5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၉၊ ၂၀၁၇
M-Media

 

– ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မနေ့က မီလန်မြို့ အိမ်ယာတစ်ခုက မွတ်စလင်မိသားစုအိမ်တစ်အိမ်ကို သွားရောက်လည်ပတ်ခဲ့ပြီး ထူးခြားတဲ့ လက်ဆောင်တစ်ခုကိုလည်း ရရှိခဲ့ပါတယ်။

မော်ရိုကနေ ရွှေ့ပြောင်းအခြေချလာပြီး လက်ရှိ မီလန်မှာ အာရဘီစာ သင်ကြားပေးနေတဲ့ မီဟူလ် အဘ်ဒဲလ် ကရင်မ်ဆိုသူရဲ့ နေအိမ်ဖြစ်ပြီး၊ ပုပ်ရဟန်းမင်းကြီးရဲ့ ရုတ်တရက်လာရောက်လည်ပတ်မှုအတွက် ကရင်မ်တို့မိသားစုက အံ့သြခဲ့ရပါတယ်။

ကရင်မ်ဟာ သူရဲ့ ဇနီး ဟာနာနီ၊ သားဖြစ်သူ မဟ်မူးဒ်၊ သမီးဖြစ်သူ ဂျီနာနီတို့နဲ့ ပုပ်ရဟန်းမင်းကြီးကို မိတ်ဆက်ပေးခဲ့ပါတယ်။

နောက်ပြီး ဘုရားသခင်ရဲ့ ဂုဏ်တော် ၉၉ ပါးကို အာရဘီလို စီချယ်ရေးသားထားတဲ့ ကားချပ်တစ်ခုကို ကရင်မ်က ပုပ်ရဟန်းမင်းကြီးကို ပေးအပ်ခဲ့ပြီး၊ သားဖြစ်သူ မဟ်မူးဒ်ကလည်း ခရစ်ယာန်နဲ့ မွတ်စလင်တွေရဲ့ ညီညွတ်မှုကို ဖော်ကျူးတဲ့ ကိုယ်တိုင်ရေး ရုပ်ပုံလေးတစ်ခုကို လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အဲဒီအိမ်ယာက အခြားမိသားစုတွေထံလည်း သွားရောက်လည်ပတ်ခဲ့ပြီး နောက်ပိုင်းမှာ အကျဉ်းထောင်း အကျဉ်းသားတွေကိုလည်း သွားရောက် အားပေးခဲ့ပါတယ်။

Ref: 4News

Tags: ,

Comments are closed.