12 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၆၊ ၂၀၁၇
M-Media

– မြန်မာနိုင်ငံတွင် လတ်လော ဖြစ်ပွားခဲ့သည့် အပြင်းထန်ဆုံး တိုက်ခိုက်မှုများမှ အချို့မှာ တရုတ်လူမျိုးများနေထိုင်သည့် ကိုးကန့်ဒေသတွင် ဖြစ်သည်။ ထိုဒေသက စစ်ပွဲနှင့် မကင်းသည့် မြန်မာနိုင်ငံ၏ လူသိအနည်းဆုံး၊ အရှုပ်ထွေးဆုံး ဒေသများထဲမှ တစ်ခုဖြစ်သည်။

တရုတ်ထံမှ သွယ်ဝိုက်၍ ရရှိသော လက်နက်များနှင့် နှစ်နိုင်ငံအကြား တောထောင်ထူထပ်သည့် နယ်စပ်တစ်လျှောက် တိုက်ခိုက်နေသည့် ကိုးကန့်သူပုန်များမှာ တစ်ချိန်က နွေးထွေးခဲ့သော တရုတ်-မြန်မာဆက်ဆံရေး လတ်တလော ဆိုးရွားလာမှုအတွက် အဓိကအကြောင်းအရင်း ဖြစ်နေသည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြန်မာနိုင်ငံသားများက ကိုးကန့်များကို နိုင်ငံသားအဖြစ် မှတ်ယူသင့်လားဆိုသည့် မေးခွန်းမျိုးကို Facebook စာမျက်နှာများ၌ ရေးတင်ကြသည်။ အစိုးရတပ်များနှင့် ကိုးကန့် လက်နက်ကိုင်များအကြား တိုက်ခိုက်မှုများ မြင့်တက်လာခြင်းကြောင့် တစ်ချို့ပြည်သူများက ‘တရုတ်၏ ကျူးကျော်မှု’ ဆိုသည့် အန္တရာယ်ရှိသော အရေးအသားမျိုးကို ရေးသားလာကြပြီး ကိုးကန့်ဒေသကို တရုတ်က ‘ခရိုင်းမီးယားပုံစံ’ ဖဲ့ထုတ်သိမ်းပိုက်မှု ဖြစ်လာမည်လားဆိုသည့် စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။

တရုတ်မျိုးချစ်များက ၎င်းတို့၏ ‘ကိုးကန့်ညီနောများ’ ကို ကူညီရန် လိုအပ်နေမှုနှင့်ပတ်သက်၍ Weibo ကဲ့သို့ ဆိုရှယ်မီဒီယာများ၊ ဒေသတွင်း မီဒီယာများမှတစ်ဆင့် ပြန်လည် တုန့်ပြန်ရေးသားလာကြသည်။ အဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာ The Global Times က ဖေဖော်ဝါရီလ အယ်ဒီတာအာဘော်တွင်
“ကိုးကန့်ဒေသနှင့် ခရိုင်းမီးယားကို နှိုင်းယှဉ်မှုမှာ အခြေအမြစ်မရှိကြောင်း” သို့သော်လည်း “တရုတ်ပိုင်နက်အတွင်းသို့ ဒုက္ခသည်များ အလုံးအရင်းနှင့် ၀င်ရောက်လာမှုမှာ တရုတ်နိုင်ငံ၏ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ထိခိုက်စေကြောင်း” ဖော်ပြထားသည်။

တကယ်တော့ ကိုးကန့်မှာ မြန်မာအစိုးရက တရားဝင်အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းတွင် ပါဝင်သည်။ ကိုးကန့်ဒေသကို ၁၈၉၇ ခုနှစ်နှင့် ‘ဘေဂျင်းကွန်ဗန်းရှင်း’ အရ ထိုစဉ်က မြန်မာနိုင်ငံကို အုပ်စိုးနေသည့် ဗြိတိသျှ ကိုလိုနီအစိုးရကို တရုတ်က လွှဲအပ်ခဲ့သည်။ ထိုကွန်ဗန်းရှင်းက ထိုစဉ်က
ဘားမား၏ဟုခေါ်သည့် မြန်မာနိုင်ငံ၊ တိဘက်တို့နှင့် တရုတ်၏ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေသည်။ သို့ရာတွင် ဗြိတိန်က အဆိုပါ ဝေးလံခေါင်ဖျားသောဒေသကို ၎င်းတို့ ကိုလိုနီအစိုးရ၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အ၀ မသွတ်သွင်းနို င်ခဲ့။

လွတ်လပ်သောမြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်ကလည်း ကိုးကန့်ဒေသကို ဗဟိုထိန်းချုပ်မှုအောက်သို့ ရောက်ရှိရေးတွင် ဗြိတိသျှတို့လောက်ပင် အောင်မြင်အောင် မစွမ်းဆောင်နိုင်။ ၁၉၅၀ ပြည့်နှစ်များတွင် မော်စီတုန်း၏ ကွန်မြူနစ်များကို ရှုံးနိမ့်ပြိးနောက် မြန်မာ-တရုတ်နယ်ခြားကို တပ်ဆုပ်လာသော တရုတ်မျိုးချစ်
ကူမင်တန် (KMT) တပ်များက ကိုးကန့်ဒေသ အားလုံးနီးပါးကို သိမ်းပိုက်ခဲ့သည်။

ထိုအချိန်က ကိုးကန့်ဒေသကိုအုပ်စိုးသော ယန် (Yangs) မိသားစုမှာ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးကို အုပ်စီးထားသူများတွင် ပါဝင်နေသည်။ ထိုအထဲမှတစ်ဦးမှာ ဂျင်မီယန်ဟုခေါ်သည့် ယန်ကျင့်ရှန်းဖြစ်ပြီး တောင်ကြီးမြို့ရှိ ရှမ်းစော်ဘွားများကျောင်း(Shan Chiefs School) မှ ဘွဲ့ရခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၁၉
၅၀ တွင် ကိုးကန့်ဒေသ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ နှစ်အနည်းငယ်ကြာသည့်အခါ ‘ မြန်မာအရှေ့တိုင်းဘဏ်’ (East Burma Bank) ကို ဖွင့်လှစ်ခဲ့ပြီး ထိုဘဏ်ကို မ,တည်သူများ၊ ရှယ်ယာထည့်ဝင်သူများမှာ ရှမ်းမင်းသားများနှင့် ရှမ်းစီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်သည်။

ဂျင်မီယန်အပါအ၀င် ကိုးကန့်အများစုက ကူမင်တန်များနှင့် ပူးပေါင်းခဲ့သည်။ ကိုးကန့်စစ်ဘုရင် ဖုန်းကြားရှင်ဦးဆောင်သည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက တရုတ်နိုင်ငံသို့သွားရောက်ကာ လေ့ကျင့်မှုများ ရယူခဲ့ပြီး KMT အဖွဲ့ကို မြန်မာနိုင်ငံမှ မောင်းထုတ်ရေး ကူညီမည်ဟူသည့် ကတိများလည်း ရခဲ့သည်။

၁၉၆၈ ခုနှစ်တွင် ဖုန်းကြားရှင်သည် တရုတ်အထောက်အပံ့ပေးသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) မှ အဖွဲ့တစ်ခု၏ ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ကိုးကန့်ဒေသ အများစုတွင် ၎င်း၏တပ်များ ပြန့်နှံ့ခဲ့သည်။ CPB ၏ ကြီးထွားလာမှုမှာ ကွမ်းလုံရှိ သံလွင်သံတားကို သိမ်းပိုက်ရန် ကွန်မြူနစ်တပ်များက ကြိုး
စားခဲ့သည့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာလမှ ၁၉၇၂ ခုနှစ် ဇန်န၀ါရီလထိ ဖြစ်ပွားခဲ့သော အရေးပါသော စစ်ပွဲပြီးနောက် ရပ်တန့်သွားခဲ့သည်။ ထိုတိုက်ပွဲတွင် အောင်နိုင်သွားပါက ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခုလုံးမှာ ၎င်းတို့၏ လက်သို့ ကျရောက်သွားဖွယ်ရှိနေသည်။

ကွမ်းလုံတွင် အစိုးရတပ်များ၏ အောင်မြင်မှုမှာ ပထ၀ီအခြေအနေကို ကောင်းစွာသိသည့် ဒေသတွင်း ပြည်သူ့စစ်ခေါင်းဆောင်နှင့် မူးယစ်ခေါင်းဆောင် လော်စစ်ဟန်၏ ကူညီမှုကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ ထိုအကူအညီကို ကျေးဇူးဆပ်သည့်အနေဖြင့် မြန်မာစစ်တပ်က လော်စစ်ဟန်၏ ဘိန်းများကို ထိုင်
းနယ်စပ်ရှိ ဓာတ်ခွဲခန်းများသို့ ပို့ဆောင်ပေးပြီး ထိုနေရာတွင် ဘိန်းဖြူအဖြစ် သန့်စင်ခြင်း၊ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ခြင်းတို့ကို ပြုလုပ်လေသည်။

၁၉၇၃ ခုနှစ်တွင် အစိုးရနှင့် သဘောထားကွဲပြိးနောက် လော်စစ်ဟန်မှာ ဖမ်းဆီးခံခဲ့ရသည်။ သို့သော်လည်း ၁၉၈၀ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်ကာ မြန်မာနိုင်ငံ၏ အတောင့်တင်းဆုံးနှင့် အကျယ်ပြန့်ဆုံး လုပ်ငန်းစုကြီးများမှ တစ်ခုဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီကို ထူထောင်ခဲ့ပြီး လက်ရှိတွင် လောစ
စ်ဟန်၏သား စတီဗင်လောခေါ် ထွန်းမြင့်နိုင်က ဦးဆောင်နေသည်။ အေးရှားဝေါလ် ကုမ္ပဏီမှာ မကြာသေးခင်ကပင် အမေရိကန်၏ ပိတ်ဆို့မှုများမှ လွတ်မြောက်ခဲ့သည်။

၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ၌ ဗမာလူမျိုး ခေါင်းဆောင်များကို ဗမာမဟုတ်သည့် လက်အောက်ငယ်သားများက ပုန်ကန်မှု ကြီးထွားလာသည့်အချိန်တွင် ဖုန်းကြားရှင်နှင့် ၎င်း၏ အဖွဲ့မှာ အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ (MNDAA) ဟု သိကြသည့် ဖုန်းကြားရှင်၏
ကိုးကန့်တပ်ဖွဲ့မှာ အခြားသော ကွန်မြူနစ်အဖွဲ့များကဲ့သို့ အစိုးရနှင့် အပစ်ရပ်ရေး သဘောတူညီချက်တွင် ပါဝင်ခဲ့သည်။

ယာယီငြိမ်းချမ်းရေးနှင့်အတူ ဖုန်းကြားရှင်မှာ ကိုးကန့်နှင့် ဆက်စပ်နယ်မြေများတွင် ဘိန်းဖြူအင်ပါယာတစ်ခုကို ထူထောင်ခဲ့သည်။ သို့သော်လည်း အခြားသော ဒေသတွင်း ဘိန်းဘုရင်များနှင့် တိုက်ပွဲများဖြစ်သောကြောင့် မတည်ငြိမ်မှုများဖြစ်ပွားခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အစိုးရတပ်က ကြားဝင်ပေးရမှုအထိ ဖြစ်လာခဲ့သည်။
ဖုန်းကြားရှင်မှာ တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ပြီး ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ကိုးကန့်ဒေသသို့ ပိုမိုတောင့် တင်းကောင်းမွန်သည့် MNDAA ခေါင်းဆောင်အဖြစ် ပြန်လည်ဝင်ရောက်လာခဲ့သည်။

MNDAA မှာ လက်ရှိ မြန်မာနိုင်ငံမြောက်ပိုင်း၌ ပိုမိုကျယ်ပြန့်သည့် သူပုန်မဟာမိတ်အဖွဲ့တစ်ခု ဖြစ်နေပြီး ပလောင်၊ ကချင်နှင့် ရခိုင်တပ်ဖွဲ့များလည်း ပါဝင်လာကာ တရုတ်ကျောထောက်နောက်ခံပြု အင်အားတောင့်သည့် ၀,စစ်တပ်ကလည်း ထိုအဖွဲ့ကို ပံ့ပိုးပေးထားသည်။ လက်ရှိ ပဋိ့ပက္ခတွင် မည်သည့်ရလဒ် ထွက်လာ
သည်ဖြစ်စေ နေပြည်တော်တွင် မည်သူ တက်တက် ထိုဒေသ၌ မျှော်လင့်ထားသည့် သြဇာမျိုး တည်ဆောက်ရန် ခက်ခဲမည်ဖြစ်သည်။

ကိုကန့်ဒေသ၊ တောင်ဘက်ရှိ ၀တောင်တန်းဒေသတို့မှာ ကိုလိုနီခေတ်အပါအ၀င် မည်သည့်အချိန်ကမှ ဗဟိုအစိုးရ၏ ထိန်းချုပ်မှုအောက်သို့ မရောက်ရှိခဲ့သည့် ဒေသများဖြစ်သည်။ သို့သော်လည်း ဘေးဂျင်းက တိုက်ရိုက် ထိန်းချုပ်ထားခြင်းလည်း မရှိ။

Ref: Asia Times

(Asia Times တွင် ဘာတေးလစ်တနာ ရေးသားသည့် A Chinese war in Myanmar ကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.