5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၂၊ ၂၀၁၂
M-Media
သတင်း – ထွန်းတောက်

 

၂၀၁၂-ခု ၁၀-လပိုင်းမှာ ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးကျေးရွာမှာနေတဲ့ မွတ်စလင်မ်အမျိုးသမီးတစ်ဦးကို စစ်တပ်မှ စစ်ဗိုလ်တစ်ဦးမှ မုဒိမ်းကျင့်မှုစော်ကားခဲ့သည်ဟု သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ – ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးကျေးရွာနေ မွတ်စလင်မ်အမျိုးသမီးတစ်ဦးဖြစ်သူ မရော်ကော်မာ အသက်(၂၅)နှစ် (ဘ) ဦးအေမာန်ဟူဆောင် အား စစ်တပ်မှ ဗိုလ်အာကာလှိုင်နှင့် ရခိုင်တစ်ဦးမှ အတင်း အဓမ္မခေါ်ဆောင်သွားပြီး မုဒိမ်းကျင့်ပြီး ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

“၂၁.၁၀.၂၀၁၂ ရက်နေ့မှာ ရသေ့တောင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာနေ မရော်ကော်မာဆိုတဲ့ ကလေး၂-ယောက်မိခင် အိမ်ထောင်ရှင် မွတ်စလင်မ် အမျိုးသမီးကို ၅၃၆ တပ်က က ဗိုလ်အာကာလှိုင်နဲ့ ရခိုင်တစ်ယောက်က အတင်းအဓမ္မခေါ်ဆောင်သွားပါတယ်။ စစ်တပ်လုံခြုံရေးစခန်းကို ခေါ်သွားပြီး မုဒိမ်းကျင့်ပါတယ်။ နောက် ၃-နာရီလောက်ကြာတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒါက ၂၁-ရက်နေ့က ဖြစ်ခဲ့တာပါ။”

“အဲဒီနေ့မှာပဲ အဲဒီရွာကပဲ မော်လ၀ီဂျော်လာန် (အသက် ၃၀-နှစ်) (ဘ) ဦးစယတ်ခါလာန်ဆိုသူရယ်၊ ဦးဆိုလ်တာန်ကြီး (အသက် ၅၅-နှစ်)ရယ်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှဉ်းပန်းနှိပ်စက်ပါတယ်။ ပြီးတော့ ငွေညစ်ပြီးတောင်းပါတယ်။ သူတို့က မပေးတဲ့အခါမှာ မော်လ၀ီဂျော်လာန်ရဲ့အိမ်ကို ၀င်ရောက် ဖျက်ဆီးမွှေနှောက်ပြီး ရွှေငွေ တန်ဖိုး (၁၀)သိန်းဖိုးခန့်ယူဆောင်သွားပါတယ်။”

“နောက် ဒီ ၁၀-လပိုင်းမှာပဲ ၁၆-၁၀.၁၂ ရက် မနက် ၁၀-နာရီမှာ ထောင်တောင်ကျေးရွာမှာနေတဲ့ M.D ရော်ရှစ် (အသက်-၄၀) (ဘ) ဦးနူအာလမ်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ပြီးတော့ ၅-ရက်တိတိဖမ်းထားပြီး ၂၁-ရက်နေ့မှာမှ ပြန်လွှတ်ပေးတယ်။ သူ့ကို ထောင်တောင်ကျေးရွာ အုပ်စု အထွေးမောင်ဆိုတဲ့ ရခိုင်အုပ်ချုပ်ရေးမှူးက ငွေ(၃)သိန်း ညစ်ပြီတောင်းပါတယ်။ အဲဒါကို ပေးလိုက်တော့ ပြန်လွှတ်ပေးပါတယ်။ အခုက ရခိုင်မှာ ရခိုင်တွေက အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေကြပြီး မွတ်စလင်မ်တွေက သူတို့အနိုင်ကျင့်တာ ခံနေရပါတယ်” လို့ ကျောက်တော်နဲ့ ရသေ့တောင်ဒေသ မြို့ခံများက ပြောပြခဲ့ပါတယ်။

Leave a Reply