5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၇၊ ၂၀၁၇
M-Media

လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းက မစ္စတာအွတ်စမန်အား သွားရောက်ဂါရပြုနေစဉ်

– စင်ကာပူနိုင်ငံကို တည်ထောင်သူများထဲမှ တစ်ဦးဖြစ်ပြီး၊ နိုင်ငံအတွက် အရေးပါသည့်အခန်းကဏ္ဍများတွင် ပါဝင်ခဲ့သူ မလေးလူမျိုး မစ္စတာ အွတ်စမန် ဝေါ့က်မှာ ယနေ့ နေ့လည်ပိုင်းတွင် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

အသက် ၉၂ နှစ်အရွယ်ရှိ မစ္စတာ အွတ်စမန်မှာ ဂျာနယ်လစ်၊ နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံရေးသမားနှင့် သံတမန်တစ်ဦးလည်းဖြစ်ပြီး စင်ကာပူအထွေထွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် “မစ္စတာ အွတ်စမန်မှာ မလေးရှားနှင့်တွဲနေသည့် စင်ကာပူ၏ အကြပ်အတည်းကာလ၊ မလေးရှားမှခွဲထွက်ပြီး လွတ်လပ်သော နိုင်ငံအဖြစ် ထူထောင်ခဲ့သည့် အချိန်တို့တွင် မစ္စတာ လီကွမ်ယုဦးဆောင်သည့် ကတ်ဘိနတ်တွင် အရေးပါသူတစ်ဦးဖြစ်သည်” ဟု ဖော်ပြထားသ
ည်။

“သူဟာ လူမျိုးစုံ၊ ဘာသာစုံရှိတဲ့ စင်ကာပူနိုင်ငံဖြစ်ဖို့ တိုက်ပွဲဝင်ရာမှာ မစ္စတာလီကို ကူညီပံ့ပို့ပေးခဲ့ပြီး၊ မစ္စတာလီရဲ့ အနီးကပ်ဆုံး ရဲဘော်ရဲဘက်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

မစ္စတာ အွတ်စမန်းမှာ ၁၉၆၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင် မလေးရှားမှခွဲထွက်ရေး စင်ကာပူ၏ လွတ်လပ်ရေးသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့သည့် ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ပြီး၊ နိုင်ငံ၏ ပထမဆုံး လူမှုရေးရာဝန်ကြီးအဖြစ် ၁၉၆၃ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ တာဝန်ထမ်းဆာင်ခဲ့သည်။

မစ္စတာအွတ်စမန် ကွယ်လွန်သွားခြင်းကြောင့် နိုင်ငံ၏ ပထမဆုံး ကတ်ဘိနတ်အဖွဲ့မှာ အသက်ရှင်ကျန်ရစ်သူမှာ ၂ ဦးသာ ရှိတော့သည်။

မစ္စတာ အွတ်စမန်၏ ကူညီမှုများတွင် နိုင်ငံ၏ အစ္စလာမ့်ရေးရာကောင်စီ (Muis)နှင့် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေး ရန်ပုံငွေအဖွဲ့ တည်ထောင်ရန် ပံ့ပိုးမှုလည်း ပါဝင်သည်။

မစ္စတာအွတ်စမန် ကွယ်လွန်မှုအတွက် ၀န်ကြီးချုပ်ရုံးမှ ထုတ်ပြန်သည့် ကြေငြာချက်

စင်ကာပူကို တည်ထောင်ခဲ့သူ ၀န်ကြီးချုပ် လီကွမ်ယုကလည်း မစ္စတာအွတ်စမန်၏ သစ္စာရှိမှုနှင့် လူမျိုးရေးအရ အခြေအနေဆိုးရွားနေသောအချိန်တွင် ၎င်းအား ခိုင်ခိုင်မာမာ ထောက်ခံမှုအတွက် ချီးကျူးခဲ့သည်။ မစ္စတာ အွတ်စမန်မှာ လီကွမ်ယူဦးဆောင်သည့် PAP ပါတီအား စင်ကာပူရှိ မလေးလူမျိုးများ ထောက်ခံမှုရရှိရန်လည်း စွမ်းဆောင်ပေးခဲ့သည်။

မလေးလူမျိုး ဖခင် ကျောင်းအုပ်ကြီး ဝေါ့က်အဟ်မဒ်နှင့် မိခင် အမ်ဘွန် မိုဟာမက်တို့မှ မွေးဖွားလာသည့် မစ္စတာ အွတ်စမန်မှာ East Coast လမ်းတွင် ရေဒီယိုပညာရှင်အဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် မလေးသတင်းစာ Utusan Melayu တွင် ဂျာနယ်လစ်ဖြစ်လာခဲ့သည်။ ထို့နောက် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်ခဲ့ပြီး လူမှုရေးရာဝန်ကြီး၊ သံအမတ် စသည့် ရာထူးများဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့သည်။

Ref : Today Online

Comments are closed.