5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၁၊ ၂၀၁၇
M-Media

– အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် မွတ်စလင်အများစုရှိရာ နိုင်ငံများမှ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတစ်ခုကို ကျင်းပပြုလုပ်ရန်အတွက် ဆော်ဒီဘုရင် ဆလ်မန်က ဂျော်ဒန်ဘုရင် အဘ်ဒူလာ၊ အလ်ဂျီးရီးယား သမ္မတ အဘ်ဒဲလ်အဇစ် ဘူတီဖလီကာနှင့် နိုင်ဂျာသမ္မတ မဟာမာဒူ အီဆူဖူတို့အား ဖိတ်ကြားထားသည်ဟု သိရသည်။

အဆိုပါ အာရပ်-အစ္စလာမ်-အမေရိကန် ထိပ်သီးအစည်းအဝေးပွဲကို ဒေါ်နယ်ထရမ့် ဆော်ဒီသို့ လာရောက်ကာ ဆွေးနွေးမှုများ ပြုလုပ်မည့် မေလ ၂၀-၂၁ ရက်နေ့များတွင် ကျင်းပရန် ရှိနေသည်။

ထရမ့်မှာ အစ္စလာမ်ကြောက်ရောဂါကို မီးထိုးပေးနေသည်ဟု မကြာခဏ စွပ်စွဲမှုများကို ခံနေရသော်လည်း အကြံပေးများက ၎င်း၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ဆော်ဒီသို့ လာရောက်ရန် ဆုံးဖြတ်ချက်မှာ မွတ်စလင်ကမ္ဘာနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရီယာ့ဒ်တွင် ထရမ့်နှင့် ပယ်လယ်ကွေ့ ၆ နိုင်ငံမှ ခေါင်းဆောင်များ သီးခြားတွေ့ဆုံရန် ရှိနေပြီး ဆော်ဒီနှင့် အမေရိကန်တို့အကြား နှစ်နိုင်ငံ ဆွေးနွေးမှုလည်း ပြုလုပ်သွားမည်ဟု ဆော်ဒီ နိုင်ငံခြားရေ၀န်ကြီး အလ်ဒဲလ် အလ်-ဂျူဘီးရ်က ပြောကြားခဲ့သည်။

ဂျော်ဒန်၊ အလ်ဂျီးရီးယားနှင့် နိုင်ဂျာနိုင်ငံတို့မှ ခေါင်းဆောင်များအပါအ၀င် ဆော်ဒီဘုရင် ဆလ်မန်မှာ ယီမင်သမ္မတ အဘီဒရာဘို မန်ဆူရ် ဟာဒီ၊ မော်ရိုကိုဘုရင် မိုဟာမက် ၅၊ တူရကီ၊ ပါကစ္စတန်၊ အီရတ်၊ တူနီးရှား နိုင်ငံများမှ ခေါင်းဆောင်များကိုလည်း ဖိတ်ကြားထားသည်ဟု Saudi Press Angency သတင်းဌာနနှင့် Arab News သတင်းဌာနတို့က ဖော်ပြခဲ့သည်။

ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးက ထရမ့်အနေဖြင့် ဆော်ဒီသို့ ပထမဆုံး လာရောက်မှုမှာ အမေရိကန်နှင့် အာရပ်နိုင်ငံများ၊ အစ္စလာမ်နိုင်ငံများမှာ မိတ်ဖက်ဖြစ်နိုင်သည်ကို ရှင်းရှင်းလင်းလင်း သတင်းစကားပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒတွေကို တိုက်ဖျက်ရာမှာ အမေရိကန်၊ အာရပ်နိုင်ငံတွေနဲ့ အစ္စလာမ်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြီးတော့ ဒီ လည်ပတ်မှုဟာ ဒေသတွင်းနဲ့ ကမ္ဘာကြီးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာပါ”

Ref: Alarabiya

Comments are closed.