6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၆၊ ၂၀၁၇
M-Media

– အင်ဒိုနီးရှားနိုင်ငံက ဆူမားတြားကျွန်း ရီအူပြည်နယ် ပကန်ဘာရူးရှိ အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၂၀၀ ခန့်မှာ ယမန်နေ့က ထောင်ဖောက် ထွက်ပြေးခဲ့ကြသည်ဟု သိရသည်။

အကျဉ်းထောင်အတွင်းရှိ ဗလီ၌ သောကြာနေ့ဝတ်ပြုရန် ၎င်းတို့အား အချုပ်ခန်းများမှ ထုတ်ပေးခဲ့ပြီးနောက် ဂိတ်ပေါက်ဝကို ဖျက်ဆီးကာ ထိုကဲ့သို့ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

ရီအူရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂန်တာရ် အာရ်ယို တီဂျိုက ထွက်ပြေးသွားသူ အကျဉ်းသား ၂၀၀ နီးပါးတွင် ၇၇ ဦးကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ဒေသတွင်း ဥပဒေရေးရာ ၀န်ကြီးဌာနရုံး၏ အကြီးအကဲ ဖာဒီနန် ဆိုင်ဂီယန်က အဆိုပါ အကျဉ်းထောင်မှ အကျဉ်းသားများမှာ နေထိုင်မှုဆိုးရွားခြင်း၊ အစောင့်များက အကြမ်းဖက်ခြင်းတို့ ရှိသည်ဟု ပြောကြားမှုများလည်း ရှိကြောင်း ဖွင့်ဟခဲ့သည်။

အကျဉ်းထောင်မှာ အကျဉ်းသား ၇၀၀ အထိသာ ဆန့်သော်လည်း ၁၈၀၀ အထိ ထားရှိထားသည်ဟု တီဂျိုက ထည့်သွင်းပြောဆိုခဲ့သည်။

Ref: CNA

Tags:

Comments are closed.