5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၁၊ ၂၀၁၇
M-Media

– ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကမ္ဘာ့လှည့်ခရီးသွားများဖြင့် စည်ကားရာ Champs Elysees ရပ်ကွက်တွင် သေနတ်သမားတစ်ဦးက ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး ၂ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် ပြည်ထဲရေး ၀န်ကြီးဌာနက ပြောကြားလိုက်သည်။

ပြင်သစ်သမ္မတရွေးကောက်ပွဲ ပထမအကျော့ ကျင်းပရန် ၃ ရက်အလို ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်သည်ဟု IS က တာဝန်ယူခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပီယာရီ ဟင်နရီ ဘရန်ဒက်က တိုက်ခိုက်မှုမှာ ဖရန့်ကလင်း ရုစဗဲ့ ဘူတာအနီး ကမ္ဘာ့လှည့်ခရီးသွားများဖြင့် စည်ကားရာ လမ်းမတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ရပ်ထားသည့် ယာဉ်ထိန်း ရဲကားအနီးတွင် ကားတစ်စီးလာရပ်ကာ လူတစ်ယောက်ထွက်လာပြီး ပစ်ခတ်ခဲ့၍ လမ်းမအတိုင်းထွက်ပြေးသွားကြောင်း၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်သမားအား နောက်ကျောမှပစ်သတ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံအတွင်း အကြမ်းဖက် ခြိမ်းခြောက်မှုမှာ မြင့်တက်နေဆဲဖြစ်သည်ဟု ဆိုသည်။

ပဲရစ်တရားရုံးက သေနတ်သမား မည်သူမည်ဝါဖြစ်သည်ကို သိရှိပြီးဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ရဲတပ်ဖွဲ့မှာ အခြား ဒုတိယသံသယရှိသူတစ်ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားပြီး ၎င်းမှာ ဘယ်လ်ဂျီယံမှ ပြင်သစ်သို့ ရထားဖြင့် ရောက်ရှိလာသူဖြစ်သည်။ လက်ရှိတွင် ထိုကိစ္စအား အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

ပြင်သစ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်ကတည်းက အရေးပေါ်အခြေအနေ ကြေငြာထားရပြီး၊ လွန်ခဲ့သည့် ၂ နှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူ ၂၃၀ ကျော် သေဆုံးခဲ့သည်။

Ref: Aljazeera

Tags:

Comments are closed.