5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၇၊ ၂၀၁၇
M-Media

– အိန္ဒိယ လေကြောင်းလိုင်း Air India က မိမိတို့အနေဖြင့် လေယာဉ်တစ်စီးလုံး အမျိုးသမီး အမှုထမ်းများကို အသုံးပြုကာ ကမ္ဘာတစ်ပတ် ပျံသန်းသည့် ပထမဆုံး လေကြောင်းလိုင်း ဖြစ်လာခဲ့ပြီဟု ကြေငြာလိုက်သည်။

“ကမ္ဘာတစ်ဝှမ်းကို အမျိုးသမီးသီးသန့် အမှုထမ်းနဲ့ ပျံသန်းတဲ့ လေကြောင်းလိုင်းအဖြစ် Air India က သမိုင်းရေးထိုးလိုက်ပါပြီ” ဟု လေယာဉ်အမှတ် Flight AI 174 မှာ နယူးဒေလီသို့ သောကြာနေ့က ပြန်လည် ရောက်ရှိလာပြီးနောက် Air India က ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

Boeing 777 လေယာဉ်မှာ နယူးဒေလီမှ ဆန်ဖရန်စ္စကိုသို့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်၍ ပြီးခဲ့သည့် တနင်္လာနေ့က ပျံသန်းခဲ့ပြီး ပြန်လာသည့်လမ်းကြောင်းတွင် အတ္တလန်တိတ်သမုဒ္ဒရာပေါ်မှ ဖြတ်ပျံခဲ့သောကြောင့် ကမ္ဘာတစ်ပတ် ပတ်နိုင်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့် အဆိုပါခရီးစဉ်အတွင်း လေယာဉ်မှူးများ၊ လေယာဉ်အတွင်းအမှုထမ်းများ check-in နှင့် မြေပြင်ကိစ္စများကို ကိုင်တွယ်သည့် အမှုထမ်းများ အားလုံးမှာ အမျိုးသမီးများသာဖြစ်သည်။ ထို့ပြင် အင်ဂျင်နီယာများ၊ မြေပြင်ထိန်းချုပ်ရေး ၀န်ထမ်းများမှာလည်း အမျိုးသမီးများဖြစ်သည်ဟု Air India က ပြောကြားခဲ့သည်။

လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရှိသူကမူ မိမိတို့အနေဖြင့် ယခုပျံသန်းမှုကို ဂင်းနစ်စာအုပ်မှတ်တမ်းဝင်ရန် လျှောက်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

Ref: CNN

Tags:

Comments are closed.