21 hours ago
ဦးဝီရသူနဲ့ ရင်းနှီးတဲ့ သီရိလင်္ကာ ဆရာတော် အရေးယူခံရ
4 days ago
ဘာသာရေးကို ခုတုံးလုပ် အမုန်းတရားဟောပြောမှုများအား မန္တလေးမြို့ ဘာသာပေါင်းစုံ အဖွဲ့ ရှုတ်ချ
4 days ago
ရခိုင်ကော်မရှင်အဖွဲ့ ကိုဖီအာနန် နဲ့ တွေ့ဆုံမည်
5 days ago
သီရိလင်္ကာမှာ ဘာသာရေးမုန်းတီးမှု လုပ်ဆောင်သူ ၄ ဦးကို ဖမ်းဆီး
7 days ago
Genius Olympiad ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား/သူများ ရွှေအပါအဝင် ဆုတံဆိပ် ၉ ခု ဆွတ်ခူး
1 week ago
မင်္ဂလာတောင်ညွှန့် ပဋိပက္ခတွင်ပါဝင်သည့် ရဟန်း ၂ ပါးကို တရားခံပြေးအဖြစ် အမိန့်ချ
1 week ago
မိထ္ထီလာတွင် မွတ်စလင်မ်ဥပုသ်လ ဝတ်ပြုခွင့်ရဖို့ တိုင်းအစိုးရကို တရားဝင် တင်ပြထားသော်လည်း အကြောင်းမထူးသေး
3 weeks ago
လွတ်လပ်စွာဝတ်ပြုကိုးကွယ်မှုကန့်သတ်တဲ့ အမိန့်ဥပဒေများပယ်ဖျက်ဖို့ HRW တောင်းဆို
4 weeks ago
အစ္စလာမ်ဘာသာဝင်တို့ရဲ့ ၂၀၁၇ ရမဿွာန် ဥပုသ် ပထမနေ့ ရန်ကုန်မြင်ကွင်း(ဓါတ်ပုံ)
1 month ago
ကျောက်ဖြူဒုက္ခသည်များ နေရပ်ပြန်လို

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ၏ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် ဧပြီလဆန်းပိုင်းက ဇေယျာဖြိုးနှင့် အောင်ဝင်းခိုင်တို့ တာမွေမြို့နယ်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဖေဖော်ဝါရီ ၂၅ ရက်က ရန်ကုန်မြို့ မူးယစ်ဆေးဝါးပြတိုက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချူပ်ဇော်ဝင်းက ပြောကြားခဲ့ရာ ယင်းကာလသည် နှစ်စဉ် ဆိုင်ပိတ်ရက်ကာလဖြစ်ကြောင်း ဆိုင်ပိုင်ရှင် ဦးသန်းဌေးက မတ်လ ၁ ရက်တွင်မြန်မာသံတော်ဆင့်သို့ အတည်ပြုပြောကြားခဲ့သည်။

လုပ်ကြံမှုတွင်ပါဝင်သည့် ဇေယျာဖြိုးသည် ၂၀၁၆ ခုနှစ် ဧပြီလဆန်းတွင် အောင်ဝင်းခိုင် ၊ ဦးလင်းဇော်ထွန်းတို့နှင့် တာမွေမြို့နယ်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်၌ တွေ့ဆုံ၍ ဦးကိုနီ၏ ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပြီး ပုဂိုလ်ရေး အရ မကျေနပ်မှုများ ဖြစ်ပေါ်လာကာ ဆိုင်မှာ အပြန်ကားပေါ်တွင် အောင်ဝင်းခိုင်က ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရန် တိုင်ပင်ခဲ့ပြီးနောက် တစ်ပတ်အကြတွင်လည်း ၄င်းတို့ နှစ်ဦး အဆိုပါလက်ဖက်ရည်ဆိုင်၌ပင် ထပ်မံတွေ့ဆုံခဲ့သည်ဟု ရဲချူပ် ဇော်ဝင်း၏ ရှင်းလင်းပြောဆိုခဲ့မှုအပေါ် ယင်းကဲ့သို့ ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။

” တို့ဆိုင်က ၃ လပိုင်းကုန်ရင် စပိတ်တယ်။ ၅ လပိုင်း အလယ်လောက်မှ ပြန်ဖွင့်တယ်။ ဒါတို့ဆိုင်ရဲ့ သဘာဝပဲ။ ငါတို့ဆိုင်ပိတ်ရက်က ဒါပဲ။ သူတို့ရေးတာ ရေးတာပဲ ငါတို့လည်း မသိဘူး။” ဆိုင်ပိုင်ရှင် ဦးသန်းဌေးက ပြောသည်။

ထိုအပြင် မော်ဒန်လက်ဖက်ရည်ဆိုင်တွင် ဦးကိုနီအကြောင်း ပါဝင်ဆွေးနွေးခဲ့သည်ဟု ဆိုသော လက်ရှိ မိုင်းဖြတ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တပ်မတော် ဗိုလ်မှူးကြိးဟောင်း ဦးလင်းဇော်ထွန်း က ဦးကိုနီလုပ်ကြံခံရမှုမှာ လက်ဖက်ရည်ဆိုင် တွင်ပြောဆိုချက်များအပေါ် အခြေခံသည်၊ အခြေမခံသည်ကို မသိရှိကြောင်း၊ အမုန်းတရားဖြစ်လာနိုင်သည့် တဖက်စွန်းရောက် ဆွေးနွေးချက်များ မရှိကြောင်း၊ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နှင့်အတူ ရိုက်ကူးထားသည့် ဓါတ်ပုံမှာလည်း သမီးဖြစ်သူ ကျောင်းကိစ္စ ဖြင့် ဟောင်ကောင်သို့သွားရောက်စဉ် ဟောင်ကောင်လေဆိပ်တွင် ၄င်းတို့နှင့် တွေ့ဆုံသဖြင့် ရိုက်ကူးခဲ့ခြင်းသာဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာသံတော်ဆင့် အတွဲ ၅ အမှတ် ၅၁ စာ- ၂ မှ ကောက်နှုတ်ဖော်ပြပါသည်။



Tags:

Comments are closed.