5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၃၊ ၂၀၁၇
M-Media

– အမေရိကန်အပေါ် ဈေးကွက်မှုခိုနေရမှုကို လျှော့ချရေးအတွက် မက္ကဆီကိုရှိ အသားထုတ်လုပ်ရေးလုပ်ငန်းများမှာ မွတ်စလင်နိုင်ငံများရှိ ဈေးကွက်ကို အာရုံစိုက်လာကြသည်ဟု သိရသည်။

သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်နှင့် မက္ကဆီကိုအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နိုင်ချေ အလားအလာ ရှိနေပြီး ထရမ့်က အမေရိကန် အကျိုးပိုမိုဖြစ်ထွန်းရန်အတွက် မက္ကဆီကို၊ ကနေဒါနိုင်ငံတို့နှင့် ကုန်သွယ်ရေးစည်းမျဉ်းများကို ပြန်လည်ပြင်ဆင်မည်ဟု ပြောကြားထားသည်။

ထို့ကြောင့် မက္ကဆီကိုရှိ အသားထုတ်လုပ်သူများမှာ ကန်ဒေါ်လာ ၁.၆ ဘီလီယံဖို့ရှိပြီး စုစုပေါင်း အသားထုတ်လုပ်မှု ၉၄ ရာခိုင်နှုန်းကို တင်ပို့နေရသည့် အဓိကဈေးကွက် အမေရိကန်ကို ကျော်လွန်ကာ နိုင်ငံခြားဈေးကွက်များကို ရှာဖွေရန် အရှိန်မြှင့်လာကြသည်။

မက္ကဆီကိုရှိ အသားလုပ်ငန်းများမှာ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို ၃ နိုင်ငံအကြား မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် ပြန်လည်ညှိနှိုင်းတွေးနွေးမည်ကို စိုးရိမ်နေပြီး၊ ဟာလာလ် နည်းစနစ်များနှင့်အညီ အသားထုတ်လုပ်ကာ အသားတင်သွင်းမှုအများဆုံးဖြစ်သော အရှေ့အလယ်ပိုင်းသို့ တင်ပို့ချင်နေကြသည်။

မက္ကဆီကိုမှာ ကမ္ဘာပေါ်တွင် အသားထုတ်လုပ်မှုအများဆုံး နိုင်ငံများစာရင်း၌ အဆင့် ၆ နေရာ ရှိနေပြီး ၂၀၁၈ ခုနှစ်တွင် ဟာလာလ်အသား တင်ပို့မှုကို တစ်နှစ်လျှင် တန်ပေါင်း ၂ သောင်းအထိ ရှိလာရန် စီစဉ်ထားသည်။ လက်ရှိတွင် တစ်နှစ် တန် ၅၀၀၀ သာ တင်ပို့နိုင်သည်ဟု မက္ကဆီကို ကျွဲနွား မွေးမြူရေးအသင်း AMEG က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်အကုန်အထိ မက္ကဆီကိုနိုင်ငံတွင် ဟာလာလ်အသိအမှတ်ပြုလက်မှတ် ရထားသည့် အသားလုပ်ငန်းမှာ ၁၅ ခုသာ ရှိသည်။

Ref: Cattelnetwork

Tags:

Comments are closed.