5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၂၊ ၂၀၁၂ (ည ၁၁း၃၀ နာရီ)
M-Media
သတင်း – ထွန်းတောက်

 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ်တွင် ရပ်ကွက် ၁၂-ရပ်ကွက်ရှိပြီး အနောက်ပိုင်းရပ်ကွက် ဗလီကို ရခိုင်လူမျိုး အကြမ်းဖက်သမားများက ယနေ့ (၂၂.၁၀.၂၀၁၂) ညပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

ကျောက်ဖြူမြို့ပေါ်တွင် ရပ်ကွက် ၁၂-ရပ်ကွက်ရှိပြီး အနောက်ပိုင်း ရပ်ကွက်ဗလီကို ရခိုင်များက မီးရှို့ဖျက်ဆီးလိုက်ကြောင်း၊ အနောက်ပိုင်း ရပ်ကွက်ဗလီ၏ ဘေးပတ်ဝန်းကျင်တွင် မွတ်စလင်မ်များ မရှိကြောင်း၊ အနောက်ပိုင်းဗလီမီးရှို့ ဖျက်ဆီးခံရသည်ကို ကျောက်ဖြူ ခ.ယ.ကမှ အတည်ပြုလိုက်ကြောင်း၊ ယခုအခါ စစ်တပ်မှ ၀ိုင်းရံထားကြောင်း၊ ယခု ကျောက်ဖြူဗလီကို မီးရှို့သည်မှာ ကျောက်ဖြူမြို့ခံများမဟုတ်ဘဲ အခြားဒေသမှလာရောက်၍ လုပ်ဆောင်သူ အများစုဖြစ်ပြီး ကျောက်ဖြူမြို့ရှိ ဆိုးသွမ်းနေသော ရခိုင် အနည်းငယ်သာပါဝင်ကြောင်း၊ ကျောက်ဖြူမြို့ပေါ်မှာ မွတ်စလင်မ်တွေနဲ့ ရခိုင်တွေဟာ ဘာပြဿနာမှ မရှိပဲ အေးဆေးစွာနေထိုင်နေကြသော်လည်း ယခုအခါ ရခိုင်ပြည် တစ်ဝန်းလုံးတွင် ပေါ်ပေါက်နေသော ပြဿနာရပ်များတွင် ပြဿနာမဖြစ်ဘဲ အေးဆေးစွာရှိနေသည်မှာ ကျောက်ဖြူနှင့် သံတွဲ (၂)မြို့သာ ရှိတော့ကြောင်း၊ ယခု ကျောက်ဖြူမြို့တွင်အကြမ်းဖက်လုပ်ရပ်များ စတင်လာပြီဖြစ်သောကြောင့် မကြာမီတွင် သံတွဲမြို့သို့လည်း ရခိုင်များ၏ အကြမ်းဖက်လုပ်ရပ်များ စတင်လာနိုင်ဖွယ်ရှိပြီဖြစ်၍ မွတ်စလင်မ်များမှ သောကများ ခံစားနေရကြောင်း ကျောက်ဖြူမြို့ခံတစ်ဦးမှ M-Media သို့ ပြောကြားလာပါတယ်။

 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ဗလီ အကြမ်းဖက် မီးရှို့ဖျက်ဆီးခံရမှု့( နောက်ဆက်တွဲသတင်း )

အောက်တိုဘာ၊ ၂၃၊ ၂၀၁၂ ( နေ့လည် ၁၁း၃၀ နာရီ)
M-Media
သတင်း – ထွန်းတောက်

ကျောက်ဖြူမြို့ရှိ အနောက်ပိုင်း ရပ်ကွက်ဗလီအား မနေ့ညက မီးရှို့အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ဗလီတွင် အစောင့်တာဝန်ပေးထားသည့် ၀န်ထမ်း မွတ်စလင်မ်လူငယ်အား အာဏာပိုင်များမှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ “ကျောက်ဖြူက အနောက်ပိုင်းရပ်ကွက်ဗလီကို မီးရှို့တယ်၊ ခ.ယ.က ကလည်း အတည်ပြုတယ်။ ပြီးတော့ အဲဒီက အစောင့်ကောင်လေးကို ဖမ်းသွားတယ်။ ပြောတာက အဲဒီအစောင့်ကပဲ ဗလီကိုမီးရှို့တယ်လို့ပြောပြီး ဖမ်းသွားတာ။ အခု ကျောက်ဖြူမှာ တစ်ခြားနယ်က လူ(၃၀၀)ကျော်လောက် ရောက်နေပြီး တစ်နေရာမှာ စုနေတယ်လို့ပြောတယ်။ စစ်တပ်တော့ ချထားတယ်။ ဒါပေမယ့် စစ်တပ်ကလည်း အဲဒီရခိုင် အကြမ်းဖက်သမားတွေကို ဖမ်းလို့မရဘူး။ အဲဒီ ရခိုင်အကြမ်းဖက်သမားတွေက ပြောတယ်။ မွတ်စလင်မ်အိမ်တွေကို မီးရှို့မယ်ဆိုတော့ စစ်တပ်က မရှို့ဖို့ပြောတယ်။ အဲဒါနဲ့ ရခိုင်တွေက ထပ်ပြောတယ်။ မွတ်စလင်မ်အိမ်တွေကို မီးရှို့မယ် မရှို့ရဘူးဆိုရင် ငါတို့ကို သတ်ပစ်လိုက်လို့ပြောတယ်။

အခုတော့ စစ်တပ်ကား(၇)စီးချထားတယ်။ မနေ့ညက အနောက်ပိုင်းရပ်ကွက်ဗလီကို မီးရှို့နေတဲ့တချိန်တည်းမှာ အရှေ့ပိုင်းပိုက်ဆိုက် ရပ်ကွက်ထဲကို ကားတစ်စီး ခပ်ပြင်းပြင်းမောင်းပြီးဝင်လာတယ်။ (၃)ကြိမ်အဲလို မောင်းဝင်လာပြီး ပြန်ထွက်သွားတယ်။ တတိယအကြိမ်ဝင်လာတော့ ရပ်ကွက်ထဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတာနဲ့ ထပ်မ၀င်လာတော့တာ။ အစိုးရဌာနက ကားတော့မဟုတ်ဘူး။ အစိုးရဌာန ကားလာရင် ရပ်ကွက်ရုံးကို အသိပေးပြီးလာတယ်။ အဲဒီမီးလောင်နေတုန်းမှာပဲ အနောက်ပိုင်းရပ်ကွက်နဲ့ ရေပဲခြားတဲ့ စပြင်ကွင်းရွာက ရခိုင်အကြမ်းဖက်တွေကလည်း ဒီဘက်ကို ၀င်ဖို့လုပ်တယ်။ ရေပဲခြားတယ်ဆိုတာ အရင်က ငါးကန်ရှိတာ။ အခု ငါးကန်မရှိတော့ဘူးဆိုတော့ သွားလာလို့ ရနေတာ။ မနေ့ကလေ အဲဒါက ဓါးတွေနဲ့ဝင်ဖို့လုပ်တာ ရဲ(၅)ယောက်က တားထားတယ်။ ပြီးတော့ ဒီနေ့ ၁၂-နာရီမှာ ကျောက်ဖြူကိုလည်း အကြမ်းဖက်လုပ်ရပ်တွေ လုပ်မယ်လို့သိရတယ်။ ၁၂-နာရီ ကျောက်ဖြူကို ၀င်မယ်ဆိုတာကလည်း သူတို့တွေပြောနေတဲ့ စကားကို သစ္စာရှိတဲ့ ရခိုင်တွေက ပြန်ပြောတာပါ။ အဲဒီရခိုင်တွေနဲ့က ကျွန်တော်တို့က ဘာပြဿနာမှ မရှိကြဘူး။ ဒါကြောင့် သူတို့ကြားတာကို တိုးတိုးတိတ်တိတ် လာပြောပြတာ။ ဒါကြောင့် ကျွန်တော်တို့ အရမ်းစိုးရိမ်နေကြတယ်။”လို့ ကျောက်ဖြူမြို့ခံ တစ်ဦးက M-Media ကို သတင်းပို့ပြောကြားခဲ့တာပါ။

———————————————

ကျောက်ဖြူတွင် မွတ်စလင်မ်အိမ်များကို ရခိုင်အကြမ်းဖက်များ စတင်အကြမ်းဖက် ဖျက်ဆီးနေ

အောက်တိုဘာ၊ ၂၃၊ ၂၀၁၂ (မွန်းလွဲ ၁း၀၀ နာရီ)
M-Media
သတင်း – ထွန်းတောက်

ကျောက်ဖြူမြို့ အရာရှိရပ်ကွက်တွင် အကြမ်းဖက်မှု စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကျောက်ဖြူမြို့ခံက သတင်းပေးပို့လာပါတယ်။

“အရာရှိရပ်ကွက်ကို စပြီး အကြမ်းဖက်နေပါပြီ။ အရာရှိရပ်ကွက်က ရခိုင်နဲ့ မွတ်စလင်မ်တွေ ရောနေတာပါ။ မွတ်စလင်မ်လူဦးရေ ၈၀၀-ကျော်ရှိတယ်။ အဲဒီမှာတော့ မီးမရှို့ဘူး။ အိမ်တွေကိုပဲ ဖျက်တယ်။ မနက်က စုနေတဲ့ ရခိုင်အကြမ်းဖက် (၃၀၀)လောက်က ၀ိုင်းပြီးလုပ်နေကြတာပါ။  ကျောက်ဖြူမှာက ကမန်တွေပဲရှိပါတယ်။ လွန်ခဲ့တဲ့ ၃-၄ရက်က ဒီမှာ သူတို့ ဆန္ဒပြပွဲလုပ်တယ်လေ။ အဲဒီတုန်းကတောင် အစိုးရက OIC ကို ကန့်ကွက်တာပဲ ခွင့်ပေးတယ်။ မွတ်စလင်မ်တွေနဲ့ ပတ်သက်ပြီး ပြောဆိုတာကို ခွင့်မပေးထားဘူး။ အခုတော့ အရာရှိရပ်ကွက်က မွတ်စလင်မ်အိမ်တွေကို ဖျက်နေပါပြီ။ ကျွန်တော်နေတဲ့နေရာနဲ့ ရပ်ကွက်ချင်းကပ်ရပ်ပါ။ ဒါပေမယ့် အဲဒီဘက်ကို မွတ်စလင်မ်တွေကို ပေးမသွားပါဘူး။ လမ်းတွေပိတ်ထားတယ်။ ဒါကြောင့် ဖုန်းပဲဆက်နေရတယ်။”

နောက်ဆက်တွဲသတင်း ဆက်လက်ဖော်ပြပါမည်။

Leave a Reply