စတိုင်းကို ဟီးဘရူးတွေထက် နှစ်ပေါင်းထောင်ချီစောပြီး အရင်ရောက်ပါတယ် ။ ပါလက်စတိုင်း မြောက်ပိုင်းကိုရောက်သွားတဲ့ လူစုတွေကိုတော့ အမ္မိုရိုက်တွေလို့ ခေါ်ပါတယ် ။

၁၄၀၀- ၁၂၀၀ BC လောက်မှာမှ သဲကန္တရမှာ ခြေသလုံးအိမ်တိုင်ပြုကြတဲ့ ဆမ္မိုက်အနွယ် ဟီးဘရူးလူမျိုးစုတစ်စု ပါလက်စတိုင်းကို ရောက်လာကြပါတယ်။ နောက်တစ်စုကတော့ အီဂျစ်ကို ရောက်သွားကြပါတယ် ။ အီဂျစ်ရောက်သွားတဲ့ ဟီးဘရူးလူမျိုးထဲက ဂျိုးဇက်ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဖာရိုးဘုရင်ရဲ့လက်အောက်မှာ ဘုရင်ခံထိတောင် ဖြစ်ခဲ့ဖူးပါတယ် ။ ဒါပေမဲ့ ဒုတိယမြောက် ရမ်ဆီးဖာရိုး လက်ထက်မှာတော့ ဂျူးလူမျိုးတွေဟာ အတော်ကြီး ညှင်းပန်းနှိပ်စက်ခံရလို့ ဟီးဘရူးခေါင်းဆောင်ကြီး မိုးဇက်ဟာ အခက်အခဲမျိုးစုံရင်ဆိုင်ပြီး သူ့လူမျိုးတွေကို အီဂျစ်ကနေ ပါလက်စတိုင်းဒေသထိ ခေါ်ထုတ်သွားခဲ့ပါတယ် ။ ဒါဟာ ပါလက်စတိုင်းကို ဒုတိယရောက်လာတဲ့ ဂျူးလူမျိုးတွေပါ ။ သူတို့ဒီကိုရောက်လာတော့ နဂိုရှိနေတဲ့ ကေနန်းနိုက်တွေကို နည်းမျိုးစုံနဲ့တိုက်ခိုက်ပေမဲ့ နေရာအတော်များများမှာ ရှုံးခဲ့ပါတယ် ။ ဒါကြောင့် ကေနန်းနိုက်တွေရဲ့ မြို့ရွာအပြင်ဘက်မှာသာ အခြေချနေထိုင်ခဲ့ကြပါတယ် ။ ပါလက်စတိုင်းမြောက်ပိုင်းကို ရောက်သွားတဲ့ ဂျူးတွေကတော့ ကေနန်းနိုက်တွေနဲ့ လူမျိုး ၊ယဉ်ကျေးမှုပေါင်းစည်းသွားခဲ့ပြီး အတော်ကြီးတိုးတက်လာခဲ့ ပါတယ်။ သဲကန္တရသာသာဖြစ်နေတဲ့ တောင်ပိုင်းဒေသမှာကျန်ခဲ့တဲ့ ဂျူးလူမျိုးတွေကတော့ ခြေသလုံးအိမ်တိုင်ဘ၀နဲ့ပဲ ကျင်လည်ရင်း မြောက်ပိုင်း လူမျိုးစုတွေနဲ့ မကြာခနပဋိပက္ခဖြစ်ခဲ့ပါတယ် ။

(၃) ၁၁၀၀ BC လောက်မှာ ဟီဘရူးတွေ တစ်စုတစ်လုံးထဲ ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ သူတို့သမိုင်းမှာ နာမည်အကြီးဆုံးလို့ ပြောရမဲ့ ခေါင်းဆောင်ကြီး ဒေးဗစ် လက်ထက် မှာပါ ။ ပါလက်စတိုင်းနိုင်ငံလေးဟာ အီဂျစ်အင်ပိုင်ယာ၊ အဆီးရီးယန်း အင်ပိုင်ယာ ၊ ဟစ်တိုက် အင်ပိုင်ယာ ၊ ဘေဘီလုံးနီးယန်း အင်ပိုင်ယာ တို့ရဲ့ စစ်ရေးလမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက် အဲဒီအင်ပိုင်ယာကြီးတွေက စစ်တပ်တွေဟာ ဒီနိုင်ငံလေးကိုဖြတ်သန်းသွားကြတာ မကြာခနခံခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံရေးဘက်ကို ကြည့်လိုက်ရင်လည်း ဟီးဘရူးလူမျိုးတွေဟာ အီဂျစ်လူမျိုးတွေ၊ ဟစ်တိုက် လူမျိုးတွေ ၊ အဆီးရီးယန်းလူမျိုးတွေ ၊ ကတ်ဒီးယန်းလူမျိုးတွေလို အထက်တန်းကိုမြင့်မြင့်မားမား မရောက်ခဲ့ပါဘူး ။ သူတို့ရဲ့သက်တမ်တစ်ခုလုံးမှာ ပတ်ဝန်းကျင်နိုင်ငံတွေအလယ်မှာ နှစ်ပေါင်း ၅၀ လောက်ပဲ နိုင်ငံရေးတောင့်တင်းမှု ပြနိုင်ခဲ့တာပါ ။

(၄) (ရှေးဟောင်းကမ္ဘာ့သမိုင်းကို လေ့လာတဲ့အခါမှာ ဂျူးတွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ ယဉ်ကျေးမှုက သာနေရာယူထားတာကို တွေ့ရပါတယ်)လို့ ရေးထားတာဟာ ကိုယ်လိုရာဆွဲပြောနေတာသာ ဖြစ်ပါတယ်။ တကယ်တမ်း အာရှအနောက်ပိုင်းဒေသမှာ အီဂျစ်ယဉ်ကျေးမှု၊ဘေဘီလုံးနီးယန်းယဉ်ကျေးမှု၊အာရပ်ယဉ်ကျေးမှု၊ ဆူမာရီယန်း ယဉ်ကျေးမှုသာ လွမ်းမိုးခဲ့တာပါ။ ဂျူးတွေရဲ့ ယဉ်ကျေးမှုဆိုတာထက် ဘာသာရေးမှာ အထက်တန်း ရောက်ခဲ့တယ်လို့သာ ပြောရမှာပါ ။ ဂျူးတွေဟာ သူတို့ကိုယ်သူတို့ ဆူမားရီယန်းနိုင်ငံ (အား)မြို့သား အာဗြဟံမှ ပေါက်ဖွားဆင်းသက် လာတယ်လို့ ယုံကြည်ကြပါတယ် ။ အာရပ်လူမျိုးတွေလည်း ဒီလိုယုံကြည်ကြတာပါ ။ ဒီယူဆချက်ကြောင့် ဂျူးယဉ်ကျေးမှုလို့ ယူဆတာဟာ မမှန်ကန်ပါဘူး ။ ဆူမာရီယန်းယဉ်ကျေးမှုဟာ ဆမ္မိုက်လူမျိုးမဟုတ်တဲ့ တခြားလူမျိုးစုတစ်စုရဲ့ ယဉ်ကျေးမှုသာ ဖြစ်ပါတယ် ။

(၅) မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာစစ်ဆေးမှုအရ တွေ့ရတာကိုတော့ မူရင်းအတိုင်းဖေါ်ပြပါ့မယ်။
A recent study of high-resolution haplotypes demonstrated that a substantial portion of Y chromosomes of Israeli Jews (70%) and of Palestinian Muslim Arabs (82%) belonged to the same chromosome pool.
ပြောရရင် ဂျူးလူမျိုး(၇၀%) နဲ့ ပါလက်စတိုင်းအာရပ်လူမျိုး (၈၂%) တို့မှာ Y ခရိုမိုဆုမ်းရဲ့ အဓိကကျတဲ့အပိုင်းက အတူတူပဲဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒါဆို ကျနော်အပေါ်ကပြောခဲ့တဲ့ လူမျိုးစုတွေကွဲထွက်ဆင်းသက်မှုဟာ အမှန်နဲ့ နီးစပ်တယ်လို့ ပြောရမှာပါ ။

(၆) လက်ရှိချိန်ထိ အစ္စရေးနိုင်ငံရဲ့ ဒေသတစ်ချို့ဟာ တရားမ၀င်သလို ၊ သိမ်းပိုက်ခံ ပါလက်စတိုင်းဒေသများအဖြစ်သာ သတ်မှတ်ထားတယ်ဆိုတာ မမေ့သင့်ပါ ။

အချုပ်ပြောရရင် ဒီဆောင်းပါးက ရခိုင်ပြဿနာနဲ့ ဘယ်လိုမှ ယှဉ်တွဲကြည့်လို့မရတဲ့ (အခြေခံခြင်းလုံးဝမတူတဲ့) အစ္စရေး – ပါလက်စတိုင်းကိစ္စမှာ ကျူးကျော်သူ နဲ့ ကျူးကျော်ခံရသူကို ပြောင်းပြန်ဖြစ်အောင် စာတမ်းနှစ်ခုလောက်ကို ကိုးကားပြီး အန္တရာယ်များတဲ့ အတွေးအခေါ်အမှားကြီးကို ချပြနေတာလို့ပဲမြင်ပါတယ် ။

Leave a Reply